ကမ္ဘာတစ်ဝှမ်းလုံးမှာ Covid-19 ကူးစက်ခံရသူ တစ်သန်းပြည့်သွားပြီလို့ သိရပါတယ်။ အယောက်တစ်သန်းမှာ စပိန်၊ အီတလီ၊ UK စတဲ့ နိုင်ငံတွေက ကူးစက်မှုအများဆုံးဖြစ်ပြီး သေဆုံးသူ (၅၀,၀၀၀) ကျော်ရှိနေပါပြီ။ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ခန့်မှန်းချက်အရ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ပြန့်ပွားမှုနဲ့ စပိန်နဲ့ အီတလီမှာ သေဆုံးနှုန်းမြင့်တက်လာတာကြောင့် အယောက်တစ်သန်းကျော်ထိ ရှိလာခဲ့တာပါ။

ကမ္ဘာတစ်ဝှမ်းလုံးမှာ Covid-19 ကူးစက်ခံရသူ တစ်သန်းပြည့်သွားပြီလို့ သိရပါတယ် (Photo by dailymail)
ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူ (၅၂,၀၀၀) ကျော်ရှိနေပြီး အဲဒီထဲ အများစုက အီတလီနိုင်ငံသားတွေဖြစ်ကြပါတယ်။ အမေရိကန်နဲ့ စပိန်ကတော့ အီလတီနောက်မှာ ကူးစက်ခံရမှုအများဆုံး ဒုတိယနိုင်ငံတွေအဖြစ် ရှိနေပါတယ်။ ကူးစက်နှုန်းက အရမ်းမြန်ဆန်နေပြီး (၅၅)ရက်အတွင်းမှာ အယောက် (၁)သိန်း ကူးစက်ခံရကာ (၇၆)ရက် အကြာမှာတော့ ကူးစက်ခံရသူ အယောက်(၅)သိန်းကျော်သွားပြီဖြစ်ပါတယ်။ ကူးစက်ခံရသူဦးရေ နှစ်ဆနှုန်းဖြစ်တာကြောင့်လည်း အခုချိန်မှာ လူဦးရေ တစ်သန်းကျော်သွားတာ ဖြစ်ပါတယ်။

တကမ္ဘာလုံးရဲ့ သေဆုံးသူ (၅)ရာခိုင်နှုန်းကျော်ဟာ UK,US နဲ့ စပိန်တို့ဖြစ် (Photo by dailymail)
ကြာသာပတေးနေ့မှာ ထုတ်ပြန်ကြေငြာခဲ့တဲ့ သတင်းအရ ယခင်နေ့တွေထက် အခုအချိန်မှာ တစ်ရက် (၁၀)ရာခိုင်နှုန်းခန့် ကူးစက်ခံနေရပါတယ်။ တရုတ်နိုင်ငံ ပြင်ပ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အရေအတွက် ပထမဆုံးအကြိမ် (၂)ဆ အထိ ရောက်ပါလာခဲ့တာပါ။

အစားအသောက်နဲ့ ဆေးဝါးတို့ကိုတော့ အပြင်ထွက် ဝယ်ယူနိုင်ပြီး အလုပ်ကို အိမ်မှာပဲလုပ်ဖို့ တိုက်တွန်းကြပါတယ် (Photo by dailymail)
နိုင်ငံပေါင်း (၁၁၇)ခုမှာ ရောဂါကူးစက်ခံရတဲ့နိုင်ငံ (၁၀၀)ကျော်ရှိပြီး အဲဒီထဲက အဓိကကူးစက်ပြန့်ပွားနှုန်းမြင့်တက်နေတဲ့ နိုင်ငံကတော့ ဥရောပ (၇)နိုင်ငံပါ။ တကမ္ဘာလုံးရဲ့ သေဆုံးသူ (၅)ရာခိုင်နှုန်းကျော်ဟာ UK,US နဲ့ စပိန်တို့ဖြစ်ပြီး လက်ရှိအခြေအနေမှာလည်း ကူစက်ခံရသူ၊ သေဆုံးသူ မြင့်တက်နေတယ်လို့ ထုတ်ပြန်ကြေငြာချက်တွေအရ သိရပါတယ်။

အာဖရိကနိုင်ငံတွေဖြစ်တဲ့ မော်ရိုကိုနဲ့ တောင်အာဖရိကတို့မှာလည်း Covid-19 နဲ့ ပတ်သက်တဲ့ ကာကွယ်မှုတွေ ပြုလုပ်နေကြပါတယ် (Photo by dailymail)
နိုင်ငံပေါင်း (၄၉)နိုင်ငံက လူပေါင်း (၂.၇၈)ဘီလီယမ်ဟာ အိမ်ထဲမှာပဲ နေထိုင်နေရပါတယ်။ ဥရောပနိုင်ငံတွေဖြစ်တဲ့ UK၊ စပိန်၊ အီတလီ စတဲ့နိုင်ငံတွေမှာ အပြင်မထွက်ဖို့ ကန့်သတ်ထားပြီး အာရှမှာတော့ နီပေါ၊ သီရီလင်္ကာနဲ့ အိန္ဒိယတို့မှာလည်း အပြင်မထွက်ရတဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ အာဖရိကနိုင်ငံတွေဖြစ်တဲ့ မော်ရိုကိုနဲ့ တောင်အာဖရိကတို့မှာလည်း Covid-19 နဲ့ ပတ်သက်တဲ့ ကာကွယ်မှုတွေ ပြုလုပ်နေကြပါတယ်။ Eritrea နိုင်ငံမှာတော့ (၂၁)ရက်တိတိ အိမ်ထဲမှာနေဖို့ အမိန့်ထုတ်ထားပါတယ်။ အစားအသောက်နဲ့ ဆေးဝါးတို့ကိုတော့ အပြင်ထွက် ဝယ်ယူနိုင်ပြီး အလုပ်ကို အိမ်မှာပဲလုပ်ဖို့ တိုက်တွန်းကြပါတယ်။ စည်းကမ်းမလိုက်နာရင် ငွေဒဏ်နဲ့ ဖမ်းဆီးတာတွေ လုပ်ပါတယ်။ ကင်ညာ၊ အီဂျစ်၊ ဆိုမာလီ၊ ချီလီ၊ ပနားမားနဲ့ Puerto Rico နိုင်ငံတွေမှာတော့ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။
dailymail.uk မှ ကူးယူဖော်ပြထားပါသည်
Comments