Covid-19 ကူးစက်ရောဂါ မရှိသေးတဲ့ နိုင်ငံများ

by: Khin Nyein Lwin
 0 comments  0 love

ကျွန်းနိုင်ငံအချို့မှာတော့ Covid-19 မရှိတာကို အတည်ပြုပေးခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားဦးရေ နည်းတာကြောင့် ကူးစက်ပြန့်ပွားခြင်းမရှိတာလို့ ဆိုပါတယ်

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၂)ရက်နေ့က Covid-19 ကို တစ်ကမ္ဘာလုံးဆိုင်ရာ ရောဂါပြဿနာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ Covid-19 ကို တရုတ်ပြည်မှာ စတင်ဖြစ်ပွားပြီး အခုချိန်မှာတော့ ကမ္ဘာနဲ့အဝှမ်း ကူးစက်ပြန့်ပွားနှုန်း မြင့်တက်နေပါတယ်။

Covid-19 ကို တရုတ်ပြည်မှာ စတင်ဖြစ်ပွားပြီး အခုချိန်မှာတော့ ကမ္ဘာနဲ့အဝှမ်း ကူးစက်ပြန့်ပွားနှုန်း မြင့်တက်နေပါတယ် (Photo by Bloomberg)

Covid-19 ကူးစက်ခံရသူ တစ်သန်းကျော်သွားပြီဖြစ်ပြီး အခုလတ်တလောကူးစက်ခံရတဲ့ နိုင်ငံကတော့ နီပေါနဲ့ Nicaragua နိုင်ငံတို့ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကူးစက်ပြန့်ပွားမှု မြင့်တက်နေတာနဲ့အတူ ဆေးရုံတွေမှာလည်း ကူးစက်ခံရသူတွေ ပြည့်နေပါတယ်။ သေဆုံးသူတွေလည်း များလာပါတယ်။ Johns Hopkins တက္ကသိုလ်ရဲ့ အစီရင်ခံစာထဲမှာတော့ Covid-19 နဲ့ ပတ်သက်တဲ့ သတင်းတွေ မရရှိသေးတဲ့ နိုင်ငံတွေရှိနေပါတယ်။ တိတိကျကျ သတင်းမရတာကြောင့် Covid-19 ကူးစက်ပြန့်ပွားတာ မရှိဘူးလို့ အကြမ်းဖြင်း သတ်မှတ်နိုင်ပါတယ်။အဲဒီနိုင်ငံတွေကတော့

(၁) Comoros

(၂) Kiribati

(၃) Lesotho

(၄)  Marshall Islands

(၅)  Micronesia

(၆)  Nauru

(၇) မြောက်ကိုရီးယား

(၈)  Palau

(၉) Samoa

ကာကွယ်တာ‌တွေပြုလုပ်ကြပါတယ် (Photo by Vox)

(၁၀) Sao Tome and Principe

(၁၁) Solomon Islands

(၁၂)  တောင်ဆူဒန်

(၁၃)  Tajikistan

(၁၄) Tonga

(၁၅) Turkmenistan

(၁၆) Tuvalu

(၁၇)  Vanuatuနဲ့

(၁၈) ယီမင် နိုင်ငံတို့ပါ။

မြောက်ကိုရီးယားနဲ့ ယီမင်နိုင်ငံတို့ကတော့ သတင်းအချက်အလက် တိတိကျကျသိဖို့ မလွယ်တာကြောင့် Covid-19 မရှိဘူးလို့ တိတိကျကျ မသိရပါဘူး။ ကုလသမ္မဂ သွားရောက်စစ်ဆေးခဲ့တဲ့ ကျွန်းနိုင်ငံအချို့မှာတော့ Covid-19 မရှိတာကို အတည်ပြုပေးခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားဦးရေ နည်းတာကြောင့် ကူးစက်ပြန့်ပွားခြင်းမရှိတာလို့ ဆိုပါတယ်။ တချို့ကျွန်းတွေက ဝေးလံတယ် နောက်ပြီး စည်းကမ်းတွေ တင်းကျပ်ထားလို့ ကမ္ဘာလှည့်ခရီးသွားတွေ မလာကြတာပါ။

bbc.co.uk မှ ကူးယူဖော်ပြထားပါသည်

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: COVID-19


Comments

0 comments
Latest video
Refer to more useful articles