နန်းမြတ်ဖြိုးသင်းတို့ဇနီးမောင်နှံရဲ့ သားဦးလေးခွန်ဘုန်းသုဒ္ဓ ရက်တစ်ရာပြည့်

by: Khin Nyein Lwin
 0 comments  0 love

သားဦးလေးခွန်ဘုန်းသုဒ္ဓ ရက်တစ်ရာပြည့်မှကနေပြီး အသက်ရာကျော်ရှည်ပြီး လိမ္မာယဉ်ကျေးတဲ့ သားကောင်းရတနာလေး ဖြစ်ပါစေလို့ Kalay မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

အဆိုတော်နှင့်သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ မကြာသေးခင်ကမှ သားဦးလေးကို မွေးဖွားထားတဲ့ မိခင်လောင်းအသစ်စက်စက်လေး ဖြစ်ပါတယ်။ အခုဆိုရင်တော့ သားဦးလေးက မွေးဖွားခဲ့တာ ရက်ပေါင်း (၁၀၀) ပြည့်သွားပါပြီနော်။

ဒါကြောင့် ဖေဖေ၊ မေမေတို့က

သားလေး JackJack ရက် (၁၀ဝ) ပြည့်ပါပြီ။
“ခွန်ဘုန်းသုဒ္ဓ” ဟုနာမည်ခေါ်တွင်စေ💙
ခွန် ဆိုတာပအိုဝ်းလို မောင် လို့ဆိုလိုတာပါ
ဘုန်း ဆိုတာတော့ဘုန်းကံ၊ သုဒ္ဓ ဆိုတာကတော့ ဖြူစင်ပြီးသန့်ရှင်းသောဆိုတဲ့အနက်အဓိပ္ပါယ်ပါ။
ဖေဖေနဲ့ရုပ်ချင်းချွတ်စွတ် မေမေနဲ့မျိုးရိုးနာမည်တူ။ ဖေဖေမေမေတို့ရဲ့သားဦးရတနာလေး

ဆိုပြီး စာသားလေးတွေနဲ့အတူ  မွေးနေ့ပွဲလေးပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို အခုလို မျှဝေထားတာ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ဇနီးမောင်နှံရဲ့ သားဦးလေးခွန်ဘုန်းသုဒ္ဓ ရက်တစ်ရာပြည့်မှကနေပြီး အသက်ရာကျော်ရှည်ပြီး လိမ္မာယဉ်ကျေးတဲ့ သားကောင်းရတနာလေး ဖြစ်ပါစေလို့ Kalay မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Photo Credit : Nan Myat Phyo Thin’s Facebook

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x