အဖေတူသမီးလေးမို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံ

by: Khin Nyein Lwin
 0 comments  0 love

အဖေတူသမီးလေး နူတ်ခမ်းနှာခေါင်းတွေက မျက်နှာကိုလက်နဲ့ ကွယ်လိုက်ခြေထောက်နဲ့ ကွယ်လိုက်နဲ့ မနည်းရိုက်ရတယ်

မကြာခင်မှာ သမီးဦးလေး မွေးဖွားတော့မယ့် အဆိုတော် စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံက သမီးလေးမျက်နှာကို ကြိုတင်မြင်ရဖို့ ultrasound ရိုက်ခဲ့တဲ့ ပုံရိပ်လေးများကို သူမရဲ့Facebook စာမျက်နှာမှာ ပရိသတ်များအတွက် ဝေမျှထားခဲ့ပါတယ်။

အဖေတူသမီးလေး နူတ်ခမ်းနှာခေါင်းတွေက😍
မျက်နှာကိုလက်နဲ့ ကွယ်လိုက်ခြေထောက်နဲ့ ကွယ်လိုက်နဲ့ မနည်းရိုက်ရတယ်

စိတ်ရှည်လက်ရှည်ရိုက်ပေးတဲ့ဆရာမကိုကျေးဇူးအများကြီးတင်ပါတယ်
အပေါ်နူတ်ခမ်းကတော့အမေတူသလားလို့ 😍

အခုဆို ကိုယ်ဝန်ပတ် (၂၉) ပတ်ရှိပြီဖြစ်တဲ့ အဆိုတော်စန္ဒီမြင့်လွင်က နောက်မကြာခင်ဆိုသမီးဦးလေး မွေးဖွားလာတော့မှာ ဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့လည်း သိရပါတယ်။

Photo Credit & Source : Sandy Myint Lwin Facebook

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x