ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့အဆိုတော် Ah Boyရဲ့ ဇနီး မြတ်ရတနာကျော်

by: Phyo Pyae Thu
 0 comments  0 love

အဆိုတော် Ah Boy နဲ့ ဇနီး မြတ်ရတနာကျော်တို့ကတော့ သားလေးလား/သမီးလေးလား မသိရသေးပေမယ့် ကျန်းမာတဲ့ ရင်သွေးလေး လွယ်ထားရပြီလို့ Ah Boy ကပြောထားပါတယ်။

အဆိုတော် Ah Boy နဲ့ ဇနီး မြတ်ရတနာကျော်တို့ကတော့ ပြီးပြည့်စုံတဲ့ မိသားစုကမ္ဘာလေး ဖြစ်ဖို့အတွက် နီးစပ်လာပါပြီ။ ဘာလို့လဲဆိုတော့ ဇနီးချောလေး မြတ်ရတနာကျော်မှာ ရင်သွေးလေး လွယ်ထားရလို့ပါပဲ။ ရင်သွေးလေး လွယ်ထားရတာနဲ့ ပတ်သက်ပြီး အဆိုတော် Ah Boy က သူ့ရဲ့ facebook အကောင့်မှာ အခုလိုပဲ တင်ထားခဲ့ပါတယ်။

“ဒီနေ့ ကျနော်တို့ နှစ်ယောက်အရမ်း စိတ်လှုပ်ရှားပြီး ပျော်ခဲ့ကြတဲ့နေ့လေးတစ်ရက်ပါပဲ။ သားသားလေးလား… မီးမီးလေးလား အခုချိန်မသိရသေးပေမယ့်… ဗိုက်ထဲမှာ ကလေးလေး ကျန်းကျန်းမာမာရှိနေတာကိုတွေ့လိုက်ရလို့ အရမ်းဝမ်းသာပြီး ပျော်ခဲ့ကြတယ်။ အစစ အရာရာ သေချာရှင်းပြပြီး ဂရုစိုက်ပေးတဲ့ Bangkok Hospital မှ Dr. Kittikhan ကိုအထူးကျေးဇူးတင်သလို… အခုလိုခရီးသွားတဲ့အချိန်မှာ အလွယ်တကူ သယ်ယူလာပြီး ဆေးရုံဖိုး၊ ဟိုတယ်ဖိုးတွေကို အဆင်ပြေစွာရှင်းနိုင်တဲ့ AGD Union Pay Card ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုထားပါတယ်။

 

From Kalay with

Tag: Celebritynew

Comments

0 comments
Latest video