သရုပ်​​ဆောင်​သဉ္ဇာနွယ်​ဝင်းသား​လေး Peach Lay ရဲ့ (၁)နှစ်ပြည့်မွေးနေ့မင်္ဂလာ

by: Nang Htwe
 0 comments  0 love

မိဘကို လုပ်ကျွေးပြုစုနိုင်တဲ့ သားကောင်းရတနာလေးဖြစ်ပါစေလို့  Kalay ကနေ ဆုတောင်းပေးလိုက်ပါတယ်

ကိုလှမျိုးမြင့်​နဲ့ သရုပ်​​ဆောင်​ သဉ္ဇာနွယ်​ဝင်း တို့သား​လေး Peach Lay  ရဲ့(၁)နှစ်ပြည့် မွေးနေ့ပွဲကို နိုဝင်ဘာလ (၇)ရက်နေ့  ညနေ(၆)နာရီခွဲအချိန် Hot Pot City Ahlone  မှာ အနုပညာရှင်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

သရုပ်ဆောင် သဉ္ဇာနွယ်​ဝင်း မှလည်း တက်ရောက်လာခဲ့သူတွေကို သူမရဲ့ facebook စာမျက်နှာမှာ အခုလို ကျေးဇူးတင်စကားပြောထားပါတယ်။

ဒီနေ့ သားလေးရဲ့ မွေးနေ့ပွဲကို တက်ရောက်ပေးကြတဲ့ သူတစ်ဦးတစ်ယောက်စီကိုကျေးဇူးအရမ်းတင်ပါတယ် ဧည့်ဝတ်မကျေပွန်တာများရှိခဲ့ရင် ခွင့်လွတ်နားလည်ပေးကြပါနော်။ အားလုံးတက်ညီလက်ညီနဲ့ Peach Lay ရဲ့မွေးနေ့ပွဲလေးကို ဝိုင်းဝန်းပေးကြလို့ အရမ်းကို တန်ဖိုးရှိတဲ့ ညလေးဖြစ်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ အစအဆုံး ပွဲကိုလှပအောင်စီစဉ်ပေးတဲ့ MY DREAM One Stop Wedding Service မှ အကိုနဲ့အမ ၊ အဖွဲ့သားများ အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။

ချစ်စရာကောင်းတဲ့ သားသား Peach Lay (၁)နှစ်ပြည့်မွေးနေ့မှသည် ဆန္ဒနဲ့ ဘဝထပ်တူကျပြီး မိဘကို လုပ်ကျွေးပြုစုနိုင်တဲ့ သားကောင်းရတနာလေးဖြစ်ပါစေလို့  Kalay ကနေ ဆုတောင်းပေးလိုက်ပါတယ်။

From Kalay with


Comments

0 comments
Latest video