
မေမေဖေဖေတို့က သားသားမီးမီးလေးတွေရဲ့ လက်ကလေးတွေကို ကိုင်ပြီး မတ်တပ်ရပ်ပေးနိုင်ပါတယ်
သားသားမီးမီးလေးတွေဟာ အသက်(၁၀)လ ကျော်လာရင် လေးဖက်စသွားပြီး နောက်မကြာမီမှာပဲ မတ်တပ်ရပ်ဖို့ ကြိုးစားလာပါတယ်။ သားသားမီးမီးလေးတွေ မတ်တပ်ရပ်တော့မယ်ဆိုရင် မေမေဖေဖေတို့ ပြုလုပ်ပေးရမှာကတော့ ကြမ်းပြင် သန့်ရှင်းရေးပါပဲ။ သားသားမီးမီးလေးတွေ အန္တရာယ်ကင်းကင်းနဲ့ မတ်တပ်ရပ်နိုင်ဖို့အတွက် မေမေဖေဖေတို့က အန္တရာယ်ဖြစ်စေမယ့် ပစ္စည်းတွေကို ဖယ်ရှားပေးထားဖို့ လိုပါတယ်။
အေးတဲ့ရာသီ မဟုတ်ဘူး ဆိုရင်တော့ သားသားမီးမီးလေးတွေကို ဖိနပ်မစီးပေးပါနဲ့ဦး။ မတ်တပ်ရပ်ခါစ သားသားမီးမီးလေးတွေ ဖိနပ်စီးပေးလိုက်မယ်ဆိုရင် လှုပ်ရှားနိုင်တာတွေကို အနှောက်အယှက်လို ဖြစ်သွားစေပါတယ်။ အေးတဲ့ရာသီတွေမှာတော့ စီးပေးထားပါနော်။

အသက်(၁၀)လ ကျော်လာရင် လေးဖက်စသွားပြီး နောက်မကြာမီမှာပဲ မတ်တပ်ရပ်ဖို့ ကြိုးစားလာပါတယ်
သားသားမီးမီလေးတွေကို ခြေချောင်းလေးတွေ လွတ်လွတ်လပ်လပ် ရှိစေမယ့်
ပေါ့ပါးတဲ့ ဖိနပ်လေးတွေ စီးပေးပါ။ မာလွန်းတဲ့ ဖိနပ် သို့မဟုတ် ပျော့လွန်းတဲ့ ဖိနပ်တွေကို ရှောင်ရှားပေးပါနော်။ လေဝင်လေထွက်ကောင်းစေမယ့် ဖိနပ်တွေကို ရွေးချယ်ပေးပါ။ ဆောင်းရာသီမှာ ဆိုရင်တော့ ခြေအိတ်လေးတွေ ဝတ်ပေးထားပါ။ ကြမ်းပြင်က အေးနိုင်တာကြောင့် ခြေအိပ်လေးတွေက သားသားမီးမီးလေးတွေရဲ့ ခြေထောက်လေးတွေကို နွေးထွေးစေပါတယ်။
သားသားမီးမီးလေးတွေ အတွက် ဖိနပ်ဝယ်တဲ့အခါမှာ ဈေးကြီးလွန်းတဲ့ ဖိနပ်တွေကို ဝယ်မပေးသင့်သေးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လေးတွေရဲ့ ခြေထောက်လေးတွေဟာ နောက်တစ်လကြရင် အရင်လက ဝယ်ထားတဲ့ ဖိနပ်ကို စီးလို့ရမှာ မဟုတ်တော့လို့ပါပဲ။
သားသားမီးမီးလေးတွေ မတ်တပ်ရပ်တော့မယ်ဆိုရင်
ခိုင်မြဲတဲ့ စားပွဲ သို့မဟုတ် ပရိဘောဂ တွေကိုအမှီအခိုပြုတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း မေမေဖေဖေတို့က သားသားမီးမီးလေးတွေရဲ့ လက်ကလေးတွေကို ကိုင်ပြီး မတ်တပ်ရပ်ပေးနိုင်ပါတယ်။ သူတို့လေးတွေ မတ်တပ်ရပ်တဲ့အခါမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို ဖယ်ရှားပေးထားပါ။ လှေကားထစ် တွေကို တံခါးပိတ်ထားပေးပါ။ သားသားမီးမီးလေးတွေဟာ မတ်တပ်ရပ်ရင်းနဲ့ တဖြည်းဖြည်း လမ်းလျှောက်လာတတ်တာကို မေမေဖေဖေတို့ တွေ့ရမှာပါ။
Comments