သားသားမီးမီးလေးတွေ အသံကို ဘယ်အချိန်မှာ စတင်ကြားတာလဲ

by: Nang Htwe
 0 comments  0 love

သားသားမီးမီးလေးတွေရဲ့ အကြားအာရုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မေမေဖေဖေတို့ရဲ့ဂရုစိုက်စောင့်ရှောက်မှု အပြည့်အဝလိုအပ်ကြောင်းကို  Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

သားသားမီးမီးလေးတွေရဲ့ အကြားအာရုံက မေမေတို့ရဲ့ ဗိုက်ထဲမှာကတည်းက ဖွံ့ဖြိုးလာခဲ့ပါတယ်။ မေမေတို့ကိုယ်ဝန်ဆောင်စဉ်က သားသားမီးမီးလေးတွေကို သီချင်းဆိုပြတာနဲ့ စကားပြောတာတွေကို သူတို့လေးတွေက ကြားနေရပါတယ်။ သားသားမီးမီးလေးတွေ အသက်အရွယ်ကြီးလာတာနဲ့ ပတ်ဝန်းကျင်က အသံတွေကို ပိုပြီးနားစွင့်လာပါတယ်။ အသက်(၁)လပြည့်ပြီးတဲ့အချိန်မှာတော့ သားသားမီးမီးလေးတွေရဲ့ အကြားအာရုံက အလုံးစုံဖွံ့ဖြိုးပြီးပါပြီ။ သားသားမီးမီးလေးတွေရဲ့ အကြားအာရုံက အပြည့်အစုံဖွံ့ဖြိုးသော်လည်း ပြန်လည်တန့်ပြန်ဖို့ကတော့ အချိန်တော်တော်ကြာကြာယူရပါတယ်။

သားသားမီးမီးလေးတွေရဲ့ အကြားအာရုံက မေမေတို့ရဲ့ ဗိုက်ထဲမှာကတည်းက ဖွံ့ဖြိုးလာခဲ့ပါတယ် (Photo by EDM)

သားသားမီးမီးလေးတွေမှာ အကြားအာရုံဘယ်လို ဖွံ့ဖြိုးလာတာလဲ

 မွေးကင်းစ

မွေးဖွားပြီး မကြာမီအချိန်မှာ ပတ်ဝန်းကျင်က အသံတွေကို စတင်ကြားနေရပါပြီ။ သားသားမီးမီးလေးတွေက ပတ်ဝန်းကျင်အသံတွေကို ကြိုးစားပြီး နားထောင်ကြပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို သူတို့လေးတွေက ကျယ်လောင်စွာ ပြန်လည်တုန့်ပြန်ပါတယ်။

 သုံးလပတ်ဝန်းကျင်

အသက်(၃)လဝန်းကျင်မှာ မေမေဖေဖေတို့က သူတို့လေးတွေရဲ့ နာမည်ခေါ်လိုက်တဲ့အခါ အသံကြားရာနေရာကို လိုက်ပြီး ရှာတတ်ကြပါတယ်။ သားသားမီးမီးလေးတွေက အသံကို ကြားရတဲ့အတွက် ပြန်လည်တုန့်ပြန်မှုတစ်ခု ပြုလုပ်တာပါ။ သားသားမီးမီးလေးတွေက ပတ်ဝန်းကျင်ကအသံတွေကိုတောင် ပြန်လည်တုန့်ပြန်နိုင်စွမ်းတွေ ရှိပါတယ်။ သားသားမီးမီးလေးတွေက မေမေဖေဖေတို့ကို စကားပြောနိုင်အောင် ကြိုးစားကြပါတယ်။ စကားလုံးတော်တော်များများကိုတော့ သူတို့လေးတွေက ကြားပေမယ့်လည်း နားမလည်တဲ့အတွက် တုန့်ပြန်မှု မပြုလုပ်ခြင်းပါ။

 လေးလပတ်ဝန်းကျင်

အသက်(၄)လဝန်းကျင်မှာ သားသားမီးမီးလေးတွေက မေမေဖေဖေတို့ရဲ့ အသံထက် ပတ်ဝန်းကျင်က အသံလာရာနေရာတွေကို ပိုပြီးရှာဖွေကြပါတယ်။

 ဆယ့်နှစ်လပတ်ဝန်းကျင်

အသက်(၁၂)လမှာတော့ သားသားမီးမီးလေးတွေက သူတို့လေးတွေ ကြိုက်နှစ်သက်တဲ့ သီချင်းအသံလေးတွေကို မှတ်မိနေပါပြီ။

သားသားမီးမီးလေးတွေ အိပ်ယာဝင်တဲ့အခါမှာ သီချင်းဆိုပြီး ချော့သိပ်ပေးပါ (Photo by Shutterstock)

သားသားမီးမီးလေးတွေရဲ့ အကြားအာရုံပိုမိုဖွံ့ဖြိုးလာအောင် မေမေဖေဖေတို့ ဘယ်လိုကူညီကြမလဲ

  • သားသားမီးမီးလေးတွေ အိပ်ယာဝင်တဲ့အခါမှာ သီချင်းဆိုပြီး ချော့သိပ်ပေးပါ။
  • ဖုန်းထဲကသီချင်းလေးတွေကို မကြာခဏဖွင့်ပေးပါ။ လက်ခုပ်တီးပြီး သီချင်းဆိုပြပါ။
  • သားသားမီးမီးလေးတွေကို မကြာခဏ စာဖတ်ပြပါ။ စာဖတ်ဝါသနာကို ရရှိသွားစေတဲ့အပြင် အကြားအာရုံလည်း ပိုမိုကောင်းမွန်လာစေပါတယ်။
  • သီချင်းသံလေးတွေပါတဲ့ အရုပ်လေးတွေနဲ့ ကစားခိုင်းပါ။
  • ဂီတတူရိယာ ပစ္စည်းတစ်မျိုးမျိုးနဲ့ မိတ်ဆက်ပေးပါ။ ဆော့ကစားခိုင်းပါ။

သားသားမီးမီးလေးတွေမှာ အကြားအာရုံဖွံ့ဖြိုးတိုးတက်မှု နှေးနေတယ်လို့ သံသယဝင်လာခဲ့ရင်တော့ မေမေဖေဖေတို့အနေနဲ့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းတွေမှာ အမြန်ဆုံးပြသပေးဖို့ အကြံပေးပါရစေ။

 

 

From Kalay with

Tag: babyHearstart

Comments

0 comments
Latest video