ကလေးစကား အမြန်ပြောတတ်အောင် ‌ဘေးကနေ ဘာ‌တွေပြောပေးရမှာလဲ

by: Nang Htwe
 0 comments  0 love

ကလေးငယ်စကားအမြန်ပြောနိုင်အောင် ဘယ်လိုမျိုး မေမေတို့ဘေးကနေ ဘယ်လိုစကားမျိုး ခဏခဏပြောပေးသင့်လဲ ?

မေမေနဲ့ ကလေးလေးကြားက ဆက်သွယ်မှုမှာ စွမ်းအားတွေ ရှိနေပါတယ်။ ကလေးငယ် စကားမပြောတတ်သေးခင်မှာ ခြေလက်လှုပ်ရှားမှုနဲ့ ငိုတာနဲပဲ ဆက်သွယ်ပါတယ်။ ကလေးလေး စကားမြန်မြန်ပြောတတ်အောင် ဘေးကနေ မေမေဖေဖေတို့က စကားခဏခဏပြောပေးဖို့ တိုက်တွန်းကြပါတယ်။

မေမေနဲ့ ကလေးလေးကြားက ဆက်သွယ်မှုမှာ စွမ်းအားတွေ ရှိနေပါတယ် (Photo by infoplanet.pl)

ကလေးငယ်စကားအမြန်ပြောနိုင်အောင် ဘယ်လိုမျိုး မေမေတို့ဘေးကနေ ဘယ်လိုစကားမျိုး ခဏခဏပြောပေးသင့်လဲ ?

အသံ

နှစ်သက်ဖွယ်ကောင်းတဲ့ အသံလေးတွေနဲ့ စကားပြောပါ။ ဒေါသထွက်တဲ့အချိန် လေသံပြောင်းနေချိန်မှာ မပြောပါနဲ့။

အချိန်

သီချင်းနားထောင်နေတဲ့အချိန် တီဗီကြည့်နေတဲ့ အချိန်မျိုးမှာ  စကားများများပြောပေးပါ။ ကလေးငယ်ငိုနေချိန်နဲ့ စိတ်တိုချိန်တွေမှာ နည်းနည်းသာပြောပါ။

ခေါင်းစဉ်များ

ကလေးငယ်ကို ဘယ်လိုစကားမျိုးပြောပေးမယ်ဆိုတာ ရွေးချယ်ပါ။ ဖေဖေ့အကြောင်းပြောပြမှာလား၊ ပုံပြင်စာအုပ်ထဲက ဇာတ်ကောင်တွေအကြောင်းပြောပြမှာလား စတဲ့ ခေါင်းစဉ်တွေကို ရွေးပါ။

လမ်းလျှောက်

အပြင် ပတ်ဝန်းကျင်ဆီ အလည်ခေါ်ထွက်ချိန်မှာ စကားများများပြောပေးနိုင်ပါတယ်။ ဥပမာ သစ်ပင်တွေကို ပြပြီး သစ်ပင်အကြောင်းပြောတာ၊ ငှက်လေးတွေကိုပြပြီး ရှင်းပြတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

အပြင် ပတ်ဝန်းကျင်ဆီ အလည်ခေါ်ထွက်ချိန်မှာ စကားများများပြောပေးနိုင်ပါတယ် (Photo by Medium)

ပုံပြင်

ပုံပြင်တွေဟာဆိုရင် ကလေးငယ်ရဲ့ စိတ်ခံချက်ကို နှိုးဆွနိုင်ပြီး စိတ်ကူးကမ္ဘာကို ဖန်တီးပေးနိုင်ပါတယ်။

သီချင်း

သီချင်းဟာဆိုရင် ကလေးငယ်တွေအတွက် အကောင်းဆုံး အဆက်အသွယ်ဖြစ်ပါတယ်။ သီချင်းဖွင့်ပေးပါ။ ကလေးသီချင်း‌လေးတွေ ရွေးချယ်ပေးပါ။

တခြားသူတွေနဲ့ စကားပြောခိုင်းပါ

ကလေးငယ်ကို အိမ်ကမိသားစုတွေနဲ့အပြင် အိမ်လာလည်သူတွေနဲ့လည်း စကားပြောခိုင်းပါ။ ကလေးငယ် အလျင်အမြန်တိုးတက်လာစေပါတယ်။

တန်ဖိုး

ကလေးငယ်ရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးပါ၊ တန်ဖိုးထားပါ။ ကလေးငယ် တစ်ခုခုပြုလုပ်ပေးတဲ့အခါ ကျေးဇူးတင်ပါတယ်နဲ့ ထိခိုက်မိသွားတဲ့အခါ တောင်းပန်ပါတယ်ဆိုတဲ့  စကား ပြောပေးပါ။

ကလေးငယ်စကားအမြန်ပြောတတ်အောင် စနစ်တကျ လေ့ကျင့်ပေးတာမျိုး ပြုလုပ်ပေးသင့်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Always Talkbaby


Comments

0 comments
Latest video
Refer to more useful articles
x