သားသားမီးမီးလေးတွေကို မြူလို့ရတဲ့အရွယ်

by: Phyo Pyae Thu
 0 comments  56 love

မေမေတို့ရေ သားသားမီးမီးလေးတွေ ကျန်းမာရေးကောင်းမကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု သိရဖို့အတွက် အလေးချိန်၊ အရပ်၊ ဦးခေါင်းလုံးပတ်တွေကို တိုင်းတာတာမျိုး လုပ်ပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေ ဘယ်အရွယ်လောက်ရောက်ပြီဆိုရင် မြူလို့ ရပြီလို့ ထင်ပါသလဲ၊ သားသားမီးမီးလေးတွေ အသက်(၃) လလောက်ဆိုရင်တော့ မေမေတို့ ကောင်းကောင်း မြူလို့ ရနေပါပြီ။ သားသားမီးမီးလေးတွေ အသံလာရာ လိုက်ကြည့်မယ်၊ မေမေ အနားက ထွက်သွားတာနဲ့ လိုက်ကြည့်မယ်၊ အရောင်လက်လက်လေးတွေဆိုရင် သဘောကျမယ်၊ ရယ်မယ်၊ ပြုံးမယ် ဒါတွေအားလုံးကို အသက်(၃) လမှာ စတင်မြင်ရမှာပါ။ ဒီလို မြူလို့ရတဲ့ အရွယ်ကနေစပြီး ဖွံ့ဖြိုးတိုးတက်မှုတွေ မနှောင့်နှေးသွားဖို့ ဘာတွေ လုပ်ဖို့လိုမလဲဆိုတာ ပြောပြမယ်နော်။

ဘယ်အရွယ်လောက်ရောက်ပြီဆိုရင် မြူလို့ ရပြီလို့ ထင်ပါသလဲ(Photo: National CMV Foundation)

ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတဲ့ အကောင်းဆုံးနည်းလမ်းကတော့

စာအုပ်လေးတွေ ဖတ်ပြခြင်းပါပဲ။ ဒီအရွယ်မှာ အသံကျယ်ကျယ်လေး စာဖတ်ပြတာက သားသားမီးမီးလေးတွေ အသံကိုပိုမှတ်မိနိုင်ပြီး မေမေ့ရဲ့ အသံနေအသံထားကို သင်ယူနိုင်ပါတယ်။ သီချင်းဆိုပြတာလေးတွေလည်း လုပ်နိုင်ပါတယ်။ သူတို့လေးတွေ စိတ်မဝင်စားတော့တဲ့ အမူအရာလေးတွေ ပြရင်တော့ ခဏ ရပ်လိုက်ပါ။ ဒီလိုအရွယ်မှာ မျက်လုံးလည်း အရင်ကထက် ပိုကစားလာတာကို မြင်ရမှာပါ။ မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို ပုံလေးတွေ ပါတဲ့စာအုပ်လေးတွေ၊ အသံမြည်တဲ့ ကော်ရုပ်လေးတွေ ပြပါ။

နွေးနွေးထွေးထွေး ထားပါ(photo: National CMV Foundation)

သားသားမီးမီးလေးတွေ စိတ်ခံစားချက် ကောင်းစေဖို့အတွက်

နွေးနွေးထွေးထွေး ထားပါ။ကစားပေးပါ။ စကားတီတီတာတာ ပြောပါ။ မေမေတို့ရေ သားသားမီးမီးလေးတွေ ကျန်းမာရေးကောင်းမကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို သိရဖို့အတွက် အလေးချိန်၊ အရပ်၊ ဦးခေါင်းလုံးပတ်တွေကို တိုင်းတာတာမျိုး လုပ်ပါ။ ကာကွယ်ဆေးတွေ မှန်မှန်ထိုးပါ။ ကလေးနို့ပုံမှန်စို့ရဲ့လား၊ အိပ်တာရော ပုံမှန်လားဆိုတာ ကြည့်ထားဖို့ လိုပါတယ်။

ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာ ထူးခြားတဲ့ လက္ခဏာတစ်ခုခု ဖြစ်တယ်ဆိုရင်

ဆရာဝန်ဆီ ပြန်ပြပါ။ ဒီလိုအရွယ်မှာ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို သေချာ ဂရုစိုက်ပေးဖို့ လိုပါတယ်။နောက်တစ်ခုကတော့ ကလေးနေတဲ့ ပုံစံပေါ်မူတည်ပြီး ဆံပင်ကျွတ်တာတွေ၊ ဆံပင်နည်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ ပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီးနေခြင်း၊ အိပ်ရာပေါ်မှာ လူးလိမ့်တာတွေက ဆံပင် နည်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာ ပုံမှန်ပြန်ဖြစ်သွားမှာ ဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles