(၅) လသားလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ သိထားသင့်တဲ့ ကျန်းမာရေး အခြေအနေ

by: Phyo Pyae Thu
 0 comments  110 love

(၅) လမြောက်ကနေစပြီး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းသထက် ကောင်းအောင်လုပ်ရမှာဖြစ်သလို ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပေးရမှာပါ။

ကလေးတိုးတက်မှုကို စောင့်ကြည့်ပါ

မေမေတို့ရဲ့ ရင်သွေးလေး(၅) လမြောက်ကို ရောက်လာပါပြီ။ (၅) လမြောက်ကနေစပြီး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းသထက် ကောင်းအောင်လုပ်ရမှာဖြစ်သလို ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပေးရမှာပါ။ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုဖို့အတွက် လက်လေးတွေ၊ ခြေလေးတွေကို ဆန့်တန်းပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ခေါင်းလှည့်တာမျိုး မလုပ်ရင် မေမေက နည်းနည်းလေး စောင်းချီပေးတာမျိုး လုပ်ပေးပါ။ ဒါမှ လည်ပင်ကြွက်သားတွေ ကောင်းမွန်စေမှာပါ။ သားသားမီးမီးလေးတွေ ကောင်းမွန်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ဖို့အတွက် ရေချိုးပေးပါ။ (၅) လသားအရွယ်လေးတွေဟာ အသံကောင်းကောင်းကြားပြီမို့ သီချင်းဆိုပြတာ၊ သီချင်းဖွင့်ပြတာလေးတွေ လုပ်ပေးလို့ ရနေပါပြီ။ ဒါက သူတို့မှတ်ဥာဏ်ကို ကောင်းစေပါတယ်။

အစားမှန်မှန်ကျွေးပါ

သားသားမီးမီးလေး အသက်(၅) လမှာ ဝမ်းမည်းမည်းတွေ သွားတာမျိုး ဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေမှာ အူလမ်းကြောင်းထဲ ဘက်တီးရီးယားတွေ ဝင်သွားပြီး ဘက်တီးရီးယားတွေက ဝမ်းအဖြစ် ပြန်ထွက်တဲ့အခါ အရောင်မှာ အမည်းရောင်၊ အစိမ်းရောင်တွေ ဖြစ်နေတတ်ပါတယ်။ စိုးရိမ်စရာ မရှိပေမယ့် ဆရာဝန်နဲ့ ပြဖို့တော့ လိုပါတယ်။ ဒီလို ဖြစ်စေနိုင်တာက ကလေးရဲ့ သွေးထဲမှာ သံဓါတ်တွေ ပါနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မေမေတို့အနေနဲ့ ဥာဏ်ရည်ဖွံ့ဖြိုးခြင်းကိုပဲ အာရုံစိုက်နေရမှာ မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာအတွက်လည်း အာရုံထားရပါမယ်။ ကလေးကို ငြင်သာစွာ ဆွဲထူမပေး၍ စက်ဘီးစီးသလို ဒူးခေါင်းလေးများ ကွေးညွတ်ခြင်း ၊ ထိုင်ခြင်း၊ ထခြင်းတို့ ကို သူတို့ အဆင်သင့်ဖြစ်လာမယ့်အချိန်ထိ  တဖြည်းဖြည်းချင်း ကူညီပေးနိုင်ပါတယ်။

ကောင်းမွန်တဲ့ အာဟာရတွေဟာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကိုယ်ကာယလေ့ကျင့်ခန်းလိုမျိုး အရေးပါတယ်။ ကလေးကို ပြည့်ဝကောင်းမွန်သော အာဟာရကို ပေးပြီး လုံလောက်သော အားအင်ရှိစေရန် စောင့်ရှောက်ပါ။အရောင်တောက်တောက်ပစ္စည်းများ ၊ကော်ဇော၊ ဘောလုံး၊ အရုပ်တွေနဲ့ သူကစားနိုင်အောင် စီစဉ်ပေးထားပါ။

အတင်းခါရမ်းပြီး မချီပါနဲ့

လှုပ်ရမ်းခံရတဲ့ ကလေးတွေမှာ အအိပ်လွန်ခြင်း၊ အန်ခြင်း၊အစာမစားခြင်း၊ အသက်ရှူရခက်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဆတ်ခြင်းများဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးချီတဲ့အခါ အရမ်းခါရမ်းပြီး မချီပါနဲ့။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles