သားသားမီးမီးလေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေပြီလား

by: Phyo Pyae Thu
 0 comments  0 love

ကြီးထွားဖွံ့ဖြိုးမှု နောက်ကျတာဟာ ရောက်ရှိနေတဲ့အသက်အရွယ်မှာ ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်၊ အရပ်နဲ့ ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းတွေ မရှိတာကို ဆိုလိုတာပါ။

အဓိက အကြောင်းရင်းကတော့ သားသားမီးမီးလေးမှာ အစာအာဟာရ မလုံလောက်တာကြောင့်ပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပါဝင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးမှု နောက်ကျတာဟာ ရောက်ရှိနေတဲ့အသက်အရွယ်မှာ ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်၊ အရပ်နဲ့ ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းတွေ မရှိတာကို ဆိုလိုတာပါ။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ သားသားမီးမီးလေးမှာ အစာအာဟာရ မလုံလောက်တာကြောင့်ပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေမှာ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်တဲ့ အာဟာရ မတူညီနိုင်ပါဘူး။ တစ်ယောက်က ပရိုတင်းလိုရင် နောက်တစ်ယောက်က သံဓါတ်လိုနေတတ်ပြန်ပါတယ်။ ဒီလိုမျိုး လိုအပ်တာကို လုံလုံလောက်လောက် မရဘူးဆိုရင်တော့ ကြီးထွားဖွံ့ဖြိုးမှု မရှိဘဲ နောက်ကျသွားနိုင်ပါတယ်။

ကယ်လိုရီကို မစုပ်ယူနိုင်တာကြောင့် ကလေး ကြီးထွားမှု နည်းပါတယ်။

ကြီးထွားဖွံ့ဖြိုးမှု နောက်ကျတာက အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာနဲ့လည်း ကြည့်လို့ရသလို ပတ်ဝန်းကျင်က လူတွေနဲ့ မျက်လုံးချင်းမဆုံအောင် ရှောင်ခြင်း၊ တက်တက်ကြွကြွ မရှိခြင်းနဲ့ အရယ်အပြုံး မရှိဘဲ နေတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ စကားပြောခြင်းများကို သူ့အရွယ်နှင့်သူ ဖြစ်မလာခြင်းက ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းရဲ့ လက္ခဏာတွေပါပဲနော်။

ကြီးထွားဖွံ့ဖြိုးမှု နောက်ကျတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အဓိကကတော့ အစားအစာ လုံလုံလောက်လောက် မရတာကြောင့်ပါ။ တချို့မေမေတွေကတော့ ကလေး အဝလွန်မှာစိုးပြီး အစားအစာတွေကို ကန့်သတ်ကြပါတယ်။ ဒါက တခါတလေမှာ အဆင်မပြေနိုင်ပါဘူး။ လမစေ့ဘဲ မွေးခြင်းနဲ့ အစားအလွန်နည်းတဲ့ ကလေးတွေမှာ လိုအပ်တဲ့ အစားအစာကိုလည်း စုပ်ယူနိုင်စွမ်း မရှိပြန်ပါဘူး။

ဖွံ့ဖြိုးမှု နောက်ကျတာက ဖျားနာခြင်းလိုမျိုး ရိုးရိုး နေမကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူတို့လေးတွေ နေမကောင်းချိန်မှာ အစားကောင်းကောင်း မစားတော့ဘဲ တိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာရေးပြသာနာရှိနေတာတွေက ကြီးထွားဖို့ လိုအပ်တဲ့ ကယ်လိုရီကို မစုပ်ယူနိုင်တာကြောင့် ကလေး ကြီးထွားမှု နည်းပါတယ်။

သားသားမီးမီးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ ဂျုံနဲ့ တခြားသီးနှံတွေမှာ ပါဝင်တဲ့ ပရိုတင်းကို မူမမှန်စွာ တုံ့ပြန်တတ်ပြီး အူနံရံတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုရောဂါပိုးကူးစက်ခြင်းမဆို ခန္ဓာကိုယ်အား အာဟာရများ ပိုလိုရန် တွန်းအားပေးပြီး အစားအသောက်ကို ပျက်စေပါတယ်။ ဒီအခါမှာလည်း တိုးတက်မှု နောက်ကျရပြန်ပါတယ်နော်။ ဒါကြောင့် လုံလောက်တဲ့ အစာအာဟာရ ကျွေးပါ။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles