ကလေးများရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပတ်သက်ပြီး ဂရုပြုရမယ့်အချက်တွေ

by: Nang Htwe
 0 comments  0 love

ကလေးငယ်တွေမှာ အသက်အရွယ်အလိုက် အောက်ပါလက္ခဏာတွေ တွေ့ရှိရမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်မှု (Developmental Milestones) သိသာစွာနောက်ကျတာ ဖြစ်နိုင်ပါတယ် –

ကလေးတွေ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေကို မေမေဖေဖေတို့ သိထားသင့်ပါတယ်။ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကလေးငယ်များရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပတ်သက်ပြီး ဂရုပြုရမယ့်အချက်တွေက ဘာတွေလဲ အကြောင်းအရာကို Kalay ကနေ တဆင့် မေမေတို့ရဲ့ ဗဟုသုတအတွက် ထပ်မံဖော်ပြပေးလိုက်ပါတယ်။

ကလေးတွေ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေကို မေမေဖေဖေတို့ သိထားသင့်ပါတယ် (Photo by Cuddles Child Clinic Gurgaon)

ကလေးငယ်များရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပတ်သက်ပြီး ဂရုပြုရမယ့်အချက်တွေက ဘာတွေလဲ

ကလေးငယ်တွေမှာ အသက်အရွယ်အလိုက် အောက်ပါလက္ခဏာတွေ တွေ့ရှိရမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်မှု (Developmental Milestones) သိသာစွာနောက်ကျတာ ဖြစ်နိုင်ပါတယ် –

  • အသက်(၁)လမှ(၃)လ – မိခင်မျက်နှာ (သို့မဟုတ်) အရာဝတ္ထုကို လိုက်၍မကြည့်ခြင်း၊ အသံပေးသော်လည်း အပြုအမူမပြောင်းလဲခြင်း၊မြှူလျှင်ပြုံးမပြ တတ်ခြင်း၊ အရမ်းတောင့်ခြင်း (သို့မဟုတ်) ပျော့ခြင်း။
  • အသက်(၆)လ – လက်သီးကိုအမြဲဆုပ်ထားခြင်း၊ အရုပ်တစ်ခုခုကိုမကိုင်နိုင်ခြင်း၊ ခေါင်းမခိုင်ခြင်း။
  • အသက်(၉)လ – အမှီအတွယ်နှင့်ပင် မထိုင်နိုင်ခြင်း (လက်ထောက်၍ပင် မထိုင်နိုင်ခြင်း)၊ မရယ်မောတတ်ခြင်း။
    • အသက်(၁)နှစ် – မတ်တပ်ရပ် မစမ်းခြင်း။

  • အသက်(၂)နှစ် – ဖေဖေ၊ မေမေ မခေါ်တတ်ခြင်း၊ လမ်းကောင်းစွာမလျှောက်နိုင်ခြင်း။
  • အသက်(၃)နှစ် – မပြေးနိုင်ခြင်း၊မကြာခဏလဲကျခြင်း၊ဝါကျအတိုများမပြောနိုင်ခြင်း၊ မျက်လုံးချင်းဆိုင် မကြည့်ခြင်း။
  • အသက်(၄)နှစ် – စကားပြောသော်လည်း အခက်အခဲများစွာဖြင့်ပြောရသောကြောင့် အခြားသူများနားမလည်ခြင်း၊ အခြားကလေးများနှင့်မကစားဘဲ တစ်ဦးတည်း သီးသန့်နေခြင်း။
  • မည်သည့်အသက်အရွယ်မဆို – ယခင်ရှိပြီးတတ်ပြီးသား ကလေးဖွံ့ဖြိုးတိုးတက်မှုများပျောက်ဆုံးသွားခြင်း၊ ဆုတ်ယုတ်လာခြင်း၊ ယခင်ပြောတတ်ပြီးသားစကားများ ပြန်ပျောက်သွားခြင်း။

အသက်အရွယ်အလိုက် ဖော်ပြပါလက္ခဏာများအနက် တစ်ခုခုတွေ့ရှိပါက ဖွံ့ဖြိုးတိုးတက်မှု သိသာစွာနောက်ကျခြင်း (သို့မဟုတ်) ရောဂါတစ်ခုခုရှိနေနိုင်သောကြောင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ သွားရောက်ပြသရပါမယ်။

Ministry of Health and Sports, Myanmar မှ ကူးယူဖော်ပြထားပါသည်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles