ကလေးငယ် အသိဉာဏ်တိုးအောင် ရုပ်ပုံလေးတွေ ပြမယ်

by: Nang Htwe
 1 comments  17 love

ပုံပြင်စာအုပ်ထဲမှာ အရောင်လေးတွေ ပါလာရင် မျက်စိအပြောင်းအလဲရှိမလား၊ ကိုယ်ဘာပြောလိုက်ရင် ဒါကို လိုက်ကြည့်သလား၊ တခါတလေ ထောက်ပြထားတယ် သူလိုက်ကြည့်တတ်တယ်။

အသက် (၉) လကျော်အရွယ်ကလေးငယ်ကို ရုပ်ပုံလေးတွေ ပြပြီးတော့ မှတ်ဉာဏ်ကောင်းအောင်လို့ ဘယ်လိုလေ့ကျင့်ပေးတယ်  ဆိုတာကို သားသားလေးမေမေ ဖြူနှင်းစု က အခုလို ဝေမျှပေးထားပါတယ်။

ငယ်သေးတယ်ဆိုတော့ Flash Card ကို တိရိစ္ဆာန်လေးတွေ စိတ်ဝင်စားဆုံးဖြစ်မယ်လို့  ယူဆတယ် (Photo by Pinterest)

Flash Card လေးတွေသုံးပြီး သင်ကြားပေးခြင်း

Flash Card လေးတွေသုံးပြီး စသင်ပေးတယ်။ တစ်ကောင်၊ နှစ်ကောင်ကနေ စသင်ပေးတာပေါ့နော်။ ပထမကတော့ ကတ်လေးတွေကို ဒီအတိုင်းချပေးထားတယ်။ ကြည့်ချင်သလို ကြည့်ပေါ့နော်။ သူ စိတ်ဝင်စားတဲ့ အကောင်လေးတွေ သူကိုင်တယ်။ သူကိုင်တဲ့အကောင်လေးတွေကို ဒါလေးတွေက ဘာအကောင်လေးတွေပါဆိုပြီး ပြောပြတယ်။ အဲဒီစကားကို သူက သေသေချာချာ သိသွားတယ်။ အစ်မ သူ့ကို ဖြည်းဖြည်းချင်းပဲ သင်ပေးတယ်။ ပထမ တစ်ပတ်မှာ သူသိတဲ့ တစ်ကောင်၊ နှစ်ကောင်ကိုပဲ ပြောတယ်။ ဖြည်းဖြည်းချင်း မှတ်ဉာဏ်ကို ကျင့်ပေးတဲ့ သဘောမျိုးပေါ့။

ပုံပြင်စာအုပ်

ခြောက်လပြည့်ခါနီးမှာ အစ်မက သူ့ကို ပုံပြင်စာအုပ်လေးတွေ ဖတ်ပြတယ်။ ပုံပြင်စာအုပ်ထဲမှာ အရောင်လေးတွေ ပါလာရင် မျက်စိအပြောင်းအလဲရှိမလား၊ ကိုယ်ဘာပြောလိုက်ရင် ဒါကို လိုက်ကြည့်သလား၊ တခါတလေ ထောက်ပြထားတယ် သူလိုက်ကြည့်တတ်တယ်။ ဦးနှောက်အာရုံကို မှတ်သားတတ်အောင် သင်ပေးတယ်။ သီးသီးသန့်သန့်တော့ သင်တန်းတွေ သွားမပို့ဖြစ်ဘူး။ အိမ်မှာပဲ ဘာလေးပဲလုပ်လုပ် သူ့ကိုပြတယ်။ ငယ်သေးတယ်ဆိုတော့ Flash Card ကို တိရိစ္ဆာန်လေးတွေ စိတ်ဝင်စားဆုံးဖြစ်မယ်လို့  ယူဆတယ်။ တိရိစ္ဆာန်လေးတွေ တော်တော်များများသိလာပြီဆိုရင် တိရိစ္ဆာန်ရုံခေါ်သွားလို့ရပြီ။ အဲဒီအခါကျရင် အပြင်နဲ့ တွဲရက် သိသွားတယ်။ ပုံထဲမှာဆိုရင် အစ်မက သူ့ကို ဘာတွေစပြလဲဆိုတော့ ခွေးတွေ၊ ကြောင်တွေကို စပြတယ်။ ပုံထဲမှာ ခွေးကဘာ၊ ကြောင်က ဘာဆိုတာ သိသွားတော့ အပြင်လည်းရောက်ရော သားရေ ဒါက ခွေးလေ၊ ဒါကကြောင်လေ အဲဒီလိုမျိုးဆိုရင် သူ့ရဲ့ မျက်လုံးလေးတွေ ပိုပြီးတော့ စိတ်ဝင်စားလာတယ်။ အဲဒီလိုမျိုးနဲ့ပဲ သူ့ကို တဖြည်းဖြည်း နားလည်လာအောင် သင်ပေးတယ်။ ဘာကိုသတိထားမိလဲဆိုတော့ စကားသင်ရတာ ပိုပြီးလွယ်ကူသွားတယ်။ ကိုယ်ပြောတဲ့စကားကို ပိုပြီးနာလည်လာတယ်။ သင်ရတာလည်း လွယ်လာတယ်။ အခုဆိုရင် လက်ခုပ်တီးပါတို့၊ ချိုမိုင်မိုင်တို့ လုပ်ပါဦးဆိုရင် ခွဲခြားပြီး လုပ်တတ်လာတယ်။

Flash Card (Photo by SmhyLhen Shop Direct Supplier of Infants & Kids Wears & Toys)

ကလေးနဲ့ မိခင်ကြားရင်းနှီးမှု

အစ်မက အရင်တုန်းက ဝန်ထမ်းပါ။ ဆည်မြောင်းက ဦးစီးမှူးတစ်ယောက်ပါ။ သားကိုမွေးပြီးတဲ့အခါ အစ်မက အလုပ်မထွက်ဘဲနဲ့ အလုပ်လုပ်ဖို့ တော်တော်နဲ့ စဉ်းစားကြည့်သေးတယ်။ တော်တော်ကြီးကို မဖြစ်နိုင်တော့ ကိုယ်ခွဲမရှိဘူး။ အစ်မ အမေကလည်း စာသင်တာ တစ်ဖက်ရှိတယ်။ အမေကိုလည်း ဒုက္ခမပေးချင်ဘူး။ ကလေးထိန်းငှားဖို့ကလည်း အိမ်မှာ တစ်ယောက်ရှိနေမှလေ။ ခေါ်သွားဖို့ကလည်း ဝေးတယ်။ ဒါကြောင့် အလုပ်ထွက်လိုက်တယ်။ မွေးကတည်းက အခု ကိုးလခွဲကျော် ဆယ်လအထိ ခွဲရတယ်လို့ မရှိဘူး။ မေမေကလည်း ကူညီတယ်။ သားအတွက် ချက်ပြုတ်ရတာလွဲပြီး ကျန်တာမလုပ်ရဘူး။ သူ့ဝေယျာဝစ္စအလုပ်လေးတွေ အစ်မလုပ်တယ်။ အစ်မအလုပ်ကတော့ သူ့ဝေယျာဝစ္စပဲ။ သူစားတာ၊ ဝတ်တာ၊ ကျန်းမာရေး က အစ်မအလုပ်ပဲ။ ခြောက်လအရွယ်လောက်ကတည်းက လူမှတ်တတ်လာတယ်၊ အရမ်းရွေးလာတယ်။ အရမ်းသိလာပြီ။ အပြင်လူတွေဆိုရင် ကြောက်တော့ မကြောက်ဘူး၊ သူနဲ့ စကားပြောတာ ကြာမှ ယုံကြည်မှုရမှ အဲဒီလူနောက်လိုက်တယ်။

နောက်အပတ်မှာလည်း မေမေတို့ရဲ့ အတွေ့အကြုံတွေကို Kalay ကနေ ပြန်ပြီး ဝေမျှပေးသွားဦးမယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles