ဦးနှောက်စတင်ဖွံ့ဖြိုးနေချိန်မှာ ကလေးလေး ကျန်းမာဖို့

by: Phyo Pyae Thu
 2 comments  24 love

မေမေတို့ရေ သားသားမီးမီးလေးတွေဟာ မွေးကင်းစကနေစပြီး တောက်လျှောက် တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်လာမှာပါ။ ဖွံ့ဖြိုးတိုးတက်နေချိန်မှာ ထိခိုက်လို့ မရပါဘူး။

မေမေတို့ရေ သားသားမီးမီးလေးတွေဟာ မွေးကင်းစကနေစပြီး တောက်လျှောက် တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်လာမှာပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေဟာ မွေးကင်းစကနေစပြီး တောက်လျှောက် တဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်လာမှာပါ။ ဒီလို ဖွံ့ဖြိုးတိုးတက်နေချိန်မှာ သားသားမီးမီးလေးတွေ ထိခိုက်လို့ မရပါဘူး။ ဒါမှ ဆက်လက်ဖွံ့ဖြိုးမှာပါ။ ဒီတခါမှာတော့ သားသားမီးမီးေ်လးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးချိန်နဲ့ စောင့်ရှောက်ပေးရမှာတွေကို Kalay မှ ဖော်ပြပေးလိုက်ပါတယ်။

သားသားမီးမီးလေး ဦးနှောက်ဟာ (၈) ပတ်လောက်မှာ

အရွယ်အစားရော၊ ရှုပ်ထွေးမှုတွေပါ ပိုပြီး တိုးတက်လာပါပြီ။ (၅) စင်တီမီတာလောက်လည်း ပိုပြီးကြီးလာပါပြီ။ သားသားမီးမီးလေးဟာ နိုးကြားနေလိုက်၊ ငြိမ်သွားလိုက် ဖြစ်နေချိန်လေးတွေ ရှိလာတာ သတိထားမိပါလိမ့်မယ်။ အရမ်းတော့ စိတ်ပူစရာ မလိုပါဘူး။ ဒီလိုမျိုး ဦးနှောက်ဖွံ့ဖြိုးနေချိန်မှာ စကားပြောခြင်း၊ သီချင်းဆိုပြခြင်းတွေ လုပ်နိုင်ပါတယ်။ နားမလည်ပေမယ့် အသံနဲ့ မေ့မေ့ အမူအရာတွေကို ကြည့်ပြီး မှတ်နိုင်ဖို့ ဦးနှော်က်က အလုပ်လုပ်နေပါပြီ။

မေမေတို့ရဲ့ သားသားမီးမီးလေး ဦးနှောက်ဟာ (၈) ပတ်လောက်မှာ အရွယ်အစားရော၊ ရှုပ်ထွေးမှုတွေပါ ပိုပြီး တိုးတက်လာပါပြီ။

ဦးနှောက်ဖွံ့ဖြိုးမှု တိုးတက်ခြင်းမှာ အားကောင်းစေဖို့အတွက်

နို့တိုက်နေရင်း၊ သေးခံလဲနေရင်းနဲ့တင် စကားပြောတာတွေ လုပ်နိုင်ပါတယ်။  ဒါဟာ ကလေးအတွက် ဘာသာစကားကျွမ်းကျင်မှု၊ အကြား၊ အမြင် တို့ကိုအားကောင်းစေဖို့ အကောင်းဆုံးနည်းဖြစ်တယ်။

သားသားမီးမီးလေး  တချို့ဟာ မွေးကတည်းက ကြို့ထိုးသူများမဟုတ်ဘဲ

မမွေးခင်ကတည်းကကို ကြို့ထိုးနေကြသူများဖြစ်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ အလိုအလျောက်တုံ့ပြန်ခြင်းကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။ အခြားအကြောင်းကတော့ ကလေးတွေဟာ နို့မျိုချလိုက်တဲ့အခါ လေပါဝင်သွားပြီး သူတို့ဝမ်းဗိုက်လေးတွေကို လေတွေပြည့်သွားတာကြောင့်ပါ။ မေမေတို့ အရမ်းတော့ မစိုးရိမ်ရပါဘူးနော်။

 ဦးနှောက်ဖွံ့ဖြိုးမှုနဲ့အတူ မျက်လုံးလည်း ဖွံ့ဖြိုးလာပါပြီ

မျက်လုံး လှုပ်ရှားနေခြင်းဟာ သူတို့မျက်လုံးတွေကိုအသုံးပြုတတ်ဖို့နဲ့ မျက်လုံးကြွက်သားတွေ သန်မာလာစေဖို့ သင်ယူနေတာပါ။ အသက်သုံးလလောက်မှာဆိုရင်တော့ လှုပ်ရှားမှုတွေညီလာပါပြီ၊ တကယ်လို့ မတိုးတက်လာဘဲ အမြဲမျက်လုံးလှုပ်ရှားမှု မညီဘူးထင်ရင်တော့ ဆရာဝန်ကိုပြောပြပါ။

မေမေတို့ အနေနဲ့ ဒီအရွယ်မှာ ကလေးကို အမြင့်ကြီး မြှောက်ချီပြီး ချော့မြှူတာတွေ မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်းတွေ အားလုံး ဖွံ့ဖြိုးနေချိန်မှာ ဘာကိုမှ ပြင်းပြင်းထန်ထန် မထိမိဖို့ ဂရုစိုက်ရမှာပါ။ ခေါင်းကို ခါရမ်းပြီး ချီတာမျိုး မလုပ်ပါနဲ့။ ခုမှ စတင် ဖွံ့ဖြိုးနေတဲ့ ဦးနှောက်လေး ထိခိုက်နိုင်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles