စွန့်စားလိုစိတ်တွေ ပြည့်ဝနေတဲ့ မေမေ့ရဲ့ကလေးလေး

by: Nang Htwe
 0 comments  6 love

သားသားမီးမီးလေးတွေက အစားအစာအသစ်တွေနဲ့ အရသာအထူးအဆန်းတွေကို စတင်မြည်းစမ်းဖို့ စိတ်အားထက်သန်နေပြီး ဒေါသထွက်တဲ့အခါမှာ ဝုန်းဒိုင်းကြဲတဲ့ အမူအရာတွေပြသပါတယ်။

မေမေ့ကလေးလေး အသက်(၁၁)လကို ရောက်လာပြီဆိုရင် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်နဲ့ စွန့်စားလိုစိတ်တွေ ပြည့်ဝနေပါတယ်။ အခုချိန်မှာ သူတို့လေးတွေရဲ့ အကြိုက်ဆုံးကစားနည်းက ဘောလုံးပစ်ဖမ်းတာပါ။ ဒီကစားနည်းကို မေမေဖေဖေတို့နဲ့ အတူတူဆော့ချင်နေပါတယ်။ မေမေဖေဖေတို့က သားသားမီးမီးလေးတွေရဲ့ အသက်အရွယ်လိုက် တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့ နည်းလမ်းတွေကို ရှာဖွေပေးသင့်ပါတယ်။

မေမေ့ကလေးလေး အသက်(၁၁)လကို ရောက်လာပြီဆိုရင် ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်နဲ့ စွန့်စားလိုစိတ်တွေ ပြည့်ဝနေပါတယ် (Photo by gettyimage)

(၁၁)လအရွယ်သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုများ

  • သားသားမီးမီးလေးတွေက မတ်တပ်ရပ်ပြီး လမ်းလျှောက်ဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို အန္တရာယ်ဖြစ်စေတဲ့ ပရိဘောဂပစ္စည်းတွေကို ဝေးဝေးထားပေးပါ။ အကာအကွယ်တွေကိုလည်း ပြုလုပ်ပေးထားဖို့ လိုအပ်ပါတယ်။
  • သားသားမီးမီးလေးတွေကို နို့ဗူးတိုက်တဲ့အခါ ဗူးနဲ့မတိုက်ဘဲ ခွက်နဲ့တိုက်ပေးကြည့်ပါ။
  • သားသားမီးမီးလေးတွေက အစားအစာအသစ်တွေနဲ့ အရသာအထူးအဆန်းတွေကို စတင်မြည်းစမ်းဖို့ စိတ်အားထက်သန်နေပါတယ်။
  • ဒီအချိန်မှာ သားသားမီးမီးလေးတွေက စိတ်တိုတဲ့အခါ ဝုန်းဒိုင်းကြဲတာတွေနဲ့ ဒေါသထွက်တဲ့ အမူအရာတွေ ပြုလုပ်ပြသင့်ပါတယ်။
  • ဖေဖေမေမေစတဲ့ စကားလုံးအတိုလေးတွေကို ကြိုးစားပြီးပြောနေပါပြီ။

ဖေဖေမေမေတို့ကို ပီပီပြင်ပြင် ခေါ်ဆိုနိုင်ပါပြီ (Photo by gettyimage)

(၁၁)အရွယ်ကလေးငယ်တွေကို အခုလို သင်ကြားပေးကြမယ်

  • နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကို နာမည်နဲ့တွဲပြီး မှတ်မိအောင် သင်ကြားပေးပါ။ ဖြည့်စွက်စာကျွေးတဲ့အခါမှာ အစားအစာရဲ့ နာမည်ကိုပါတခါပြောပြီး ကျွေးပေးပါ။
  • အရုပ်ဆက်တဲ့ ကစားနည်းတွေနဲ့ အရောင်တွေပါတဲ့ ကစားပစ္စည်းတွေကို သားသားမီးမီးလေးတို့ကို ဝယ်ပေးထားပါ။
  • သူတို့လေးတွေကြိုက်တဲ့ သီချင်းလေးတွေကို မကြခဏ ဖွင့်ပြပါ။ သီချင်းအသစ်တွေကိုလည်း ဖွင့်ပေးပါ။
  • ဘောလုံပစ်ဖမ်းတဲ့ ကစားနည်းတွေကို သားသားမီးမီးလေးတွေနဲ့ အတူတူဆော့ပါ။

သားသားမီးမီးလေးတွေကို လအလိုက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မေမေဖေဖေတို့က အဖက်ဖက်ကနေ နည်းလမ်းကောင်းလေးတွေကို ရှာဖွေပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x