မေမေတို့ သိထားသင့်တဲ့ ကလေးငယ်တွေဖွံ့ဖြိုးမှု နှေးကွေးခြင်း

by: Nang Htwe
 0 comments  5 love

တစ်လနဲ့တစ်လ ကိုယ်အလေးချိန်မတက်ဘဲ ကျသွားခဲ့ရင်၊ အစာစားနှုန်းနည်းသွားတာတွေနဲ့ စိတ်မပါတာတွေဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပေးပါ။

သားသားမီးမီးလေးတွေကို အရပ်မှန်မှန်တိုင်းပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ဦးခေါင်းလုံးပတ်တိုင်းပေးခြင်းနဲ့ လအလိုက်ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိစောင့်ကြည့်ပေးခြင်းတို့ကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကြီးထွားမှု နှေးကွေးတဲ့ သားသားမီးမီးလေးတွေဆိုတာ အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်မရှိဘဲ သိသိသာသာနှေးကွေတဲ့ ကလေးငယ်တွေကို ခေါ်တာပါ။ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးတဲ့ သားသားမီးမီးအများစုမှာ မအီမသာဖြစ်ခြင်း၊ မပျော်ရွင်ခြင်းနဲ့ ဂျီကျတာတွေ မကြာခဏ ဖြစ်နေတာကို တွေ့ရပါတယ်။

အရပ်မှန်မှန်တိုင်ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်ပေးခြင်း၊ ဦးခေါင်းလုံးပတ်တိုင်းပေးခြင်းနဲ့ လအလိုက်ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိစောင့်ကြည့်ပေးပါ (Photo by Conlatatca.vn)

သားသားမီးမီးလေးတွေ ဘာကြောင့် ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးရတာလဲ

သားသားမီးမီးလေးတွေ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ သားသားမီးမီးလေးတွေက တစ်လနဲ့တစ်လ ကိုယ်အလေးချိန်မတက်ဘဲ ကျသွားခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အစားစားနှုန်းနည်းသွားတာတွေနဲ့ စိတ်မပါတာတွေဖြစ်လာခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပေးပါ။ နာတာရှည်ရောဂါရှိခြင်း သို့မဟုတ် မွေးရာပါ နှလုံးရောဂါရှိတဲ့ သားသားမီးမီးလေးတွေမှာ ဖွံ့ဖြိုးမှု အားနည်းတာကို တွေ့ရပါတယ်။ မိခင်က အာဟာရဓာတ်ချို့တဲ့ရင်လည်း သားသားမီးမီးလေးတွေ ကြီးထွားဖွံ့ဖြိုးနှုန်းနှေးပါတယ်။ မိဘဂရုစိုက်မှု နည်းပါးတဲ့ သားသားမီးမီးလေးတွေမှာလည်း ဖွံ့ဖြိုးမှု အားနည်းတာကို တွေ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့ သားသားမီးမီးလေးတွေမှာလည်း ဖွံ့ဖြိုးမှုနှောင့်နှေးတာကို တွေ့ရပါတယ်။ တခြားကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဖွံ့ဖြိုးမှု နှေးကွေးနိုင်ပါတယ်။

သားသားမီးမီးလေးတွေ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ် (Photo by planetamama.com.ar)

မျိုးရိုးလိုက်ခြင်း

သားသားမီးမီးလေးတွေ အရပ်ပုတာကလည်း မျိုးရိုးနဲ့သက်ဆိုင်ပါတယ်။ မျိုးရိုးလိုက် အရပ်ပုတယ်ဆိုရင်တော့ ဆေးကုသမှုကို အတင်းမခံယူသင့်ပါဘူး။ တခြားပြဿနာတွေကြောင့် အရပ်ပုနေတယ်ဆိုရင်တော့ ဆရာဝန်တွေဆီမှာ ပြသပေးသင့်ပါတယ်။

ဖွံ့ဖြိုးမှု နှေးကွေးတဲ့ သားသားမီးမီးလေးတွေကိုလည်း သာမန်ကလေးတွေနဲ့နည်းတူ ပြုမူဆက်ဆံဖို့လိုအပ်ပါတယ်။ သူတို့လေးတွေနဲ့ သင့်တော်တဲ့ ကစားနည်းတွေကိုလည်း မေမေဖေဖေတို့က လမ်းညွှန်ပေးသင့်ပါတယ်။ ဖွံ့ဖြိုးမှု အားနည်းတဲ့ သားသားမီးမီးလေးတွေကို အားကစားစိတ်ဝင်စားလာအောင် ဆွဲဆောင်ဖို့ လိုအပ်ပါတယ်။ သူတို့လေးတွေနဲ့ သင့်တော်တဲ့ အားကစားကို မေမေဖေဖေတို့ ညွှန်ကြားပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: babygrowthslow


Comments

0 comments
Latest video
Refer to more useful articles
x