သားသားမီးမီးလေးတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်တဲ့ အကူအညီများ

by: Nang Htwe
 0 comments  1 love

သားသားမီးမီးလေးတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် မေမေဖေဖေတို့ အနီးကပ်စောင့်ရှောက်ပေးဖို့လိုသလို ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုလည်း သတိထားပေးရပါမယ်။

သားသားမီးမီးလေးတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် မေမေဖေဖေတို့အနေနဲ့ အချိန်ဇယားတွေကို စနစ်တကျ ဆွဲထားသင့်ပါတယ်။ သူတို့လေးတွေအတွက် တစ်နေ့တာ အစားစာအချိန်ဇယားနဲ့ ပြုစုစောင့်ရမယ့် အစီအစဉ်တွေကို စနစ်တကျရေးဆွဲထားတာက ဖွံ့ဖြိုးကြီးထွားနှုန်းကို အကူအညီပေးပါတယ်။ ဒီအချိန်ဇယားလေးက အလုပ်လုပ်နေရတဲ့ မေမေဖေဖေတို့အတွက် ပိုပြီးအထောက်အကူပြုစေပါတယ်။

သားသားမီးမီးလေးတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် မေမေဖေဖေတို့အနေနဲ့ အချိန်ဇယားတွေကို စနစ်တကျ ဆွဲထားသင့်ပါတယ် (Photo by dicaslegais)

သားသားမီးမီးလေးတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်တဲ့ အကူအညီများ

၁။ အစားစားချင်စိတ်တိုးမြင့်လာအောင်

သားသားမီးမီးလေးတွေ အစားစားချင်စိတ် တိုးမြင့်လာအောင် မေမေဖေဖေတို့က ပြုလုပ်ပေးသင့်ပါတယ်။ အသက်(၆)လအောက် သားသားမီးမီးလေးတွေအတွက် နို့စို့တဲ့ အကြိမ်အရေအတွက်ကို မှတ်သားထားသင့်ပါတယ်။ နို့စို့တဲ့ အကြိမ်အရေအတွက်နည်းခဲ့ရင်လည်း များလာအောင် ပြုလုပ်ပေးရပါမယ်။ ဖြည့်စွက်စာကျွေးတဲ့ သားသားမီးမီးလေးတွေဆိုရင်တော့ အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာကို သားသားမီးမီးလေးတွေ စားချင်အောင် ပြုလုပ်ပေးရပါမယ်။ ကျွမ်းကျင်သူတွေဆီမှာလည်း အကြံဥာဏ်တောင်းနိုင်ပါတယ်။

သားသားမီးမီးလေးတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက်က မေမေဖေဖေတို့ အနီးကပ်စောင့်ရှောက်ပေးဖို့ လိုပါတယ် (Photo by inspirational visions gallery)

၂။ အနီးကပ်ပြုစုစောင့်ရှောက်ခြင်း

သားသားမီးမီးလေးတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက်က မေမေဖေဖေတို့ အနီးကပ်စောင့်ရှောက်ပေးဖို့ လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုလည်း အမြဲမပြတ်စောင့်ကြည့်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်နဲ့ဆိုင်တဲ့ ပြဿနာတွေ မကြခဏ ဖြစ်ပွားလေ့ရှိမရှိသတိထားပေးပါ။ သားသားမီးမီးလေးတွေရဲ့ အမြင်အာရုံ၊ အကြားအာရုံစတဲ့ အာရုံကြောအဖွဲ့အစည်းတွေ တိုးတက်မှုရှိမရှိကိုလည်း သတိထားပေးဖို့လိုပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု နှေးနေတယ်ဆိုရင်တော့ ဆရာဝန်တွေဆီမှာ ပြသပေးဖို့ လိုပါတယ်။

၃။ အိပ်ချိန်

သားသားမီးမီးလေးတွေရဲ့ အိပ်ချိန်ကတော့ နေ့နဲ့ည တူညီမှာမဟုတ်ပါဘူး။ နေ့အချိန်မှာလည်း မကြာခဏ အိပ်နိုင်သလို ညအချိန်မှာလည်း ခဏခဏနိုးနိုင်ပါတယ်။ မေမေဖေဖေတို့အနေနဲ့ သူတို့လေးတွေနိုးတဲ့အခါမှာ နို့တိုက်ပေးဖို့လိုပါတယ်။ နို့တိုက်ပြီးတဲ့အခါမှာလည်း အိပ်ပျော်အောင် ချော့သိပ်ပေးရပါမယ်။ မေမေဖေဖေတို့ တလှည့်စီ သူတို့လေးတွေကို ချော့သိပ်ပေးသင့်ပါတယ်။ သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးကြီးထွားခြင်းက မေမေဖေဖေတို့အပေါ် အများကြီးမူတည်နေတာကြောင့် စနစ်တကျ ပြုစုစာင့်ရှောက်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x