ကလေးလေး အသက်(၅)လမှာ ဖွံ့ဖြိုးမှုကို နောက်ကျစေတဲ့အရာများ

by: Phyo Pyae Thu
 10 comments  14 love

သားသားမီးမီးလေး အသက် အပတ်(၂၀) မြောက်ဖြစ်တဲ့ ငါးလအရွယ်မှာ  ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေတဲ့အရာက ဘာတွေလဲဆိုတာ  ကြည့်ရအောင်နော်

ခန္ဓာကိုယ်ကို ကွေးကာ ထဖို့ ပြုလုပ်နေနိုင်ပါတယ် (photo: Crystalinks)

မေမေတို့ရေ သားသားမီးမီးလေးတွေဟာ မွေးကင်းစကနေ စပြီး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်လာကြမှာပါ။ ဒီလို အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့အချိန်မှာ တခြားအနှောင့်အယှက်တွေ ဝင်လာမယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုဟာ နှေးသွားမှာပါ။ သားသားမီးမီးလေး အသက် အပတ်(၂၀) မြောက်ဖြစ်တဲ့ ငါးလအရွယ်မှာ  ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေတဲ့အရာက ဘာတွေလဲဆိုတာ  ကြည့်ရအောင်နော်။

အပတ်(၂၀) အရွယ်မှာ

ဖွံ့ဖြိုးမှု အနေနဲ့ လက်၊ခြေတွေကို ဆန့်တန်းပြီး  ခန္ဓာကိုယ်ကို ကွေးကာ ထဖို့ ပြုလုပ်နေနိုင်ပါတယ်။ ဒီလို လုပ်တာက လည်ပင်းကြွက်သားတွေကို သန်မာစေပြီး နောက်ပိုင်း ဖွံ့ဖြိုးမှုတွေအတွက် အားယူနေတာပါ။  ပူလောင်အိုက်စပ်နေတာမျိုး မဟုတ်ဘဲ အေးအေးလူလူလေး ထားပေးပါ။ ကောင်းကောင်း အိပ်ပျော်စေဖို့ ရေချျိုးပေးပါ။ ဒီအရွယ်မှာ သူတို့လေးတွေ ကောင်းကောင်းအိပ်ပျော်တာက ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အရာပါ။

ဝမ်းမည်းမည်းတွေ သွားတယ်ဆိုရင် သားသားမီးမီးရဲ့ သွေးထဲမှာ သံဓါတ်တွေ ပိုနေတာပါ (photo: Crystalinks)

သားသားမီးမီးလေးကို သံဓါတ် အားဖြည့်ဆေးတွေ မတိုက်ဘဲ ဝမ်းမည်းမည်းတွေ သွားတယ်ဆိုရင်တော့

ဆရာဝန်နဲ့ ပြပါ။ အသက် အပတ်(၂၀) မြောက်မှာ ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေတဲ့အရာတွေကတော့ ဦးနှောက်ကို ထိခိုက်စေတဲ့ အခြေအနေပါ။ သားသားမီးမီးလေးတွေကို ပြင်းပြင်းထန်ထန် လှုပ်ခါတဲ့အခါ ခေါင်းကို အရမ်း လှုပ်ခါပြီး ချီတဲ့အခါမှာ ဦးနှောက်က ဦးခေါင်းခွံထဲမှာ နေရာတွေ ရွေ့သွားနိုင်ပါတယ်။

လည်ပင်းကြွက်သားလေးတွေ ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ ကလေးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ဒီလို ဖြစ်မယ်ဆိုရင်တော့ မျက်လုံး ထိခိုက်ခြင်း၊ အကြောသေခြင်း၊ ဦးနှောက် အလွန်အကျွံထိခိုက်ခြင်းနဲ့ ဖွံ့ဖြိုးမှု ရပ်တန့်သွားခြင်းတွေ ဖြစ်နိုင်ပါတယ်။မေမေတို့ရေ သားသားမီးမီးလေးတွေကို ပြင်းပြင်းထန်ထန် လှုပ်ရှားတာမျိုး မလုပ်နဲ့နော်။ လှုပ်ရမ်းခံရတဲ့ သားသားမီးမီးလေးတွေမှာ အအိပ်လွန်ခြင်း၊ အန်ခြင်း၊ အစားမစားခြင်း၊ အသက်ရှူရခက်ခြင်း၊ စိတ်တိုလွယ်ခြင်းတွေ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ဆီ ပြသင့်ပါတယ်။

ဒီအရွယ်မှာ ဖွံ့ဖြိုးမှုကို နှောင့်ယှက်နေတဲ့ အချက်တစ်ချက် ရှိပါသေးတယ်

အဲဒါကတေ့ာ သံဓါတ်တွေ များတာပါ။ ဝမ်းမည်းမည်းတွေ သွားတယ်ဆိုရင် သားသားမီးမီးရဲ့ သွေးထဲမှာ သံဓါတ်တွေ ပိုနေတာပါ။ အူလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ ဝင်တယ်ဆိုရင် ခန္ဓာကိုယ်ကနေ ဘက်တီးရီးယားကို ပြန်ထုတ်တာကြောင့် ဝမ်းသွားတဲ့အခါ အစိမ်း၊ အမည်းရောင်တွေ ဖြစ်နေတတ်ပါတယ်။ အကယ်လို့များ သားသားမီးမီးလေးကို သံဓါတ် အားဖြည့်ဆေးတွေ မတိုက်ဘဲ ဝမ်းမည်းမည်းတွေ သွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြပါ။ ဝမ်းတောက်လျှောက် သွားတာက ဖွံ့ဖြိုးမှုကို နောက်ကျစေတာကြောင့်ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles