မေမေ့သားသားမီးမီးလေး အသက်(၉) လအရွယ်

by: Phyo Pyae Thu
 0 comments  0 love

အသက်(၉) လအရွယ်မှာ ထိမိခိုက်မိတာတွေက ပုံမှန်ထက် ပိုပြီးတော့ များလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လေးတွေက စူးစူးစမ်းစမ်း စပ်စပ် စုစု လုပ်တာတွေကြောင့်ပါပဲ။

အသက်(၉) လအရွယ်လောက်မှာ မတ်တပ်စမ်းဖို့ ကြိုးစားနေပါပြီ (Photo: BabyCenter)

မေမေတို့ရဲ့ သားသားမီးမီးလေး အသက်(၉) လအရွယ်လောက်မှာ မတ်တပ်စမ်းဖို့ ကြိုးစားနေပါပြီ။ ရပ်နိုင်ပေလုပ်လိုက် ပြန်ထိုင်လိုက် အနေအထားလေးပါ။ ဒီအရွယ်မှာ ဒီလိုမျိုးဖြစ်တယ်ဆိုရင် ဖွံ့ဖြိုးမှုနှုန်းက မှန်ကန်ပါတယ်။ ဒါမေမေတို့ သိသိသာသာ ကလေးရဲ့ ဖွံ့ဖြိုးမှု့ကို မြင်ရမယ့်အရာပါ။

နောက်ထပ် မြင်ရမယ့် ဖွံ့ဖြိုးမှု တစ်ခုကတော့ အသက်(၉) လမှာ လက်ခုပ်တီးတတ်ခြင်းနဲ့ တာ့တာ ပြတာတွေ လုပ်နိုင်လောက်ပါပြီ။ ခုံလေးတွေနဲ့ တန်းလေးတွေကို အားပြုပြီး လမ်းလျှောက်ဖို့ စပြင်နေပါပြီ။ ရပ်နိုင်ပေ လုပ်နိုင်တယ်ဆိုရင်တော့ ဒါဟာ တော်တော်လေး ဖွံ့ဖြိုးမှု ကောင်းတဲ့သဘောပါ။ ဒီလို အချက်လေးတွေ ရှိနေရင် ဖွံ့ဖြိုးမှု မနောက်ကျဘူးနော်။

မေမေတို့ရေ ဒီအချိန်မှာ သားသားမီးမီးလေး ဖွံ့ဖြိုးတိုးတက်မှု မြန်စေဖို့အတွက် လုပ်ဆောင်ပေးလို့ရတာတွေ ရှိပါတယ်။ မတ်တပ်စမ်းတဲ့ အရွယ်ကနေ နောက်တဆင့်ဖွံ့ဖြိုးမှုကတော့ လမ်းလျှောက်ခြင်းပါ။ ကလေးလေး လမ်းလျှောက်ဖို့ အားထုတ်နိုင်ပါတယ်။ ဒီအချိန်ကျရင် သူ့ရှေ့ကနေ သူ့လက်လေးကိုကိုင်ရင်း မေမေ့ဆီ လျှောက်လာပါဆိုပြီး ပြောပေးနိုင်ပါတယ်။ ဒါက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ တိုးတက်စေနိုင်ပါတယ်။

အသက်(၉) လအရွယ်မှာ ထိမိခိုက်မိတာတွေက ပုံမှန်ထက် ပိုပြီးတော့ များလာနိုင်ပါတယ် (Photo: BabyCenter)

အသက်(၉) လအရွယ်မှာ ထိမိခိုက်မိတာတွေက ပုံမှန်ထက် ပိုပြီးတော့ များလာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လေးတွေက စူးစူးစမ်းစမ်း စပ်စပ် စုစု လုပ်တာတွေကြောင့်ပါပဲ။ ဒီအရွယ်မှာ မထိခိုက်မိအောင် ထားရပါမယ်။ ဒါမှ ဖွံ့ဖြိုးတိုးတက်မှု တဟုန်ထိုး ဖြစ်မှာပါ။ မဟုတ်ရင် အနာတရ ဖြစ်တာတွေက အနှောင့်အယှက် ဖြစ်စေမှာပါ။

ပုခက်နဲ့ သိပ်တဲ့ မေမေတွေ သတိထားရမယ့် အချက်တော့ သူတို့လေးတွေ ပုခက်ထဲက ထွက်ဖို့ ကြိုးစားကြတာပါ။ ပုခက်လေးကို တတ်နိုင်သမျှ နိမ့်ထားပါ။  ပုခတ်ထဲမှာ အရုပ်အကြီးတွေမထားပါနဲ့၊၊ သူတို့ပြုတ်ကျတဲ့အခါ ခံထားနိုင်အောင် ခေါင်းအုံးတွေ နူးညံ့တဲ့စောင်တွေကို ပုခက်ပတ်လည် ကြမ်းပြင်ပေါ်မှာချထားပါ။

မေမေတို့ရေ ကိုးလအရွယ် သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေတဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားလုပ်ဆောင်ဖို့ လိုတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles