ရှစ်လသားအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှု

by: Khin Nyein Lwin
 4 comments  7 love

ရှစ်လအရွယ်ကလေးရှိတယ်ဆိုရင် သူကဟိုဟိုဒီဒီ တောက်တောက် တောက်တောက်နဲ့ သွားနေတတ်ပြီး အများစုက သွားလေးတွေ စပြီးပေါက်နေတတ်ပါပြီ။

 သူ့နာမည်ခေါ်တာ ကြားတဲ့အခါ  အသံကြားရာဆီကို ခေါင်းလှည့် ကြည့်ပြီး တုံ့ပြန်တတ်နေပါပြီ။ အမြင်အာရုံက ပြည့်စုံနေပြီး သူ့အမေ အဝေးမှာရှိနေရင်လည်း မှတ်မိနေပါပြီ။ ဒီအရွယ်မှာ သင့်ကလေးရဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေနဲ့ ပြောင်းလဲပုံတွေကို လေ့လာခြင်းဖြင့် ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာအောင် ကူညီပေးနိုင်မှာပါ။

 ခနာကိုယ်ဖွံ့ဖြိုးတိုးတက်မှု

ကလေးရဲ့ ကြီးထွားမှုအလေးချိန်ကို အရပ်ထက် ပိုအလေးထားပါ။ အလေးချိန်ကနေ ကလေးတွေ အာဟာရ ဓာတ်တွေကို ဘယ်လိုကောင်းစွာ စုပ်ယူနိုင်လဲဆိုတာ ပြသလို့ပဲ ဖြစ်ပါတယ်။ အရပ်ကိုတော့ တခြားမျိုးရိုးဗီဇဆိုင်ရာ အချက်တွေနဲ့ ဆုံးဖြတ်ပါတယ်။ WHO က သတ်မှတ်ချက်အရ ၈ လအရွယ် ယောက်ျားလေးတွေရဲ့ ပျမ်းမျှ အလေးချိန်ဟာ ၈.၆ ကီလိုဂရမ်နဲ့ ၇၀.၅ စင်တီမီတာ ရှိပြီး မိန်းကလေးအတွက် ၈.၆ ကီလိုဂရမ် နဲ့ ၆၈.၉ စင်တီမီတာ ဖြစ်ပါသည်။

 လှုပ်ရှားနိုင်မှုစွမ်းရည်

သူ့ရဲ့ လက်မနဲ့ လက်ညှိုး လက်ခလယ်တို့ကို သုံးပြီး ပစ္စည်း အရာဝတ္ထုတွေ ကောက်တာနဲ့ တင်းတင်းဆုပ်ထားတာမျိုး လုပ်နိုင်တဲ့ စွမ်းရည်တိုးတက်လာပါပြီ။ ဒီစွမ်းရည်ကိုသုံးပြီး သူတို့ကိုယ်သူတို့ အစားစားနိုင်ဖို့ ကူညီအားပေးသင့်ပြီး တခြားအန္တရာယ်ဖြစ် စေတဲ့ဟာတွေ မကောက်စားဖို့တော့ သေချာကြည့်ရှုရပါမယ်။ တချို့တွေက စပြီးတွားသွားနေတတ်ပေမယ့် တကယ်လို့ သင့်ကလေးက မသွားသေးဘူးဆိုရင်လည်း စိတ်ပူစရာမလိုပါဘူး။ သင့်ကလေးက ပိုပြီးရွေ့လျားလာတာနဲ့အမျှ အိမ်ထဲလျှောက်သွား နေတတ်တာမို့လို့ သေချာဂရုစိုက် လိုက်ကြည့်ဖို့ လိုပါတယ်။

ဆက်သွယ်ခြင်း

သင့်ကလေးက အသံတွေကို လေ့ကျင့်ပြီး သူတို့ဟာသူတို့ စကားပြောနေတတ်ပေမယ့် သူတို့ပြောနေတာတွေရဲ့အဓိပ္ပါယ် တွေ ရှင်းပြပေးပြီး အကူအညီပေးနိုင်ပါတယ်။ သူတို့နားမှာရှိတဲ့ လှုပ်ရှားပုံတွေကို မျှော်ကြည့်နေဖို့ ကူညီပေးမယ့် အကျိုး အကြောင်းတွေကိုလည်း သင့်ကလေးက စတင်လေ့လာနေပါပြီ။ စွမ်းရည်တိုးတက်လာတာနဲ့အမျှ တချို့ပုံစံတွေ၊ အသံတွေကို လေ့လာမှတ်သားတဲ့အခါမှာ ပိုလွယ်စေပြီး သူတို့ရင်းနှီးတဲ့ အရာဝတ္ထုလေးတွေကို စကားလုံးတွေနဲ့ မှတ်သားလာနိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

 အမူအကျင့်

ဒီအရွယ်မှာ သင့်ကလေးဟာ သူတို့ရဲ့ စိတ်ခံစားချက်အားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်နေပါပြီ။ သူတို့ သေချာသိတဲ့ သူတွေကို fly kiss ပေးတာ စိတ်လှုပ်ရှားတဲ့အခါ လက်ခုပ်တီးတာနဲ့ နှုတ်ဆက်တာ့တာ ပြတာစတာတွေကို လုပ်လာ နိုင်ပါပြီ။ သင့်ကလေးဟာ သနားကြင်နာစိတ်ကို စတင် သိရှိနေပြီဖြစ်တဲ့အတွက် တခြားကလေးငိုရင် စိတ်ညစ်သလို လုပ်တာ ဒါမှမဟုတ် သူတို့မြင်တွေ့လိုက်ရတဲ့ စိတ်ခံစားချက်တွေကို အတုခိုးတာမျိုး လုပ်နိုင်ပါတယ်။

 ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု

သူတို့အနားမှာရှိတဲ့ လူတွေနဲ့ ပစ္စည်းတွေကို ခွဲခြားနိုင်မယ့် အမြင်အာရုံ ဖွံ့ဖြိုးမှုတွေ ရှိလာပါပြီ။ သူ့နာမည်သူလည်း မှတ်မိနေပြီး တစ်ယောက်ယောက်က သူ့နာမည်ခေါ်ရင် တုံ့ပြန်တတ်နေတဲ့အပြင် ခေါ်တဲ့သူကို မတွေ့မချင်း ခေါင်းလှည့်ပြီး ရှာနေမှာပါ။ အသံထွက်တဲ့ ဖုန်းရုပ်လေးတွေလို အရုပ်တွေကို ၈ လအရွယ်ကလေးတွေ ပိုကြိုက်နှစ်သက်ကြပြီး သူ့နားပေါ် ဖုန်းတင်ကာ ဖုန်းပြောသလို ပုံစံနဲ့တောင် ဟန်ဆောင်ကစားတတ်တဲ့အရွယ်ပါ။

 ရှစ်လအရွယ် ကလေးငယ်ကို ဂရုစိုက်ဖို့အတွက် အကြံကောင်းများ

သင့်ကလေးတစ်နေ့ကို နို့ ၇၀၀ – ၉၀၀ မီလီမီတာအထိ သောက်သင့်ပြီး အသီးအရွက်၊ ကလေး ဖြည့်စွက် အာဟာရမုန့်စတဲ့ အစားအစာတွေလည်း စားလို့ရနေပါပြီ။ ဒါပေမယ့် နို့ထွက်ပစ္စည်းပါတဲ့ အစားတွေနဲ့ ပျားရည် ကိုတော့ အသက် တစ်နှစ်မတိုင်ခင်အထိ စားသုံးဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

ကလေးအိပ်စက်ပုံကိုနားလည်ပါ

 တစ်နေ့ကို ၁၃-၁၄ နာရီလောက်ထိ အိပ်တတ်ပါတယ်။ သူ့တို့က နေ့ခင်းမှာလည်း တစ်နာရီလောက် တစ်ရေးအိပ်တတ်ပါတယ်။ သင့်ကလေးရဲ့ အာရုံခံစားမှု ကောင်းလာတဲ့အတွက် သင့်ကို သူမမြင်ရတဲ့အခါ အိပ်ခန်းထဲက ထွက်တဲ့အခါ ငိုပြီး ဂျီကျတတ်ပါတယ်။ အဲ့လိုဂျီကျတဲ့အခါသူ့ဘာသာသူ အိပ်ပျော်နိုင်အောင် ကူညီလေ့ကျင့်ပေးဖို့လိုပါတယ်။

ကလေးနဲ့ အပြင်သွားပါ

 သင်နဲ့အပြင်သွားရတာကို သင့်ကလေးက ကြိုက်နှစ်သက်ပါတယ်။ နေလောင်ဒဏ်ကွယ်ပေးမယ့် အရာတွေဝတ်ဆင်ပြီး ဟိုနားဒီနား သွားတဲ့အခါ သင့်ကလေးကို ခေါ်သွားပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles