သုံးလသားအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှု

by: Khin Nyein Lwin
 19 comments  11 love

မိခင်ရဲ့လှုပ်ရှားမှုတွေကို လိုက်ကြည့်ရုံသာမက သုံးလသားအရွယ် ကလေးငယ်ဟာ သူကြည့်နေတာတွေကို သတိပြုမိတဲ့အပြင် သင့်မျက်လုံးကိုလည်း လိုက်ကြည့်ဖို့ ကြိုးစားပါလိမ့်မယ်။

သုံးလသားအရွယ်ကလေးနဲ့ပတ်သက်ပြီး သိသင့်တဲ့အရာအားလုံး(ဖွံ့ဖြိုးမှု၊ အထိမ်းအမှတ်များ၊ အိပ်ပုံအိပ်နည်း၊ အကြံဉာဏ်၊ အစာကျွေးပုံစသည်) သိသာတဲ့ပြောင်းလဲမှု အများကြီးမရှိပေမယ့် ဒီအဆင့်မှာပြောင်းလဲပုံ တစ်ခုချင်းစီက သင့်ရဲ့သုံးလသားအရွယ်ကလေးငယ်ကို သူ့ပတ်ဝန်းကျင်အကြောင်း နားလည်ဖို့ ကူညီတဲ့နေရာမှာ ခြေလှမ်းတစ်ခုပါပဲ။ သင့်ကလေးက သူ့လက်ကလေးတွေကို သူ့ဟာသူငေးကြည့်နေပြီး လက်ကိုလှုပ်ကြည့်ဖို့ ကြိုးစားပါလိမ့်မယ်။ ထိန်းချုပ်တာမျိုး မလုပ်နိုင်သေးပေမယ့် အားကစားလှုပ်ရှားတာမျိုး တစ်မျိုးပါပဲ။

ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု

ကလေးဟာ အလေးချိန်ရော၊ အရပ်အမောင်းရော သိသိသာသာ တိုးတက်လာပြီဖြစ်ပါတယ်။ ဝဝကစ်ကစ်လေး ဖြစ်လာပြီး သူ့အတွက်ဝယ်ပေးထားတဲ့ အင်္ကျီအများစုနဲ့လည်း မတော်တော့တာ တွေ့ရပါလိမ့်မယ်။ ဒီကာလဟာ ကလေးတွေအနေနဲ့ ဖက်တာရယ်၊ သူတို့ခေါင်းကုတ်တာရယ်ကို စတင်လေ့လာတဲ့ အချိန်လည်းဖြစ်တယ်။ မိခင်အနေနဲ့ သေးခံချွတ်ပေးပြီး ကြမ်းပြင်ပေါ်ချကာ ကလေးတွေနဲ့ဆော့ပြီး သူရဲ့ဖွံ့ဖြိုးမှုပိုမို ကောင်းအောင် လုပ်ပေး နိုင်ပါတယ်။

 ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု

နေ့စဉ်လှုပ်ရှားမှုတွေ ကတဆင့် ကလေးတွေရဲ့မှတ်ဉာဏ်က မြန်မြန်ဖွံ့ဖြိုးပါလိမ့်မယ်။ စက္ကန့်တိုင်းမှာ ကလေးလေးတွေရဲ့ ဦးနှောက်ဟာ ဆက်သွယ်မှုထောင်ပေါင်း များစွာလုပ်နေပြီး သူတို့ Skillအသစ်တစ်ခုအပေါ် အာရုံစိုက်တိုင်း အသံ တတွတ်တွတ် ထွက်နေတတ်တာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် သူ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကိုလည်း စဉ်းစားပြီး နားလည်အောင်ကြိုးစားပါလိမ့်မယ်။ အဲ့ဒါကြောင့် တစ်ခါတလေမှာ ကလေးတွေကို သူတို့လက်လေးတွေ သူတို့ ကိုယ်တိုင် စိုက်ကြည့်နေတာမျိုး၊ သူ့ခေါင်းပေါ်က အရာတွေကို ကြည့်နေတာမျိုး တွေ့ရတတ်တာပါ။

လှုပ်ရှားနိုင်မှုစွမ်းရည်

ကလေးရဲ့ လည်ပင်းနဲ့ကြွက်သားတွေက ပိုသန်မာလာတဲ့အတွက် သူတို့လည်ပင်း၊ လက်မောင်းတွေနဲ့ ခြေထောက်တွေရဲ့ လှုပ်ရှားမှုတွေကို လွယ်လွယ်ကူကူ ထိန်းချုပ်လာနိုင်ပါတယ်။ တစ်ခုခုကိုကြည့်ဖို့ သူတို့လက်တွေနဲ့ ခေါင်းကို မလာနိုင်သလို အဖေကိုရှာဖို့လည်း ဦးခေါင်းလှည့်လာနိုင်ပါတယ်။ အနားမှာရှိတဲ့ အရုပ်တွေကို ထုရိုက်၊ ဆွဲယူ ဖို့လည်း အင်အားသုံးတတ်လာတယ်။ ဒါ့အပြင် မှောက်လျက်ထားတဲ့အချိန်မှာ ခြေထောက်တွေဆန့်တန်းပြီး ကန်ဖို့ ကိုယ်ခန္ဓာကိုယ်အောက်ပိုင်း သန်မာသင့်သလို ခေါင်းနဲ့ ရင်ဘတ် ကိုထိန်းဖို့ အပေါ်ပိုင်းလည်း သန်မာသင့်ပါတယ်။

 ဆက်သွယ်ခြင်း

ခံစားရတာတွေတင်မဟုတ်ပဲ သင့်အာရုံစိုက်မှုရဖို့အတွက် မျက်ရည်ပါကျတတ်လာပါပြီ။ ကလေးတွေဟာ တစ်နေ့လုံးနီးပါး ရယ်ရင်ရယ်၊ စကားတတွတ်တွတ်ပြောနေတတ်တဲ့အပြင် အမေရဲ့မျက်နှာအမှုအရာတွေနဲ့ လှုပ်ရှားပုံတွေကို ဘယ်လိုကူးယူရမလဲ ဆိုတာလည်း သူ့ဟာသူလေ့လာတတ်နေပါပြီ။ တကယ်တော့၃လအရွယ်ဟာတစ်နေ့ကို တစ်နာရီထက် ပိုမငိုသင့်ပါဘူး။ ပိုငိုတယ်ဆိုရင် မျက်ရည်တွေရဲ့ နောက်ကွယ်မှာ ကျန်မာရေး၊ အာရုံကြောနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခု ရှိနေနိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့လိုပါတယ်။

 အမူအကျင့်

အနားမှာရှိတဲ့လူတွေကို ပြုံးပြတာတင်မဟုတ်ဘဲ တခြားသူတွေအာရုံစိုက်အောင် ပြုံးပြတာတွေလည်း လုပ်တတ်လာပါတယ်။ သင်သူ့မျက်စိရှေ့ပေါ်လာတိုင်း သူကတာတာ့ပြဖို့၊ ပြုံးပြဖို့ကြိုးစားပြီး သင့်ကိုကြိုဆိုတယ်ဆိုတာ တွေ့ရပါမယ်။

မိခင်အတွက်အကြံဉာဏ်

 သင့်ကလေးက သင်စူးစူးစိုက်စိုက်ငေးကြည့်တာကို မကြည့်တတ်သေးပေမယ့် ပြုံးပြုံးရွှင်ရွှင်နဲ့ စကားလေးတွေ တီတီတာတာပြောပေးတာဟာ သူတို့ကိုစိတ်ကြည်နူးစေမှာပါ။

လုပ်ဆောင်ရန်လိုအပ်သည်များ

ဒုတိယအကြိမ်ကာကွယ်ဆေးထိုးခြင်း

သင့်ကလေး၃လသားအရွယ် ဖြစ်လာတဲ့အခါ အောက်ဖော်ပြပါ ရောဂါပိုး တွေကိုကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေ ဒုတိယတစ်ခါ ထိုးပေးနိုင်ပါတယ်။

  • ရိုတာဗိုင်းရပ်စ် – ကလေးငယ်တွေကို အစာမကြေဖြစ်စေနိုင်တဲ့ ကူးစက်နှုန်းမြန်တဲ့ ဗိုင်းရပ်စ်တစ်မျိုး
  • DTaP/IPV/Hib – ဆုံဆို့နာ၊ မေးခိုင်ရောဂါ၊ ချောင်းဆိုးရင်ကြပ်၊ ပိုလီယိုနဲ့ တုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်သည်။
  • Pneumococcal Conjugate ကာကွယ်ဆေး – နမိုးနီးယား၊ ဦးနှောက်အမြှေးရောင်နဲ့ ချောင်းဆိုးရင်ကြပ်စတဲ့ Pneumococcal ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနိုင်သည်။

ကလေးကိုစာဖတ်ပြပါ

ဒီအရွယ်မှာထဲက ကလေးကိုရိုးရှင်းတဲ့ စာအုပ်လေးတွေဖတ်ပြတာဟာ သူတို့ နားထဲကို ဘာသာစကားနဲ့ အသံတွေနဲ့ ရင်းနှီးမှုရစေပါတယ်။ ပုံမှန်အိပ်ချိန်တစ်ခု သတ်မှတ်ထားတယ်ဆိုရင် ပုံပြင်ပြောချိန် လေးထပ်ထည့်လိုက်ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles