အသက်(၂)ပတ်အရွယ်မှာ ကလေးလေးတွေ ဘယ်လိုဖွံ့ဖြိုးလာတာလဲ

by: Nang Htwe
 0 comments  10 love

ချစ်စရာကောင်းလွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အသက်(၂)ပတ်အရွယ်ဟာ ငယ်လွန်းတာကြောင့် တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာကို မေမေဖေဖေတို့သတိမထားမိကြပါဘူး။

မေမေတို့ရဲ့ မိခင်နို့ အပြည့်အဝရတဲ့ သားသားမီးမီးလေးတွေကတော့  (၂)ပတ်အရွယ်မှာ စတင် ဖွံ့ဖြိုးတိုးတတ်လာပါပြီ (Photo by HuffPost Canada)

သားသားမီးမီးလေးတွေရဲ့ အသက်(၁)ပတ်က ဖွံ့ဖြိုးမှုက မသိသာပေမယ့် အသက်(၂)ပတ်ထဲရောက်လာတဲ့ အခါမှာတော့ ခြေထောက်နဲ့ လက်လေးတွေ လျင်လျင်မြန်မြန်နဲ့ အလိုအလျောက် တုံ့ပြန်တတ်နေပါပြီ။ မကြာမီမှာ သားသားမီးမီးလေးတွေ ခြေထောက်စကန်တတ်တော့မှာပါ။ အသက်(၂)ပတ်အရွယ် သားသားမီးမီးလေးတွေရဲ့ အရွယ်အစားဟာ (၈)လက်မမှ (၁၀)လက်မအထိ ရှိပါတယ်။ သားသားမီးမီးလေးတွေရဲ့ မျက်ခုံးလေးနဲ့ ပါးစပ်လှုပ်ရှားတာတွေကလည်း ထင်ထင်ရှားရှားဖြစ်နေတာကို မေမေဖေဖေတို့ တွေ့ရမှာပါ။ အသက်(၂)ပတ်အရွယ် သားသားမီးမီးလေးတွေ ရဲ့ ဖွံ့ဖြိုးလာပုံအဆင့်ဆင့်ကို Kalay ကနေဝေမျှပေးလိုက်တယ်နော်။

ဖွံ့ဖြိုးမှု

မေမေတို့ရဲ့ မိခင်နို့ အပြည့်အဝရတဲ့ သားသားမီးမီးလေးတွေကတော့  (၂)ပတ်အရွယ်မှာ စတင် ဖွံ့ဖြိုးတိုးတက်လာပါပြီ။ နို့စို့တဲ့အခါမှာလည်း သားသားမီးမီးလေးတွေရဲ့ နှုတ်ခမ်းလေးက အဖွင့်အပိတ်ပြုလုပ်တတ်လာပါပြီ။ နို့စို့တဲ့အခါမှာလည်း ငြိမ်ငြိမ်သက်သက်နဲ့ စို့တတ်နေပါပြီ။

ခြေထောက်

သားသားမီးမီးလေးတွေရဲ့ ခြေထောက်လေးတွေကို မြေကြီးနဲ့ ထိတွေ့လိုက်တဲ့အခါမှာ ခြေထောက်လေးတွေ လှုပ်ရှားဖို့ကြိုးစားနေတာကို တွေ့ရမှာပါနော်။ ဒါကလည်း သားသားမီးမီးလေးတွေရဲ့ ဖွံ့ဖြိုးလာတဲ့ လက္ခဏာပါ။

အကြားအာရုံ

အသက်(၂)ပတ်အရွယ်မှာ သားသားမီးမီးလေးတွေက လက်လေးတွေ လှုပ်ရှားဖို့ ကြိုးစားသလို အသံတွေကိုလည်း နားထောင်တတ်နေပါပြီ။ မေမေဖေဖေတို့က သီချင်းဆိုပြီးချော့သိပ်တဲ့အခါ အိပ်ပျော်သွားတာက အကြားအာရုံဖွံ့ဖြိုးလာတဲ့ လက္ခဏာပါ။

 

ခြေထောက်လေးတွေကို မြေကြီးနဲ့ ထိတွေ့လိုက်တဲ့အခါမှာ ခြေထောက်လေးတွေ လှုပ်ရှားဖို့ကြိုးစားနေတာက ဖွံ့ဖြိုးလာတဲ့လက္ခဏာပါ (Photo by Healthline)

လက်သည်း

အသက်(၂)ပတ်အရွယ်မှာ သားသားမီးမီးလေးတွေရဲ့ လက်သည်းလေးတွေ ရှည်လာတာကို မေမေဖေဖေတို့မြင်တွေ့ရမှာပါ။ သားသားမီးမီးလေးတွေရဲ့ လက်သည်းလေးတွေဟာ ပျော့ပျောင်းပါတယ်။ ဒါပေမယ့်လည်း မေမေဖေဖေတို့က ကုတ်ခြစ်မိတာတွေ မဖြစ်အောင်လို့ လက်သည်းလေးတွေကို ညှပ်ပေးဖို့လိုပါတယ်။

အသစ်စက်စက်မေမေဖေဖေ

ဒီအချိန်လေးက အသစ်စက်စက်မေမေဖေဖေတွေ စိတ်အလှုပ်ရှားဆုံးအချိန်ပါ။ သားသားမီးမီးလေးတွေရဲ့ အနှီးတွေကို ခဏခဏလဲပေးရတာတွေ၊ သေးခံ(ဒိုင်ပါ)အသုံးပြုနည်းတွေ နဲ့  အဝတ်အစားဝတ်ပေးတာတွေက စိတ်အလှုပ်အရှားဆုံးအချိန်ပါပဲ။

ဆက်သွယ်ရေး

အသက်(၂)ပတ်အရွယ် သားသားမီးမီးလေးတွေရဲ့ ဆက်သွယ်ရေးကတော့ ငိုတာပါပဲ။ သူတို့လေးတွေရဲ့ လိုအပ်ချက်တွေကို ငိုတာနဲ့ပဲဆက်သွယ်ပါတယ်။ ဒါကြောင့် မေမေဖေဖေတို့က သားသားမီးမီးလေးတွေ ငိုတာနဲ့ ဘာလိုအပ်နေတယ်ဆိုတာ သိဖို့လိုပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles