တစ်နှစ်သားအရွယ်ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှု

by: Khin Nyein Lwin
 3 comments  53 love

တစ်နှစ်သားကလေးငယ်က တစ်ယောက်တည်းမတ်တတ်ရပ်သင့်ပြီး နည်းနည်းစမ်းပြီး လမ်းလျှောက်တတ်သင့်တဲ့ အရွယ်ပါ။ ၂၅ စင်တီမီတာလောက် အရပ်ပိုရှည်လာပါတယ်။

ကလေးရဲ့ ပထမဆုံးမွေးနေ့ရောက်လာပါပြီ။ ပြီးခဲ့တဲ့ (၁၂)လကို ပြန်ကြည့်မယ်ဆိုရင် ကလေးက တော်တော်ဖွံ့ဖြိုး လာတာ တွေ့ရမှာပါ။ မွေးကင်းစအရွယ်ကထက်စာရင် တစ်ယောက်တည်းပို နေတတ်လာပါပြီ။ ဒီအရေးကြီးတဲ့ ဘဝ မှတ်တိုင်တစ်ခုကို ကျင်းပဆင်နွှဲရင်း သင့်ရဲ့တစ်နှစ်သား ကလေးက လူကြီးလေးတစ်ယောက်ပုံစံ ဖွံ့ဖြိုးခဲ့ပြီးတာတွေ ပြန်မြင်နိုင်ပြီး နောက်နှစ်တွေမှာလည်း ဖြစ်လာနိုင်မယ့် ဘဝမှတ်ကျောက်တွေကို စောင့်မျှော်နေနိုင်ပါတယ်။

 ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု

မွေးပြီးကတည်းက ၁နှစ်လောက်ကြာရင် ၂၅ စင်တီမီတာလောက် အရပ်ပိုရှည်လာပြီး အလေးချိန်ကလည်း နှစ်ဆ၊ သုံးဆ လောက် တက်လာပါလိမ့်မယ်။ သူတို့လေးတွေရဲ့ ဦးနှောက်က လူကြီးဦးနှောက်ရဲ့ ၆၀% လောက်ပဲရှိပါတယ်။ တစ်နှစ်တာ ကျော်လွန်ပြီးတဲ့အခါ သူ့လှုပ်ရှားမှုတွေများလာတာနဲ့အမျှ ကလေးရဲ့ကိုယ်အလေးချိန်တက်တာ တဖြည်းဖြည်း နှေးလာ ပါလိမ့်မယ်။

 ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု

ကလေးငယ်ဟာ အမူအရာတိုင်း လိုက်လုပ်တာ၊ ပစ္စည်းတွေတစ်ခုနဲ့တစ်ခု ထုရိုက်တာ၊ အကူအညီမပါဘဲ ပစ္စည်း တွေကို ကိုင်တာ၊ လွှတ်တာတွေလိုမျိုးကို တစ်နှစ်သားအရွယ်မှာ လုပ်တတ်သင့်နေပါပြီ။ ဗူးထဲကို ပစ္စည်းတွေ ထည့်တာ၊ ထုတ်တာလိုမျိုး လွယ်ပြီးရှင်းတဲ့ အမိန့်တွေ လိုက်နာတတ်သင့်ပါပြီ။ ပစ္စည်းတွေကို လှုပ်ခါတာ၊ ပစ်တာနဲ့ ထုရိုက်တာမျိုး၊ ပျောက်နေတဲ့ အရာတွေကို လွယ်လွယ်ပြန်ရှာတွေ့တာမျိုးတွေလည်း လုပ်တတ်သင့်ပါတယ်။

လှုပ်ရှားနိုင်မှုစွမ်းရည်

 တစ်နှစ်သားကလေးငယ်က တစ်ယောက်တည်း မတ်တတ်ရပ်သင့်ပြီး နည်းနည်းစမ်းပြီး လမ်းလျှောက်တတ်သင့်တဲ့ အရွယ်ပါ။ မလျှောက်သေးဘူးဆိုရင် ပထမဆုံးလမ်းလျှောက်မှာကို ဗီဒီယိုရိုက်ထားဖို့ ပြင်ဆင်ထားလိုက်ပါ။

စားတာ၊ အဝတ်ဝတ်တာနဲ့ စာရွက်လှန်တာ စတဲ့သူတို့လက်ချောင်းလေးတွေကို သုံးတဲ့ပုံစံလေးတွေ တဖြည်းဖြည်း ကျွမ်းကျင်လာတဲ့ အရွယ်ပါ။ ဇွန်း၊ တယ်လီဖုန်း၊ ဘီးစတဲ့နေ့စဉ် ထိတွေ့နေရတဲ့ အရာလေးတွေကို သုံးရတဲ့ ရည်ရွယ်ချက် ဘာမှန်းမသိသေးပေမယ့် တဖြည်းဖြည်းနဲ့ မှန်အောင် အသုံးပြုလာနိုင်ပြီဖြစ်ပါသည်။

ဆက်သွယ်ခြင်း

တာတာ့ပြတာ၊ ခေါင်းခါ/ခေါင်းညိတ်တာနဲ့ သူတို့နားလည်တဲ့ မေးခွန်လေးတွေကို ပြန်ဖြေတာ စတဲ့ရိုးရှင်းတဲ့ အမူအရာ လေးတွေ လုပ်တတ်သင့်နေပါပြီ။ အသံနေအသံထားတွေ ပြောင်းပြောတတ်လာပြီး သင့်ပြောစကားတွေကိုလည်း လိုက်ပြောတတ်နေပါပြီ။ သူတို့အများဆုံးပြောလေ့ရှိတဲ့ စကားတွေကတော့ မေမေ၊ ဖေဖေ  စတာတွေဖြစ်တယ်။

 စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု

တစ်နှစ်သားအရွယ် ကလေးငယ်ဟာ သူစိမ်းတွေနဲ့ တချို့လူမှုရေးအခြေအနေတွေမှာ ရှက်နေနိုင်ပါတယ်။ သူတို့ ဆီမှာ အကြိုက်ဆုံးအရုပ်တွေနဲ့ လူတွေရှိနေနိုင်ပြီး မိဘတွေအနားမရှိတဲ့အခါ ငိုတတ်ကြပါတယ်။ တူတူပုန်းတမ်းလို ကစား နည်းလေးတွေ ကစားတတ်ကြပြီး အဝတ်အစားရွေးတဲ့အခါ ဝင်ပြီးကူညီပေးတာမျိုး၊ သူတို့ကစားချင်တဲ့အရာတွေ ယူလာပြီး တူတူကစားစေချင်တာမျိုး၊ သူတို့အပေါ်အာရုံစိုက်စေချင်တဲ့အခါ ဆူညံသံပေးတာမျိုး စတဲ့ အပြုအမူလေးတွေ လုပ်လာကြ တာကို တွေ့ရမှာပါ။

တစ်နှစ်အရွယ် ကလေးငယ်ကို ဂရုစိုက်ဖို့ အကြံကောင်းများ

  • ကလေးကို သေချာအစာကျွေးပါ – ဒီအရွယ်မှာ သင့်ကလေးက တခြားနို့တွေပြောင်းသောက်နိုင်ပါပြီ။ ဒါဟာ သူတို့ရဲ့ ဦးနှောက် ကြီးထွားဖွံ့ဖြိုးဖို့ ကူညီပေးနိုင်တဲ့ အဆီပိုတွေ ပေးစွမ်းပါတယ်။ သင့်ကလေး(၂)နှစ် အရွယ် မရောက်ခင်အထိ အဆီနည်းတဲ့အစာတွေ မကျွေးပါနဲ့။ နို့ဘူးတိုက်တာဖြစ်ဖြစ်၊ သားရေစာမုန့်ကျွေးတာဖြစ်ဖြစ် လုပ်ဆောင်ပါ။ သင့်ကလေးက ပုံမှန်အစားအစာတွေ စားတတ်နေပြီဖြစ်ပေမယ့် လည်ချောင်းမှာ အစာနင် နေနိုင်မယ့် ဟော့ဒေါ့နဲ့ ပေါက်ပေါက်ဆုပ် စတာကျွေးတာတွေ ရှောင်ပါ။ သူတို့အစာစားတဲ့အခါ စိတ်ချရအောင် သင့်ကလေးနားမှာ နေပေးပါ။
  • နို့ဖြတ်ဖို့ အချိန်တန်ပါပြီ – သင့်ကလေးက ခွက်ကိုမသုံးတတ်သေးပါဘူး။ ဒါပေမယ့် အစာကျွေးတဲ့အချိန်တိုင်း တစ်ခုခု ပေးကိုင်ထားပါ။ ဒါပေမယ့် ခွက်ထဲသူမသောက်ဖူးသေးတဲ့ အရည်တွေ ထည့်မတိုက်ပါနဲ့။ စောလွန်း ပါသေးတယ်။ ကလေးကို နို့ဘူးကိုင်ပြီး လျှောက်သွားတာမျိုး ခွင့်မပြုဘဲ သင်နဲ့အတူ ထိုင်သောက်ခိုင်းပါ။ အချိန် ကြာလာတာနဲ့အမျှ ညအိပ်ရာဝင်ခါနီးရင် သင့်ကလေးကို နို့ဘူးအစား တခြားသရေစာမုန့်တွေ ကျွေးလို့ရပါပြီ။ ညမအိပ်ခင် နို့ဘူးကိုင်ပြီးအိပ်တတ်တာထက် တခြားအရုပ်တွေ၊ စောင်ကို ကိုင်ပြီး အိပ်ပျော်တတ်အောင် ကူညီ ပြောင်းလဲပေးပါ။
  • ကလေးကို သီချင်းဆိုပြပါ – သင့်ကလေးက သူ့လိုအပ်ချက်တွေကို သင့်ကို မပြောပြနိုင်တဲ့အတွက် စိတ်တို ပါလိမ့်မယ်။ ကလေးသီချင်းလေးတွေက သင့်ကလေးစကားကို နားလည်အောင် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့ အချိန်အထိ အကူအညီပေးနိုင်ပါတယ်။ သင့်ကလေးဗိုက်ဆာရင်၊ တစ်ခုခုသောက်ချင်ရင်၊ တခြားလိုချင်တာ တွေကို အမူအရာ၊ သင်္ကေတတွေနဲ့ ပြောပြတတ်အောင် သင်ပေးပါ။ သင်္ကေတတွေ သင်ပေးတာက သင့်ကလေး ကို မြန်မြန်စကားပြောတတ်အောင် ကူညီပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
  • သင့်ကလေးကို ဖိနပ်တစ်ရံ ပထမဆုံးဝယ်ပေးပါ။ ။ သင့်ကလေးက လမ်းလျှောက်တတ် လာတာနဲ့အမျှ ဖိနပ်ဝယ်ပေးဖို့ စဉ်းစားရမယ့် အချိန်ပါပဲ။ လှတဲ့ဖိနပ်ထက် သက်တောင့်သက်တာဖြစ်တဲ့ ဖိနပ်ကိုရွေးပါ။ သင့်ကလေးရဲ့ ခြေထောက်အတိုင်းအတာကိုယူပြီး စီးလို့ကောင်းတဲ့အပြင် ခြေထောက်ကြီးလာရင်လည်း တော်ဦး မယ့် ဖိနပ်မျိုးကို ရောင်းတဲ့သူနဲ့ အတူရွေးချယ်ပါ။ သင့်ကလေးတဖြည်းဖြည်း ကြီးထွားလာတာနဲ့အမျှ ၂-၃ လ တစ်ခါ ဖိနပ်ဝယ်ပေးနေရမှာပါ။
Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles