ဝှေးစေ့ကျုံ့ခြင်းနဲ့ ခြေထောက်ကွေးခြင်းဖြစ်တဲ့ မွေးကင်းစအရွယ်

by: Phyo Pyae Thu
 0 comments  0 love

မွေးကင်းစအရွယ်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းဖွံ့ဖြိုးမှုတွေအနေနဲ့ ကြုံတွေ့ပြောင်းလဲမှာတွေ များပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီ ဖွံ့ဖြိုးလာမှာပါ။

သူတို့လေးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီ ဖွံ့ဖြိုးလာမှာပါ(photo:Eumom)

မေမေတို့ရေ သားသားမီးမီးလေးတွေ မွေးကင်းစအရွယ်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းဖွံ့ဖြိုးမှုတွေအနေနဲ့ ကြုံတွေ့ပြောင်းလဲမှာတွေ များပါတယ်။ သူတို့လေးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီ ဖွံ့ဖြိုးလာမှာပါ။ သားသားမီးမီးလေးတွေမှာ ဝှေးစေ့ကျုံ့ခြင်းနဲ့ ခြေထောက်ကွေးခြင်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တာကို သိနိုင်မယ့် အရွယ်ကတော့ သားသားမီးမီးလေး အသက်(၂) လအရွယ်ပါ။

မွေးကင်းစအရွယ်မှာ ဝှေးစေ့ကျုံ့ခြင်းနဲ့ ခြေထောက်ကွေးခြင်းဖြစ်နိုင်ပါတယ်(photo:Eumom)

ဝှေးစေ့ကျုံ့ခြင်း

ကလေးလေး လိင်အင်္ဂါဟာ ဗိုက်ထဲမှာရှိနေစဉ်ကတည်းက စတင်ဖွံ့ဖြိုးလာတာပါ။ သားဥအိမ်တွေက မွေးတဲ့အချိန်မှာ ဖွံ့ဖြိုးခြင်း ပြီးပေမယ့် ဝှေးစေ့လေးတွေကတော့ မွေးဖွားပြီး ဒုတိယလမြောက်ရောက်မှသာ အောက်ဘက်ကို ကျသွားပြီး ဖွံ့ဖြိုးခြင်း ပြီးဆုံးတာပါ။ ပုံမှန်ဆိုရင်တော့ အပူချိန်များတဲ့အခါမှာ ဝှေးစေ့က ခန္ဓာကိုယ်ကနေ အပြင်ဘက်ကို ထွက်လာပါတယ်။ မေမေတို့ သားသားလေးတွေကို ရေနွေးနဲ့ ရေချိုးပေးတဲ့အခါမှာ ဝှေးစေ့နှစ်လုံးက ကပ်ပယ်အိတ်ထဲမှာ မမြင်ရဘူးဆိုရင် ဝှေးစေ့ကျုံ့နေတယ်လို့ ယူဆလို့ ရပါတယ်။ ဝှေးစေကျုံ့ခြင်းဟာ နာကျင်ခြင်းနဲ့ ဆီးမသွားနိုင်တာတို့ မဖြစ်နိုင်ပါဘူး။ အသက်တစ်နှစ်ရှိတဲ့ ကလေး(၃%) လောက်မှာ ဝှေးစေ့ကျုံ့တာတွေ ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသဖို့တော့ လိုပါတယ်။

ခြေထောက်ကွေးခြင်း

မေမေတို့ရဲ့ သားသားမီးမီးလေး တော်တော်များများမှာ ခြေထောက်ကွေးတတ်ကြပါတယ်။ ဒီလုပ်ဖြစ်ရတာက မွေးတဲ့အခါမှာ ခြေထောက်ကွေးပြီး မွေးလာခြင်းနဲ့ ဗိုက်ထဲမှာ နေစဉ်က သားအိမ်မှာ ကြွက်သားတွေ ကျုံ့ခြင်းကြောင့် ကလေးရဲ့ ခြေထောက်ကို လိမ်သွားအောင် ပြုလုပ်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သားအိမ်ထဲမှာ လပေါင်းများစွာ ကွေးနေခဲ့ရတာမို့ ခြေထောက်လေးတွေ ကွေးနေတာ ဖြစ်နိုင်ပါတယ်။ ခြေခွင်ခြင်း ဟုတ်မဟုတ်ကိုတော့ ဆရာဝန်ပြကြည့်ဖို့ လိုပါတယ်။ (၁၁) ပတ်ကို လွန်မြောက်ပြီး လအနည်းငယ်ကြာရင်တော့ ကလေးရဲ့ ခြေထောက်မြှောက်ခြင်း၊ လှုပ်ရှားခြင်းတွေ စတင်လုပ်တဲ့အခါ ပြန်လည် ဆန့်သွားမှာပါ။ ဒီလို လုပ်သည့်တိုင်အောင် ခြေထောက်က ပြန်မဆန့်ဘူးဆိုရင်တော့ ဆရာဝန်ပြပါ။

From Kalay with


Comments

0 comments
Latest video