ကလေးလေး အသက်အရွယ်နဲ့လိုက်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိရဲ့လား

by: Phyo Pyae Thu
 1 comments  1 love

 မေမေ့ကလေးလေးက မျက်စိရှေ့တင် ဖွံ့ဖြိုးလာမှာပါ။ မေမေ့ ကလေးလေး အသက်အရွယ်နဲ့ လိုက်တဲ့ ဖွံ့ဖြိုးမှု ရှိရဲ့လားဆိုတာ သိထားသင့်ပါတယ်။

မေမေ့ကလေးလေးက မျက်စိရှေ့တင် ဖွံ့ဖြိုးလာမှာပါ (photo: www.enfamil.ca)

မေမေတို့ရေ သားသားမီးမီးလေး အသက်(၁၁) လမှာ ဘာတွေဖွံ့ဖြိုးလာမယ်လို့ ထင်ပါသလဲ၊ မေမေ့ကလေးလေးက မျက်စိရှေ့တင် ဖွံ့ဖြိုးလာမှာပါ။ မေမေ့ ကလေးလေး အသက်အရွယ်နဲ့ လိုက်တဲ့ ဖွံ့ဖြိုးမှု ရှိရဲ့လားဆိုတာ သိထားသင့်ပါတယ်။ ဒီလိုမှ မသိထားရင် ကလေးရဲ့ ဖွံ့ဖြိုးမှုနှုန်း မှန်မမှန်ကို သိရဖို့ ခက်နိုင်ပါတယ်။

မတ်တပ်စမ်းနေပါပြီ (photo: www.enfamil.ca)

ဘာတွေ ဖွံ့ဖြိုးနေပြီလဲ

  • အရုပ်လေးတွေ ကိုင်တွယ်ဆော့တတ်လာခြင်း
  • မတ်တပ်စမ်းခြင်း ဒါမှမဟုတ် လမ်းကောင်းကောင်းလျှောက်နိုင်ဖို့ ကြိုးစားခြင်း
  • ပစ္စည်းသေးသေးလေးတွေကိုပါ လက်မနဲ့ လက်ညှိုးနဲ့ ညှပ်ပြီး သေသေချာချာကိုင်တတ်လာပါပြီ

မေမေတို့ရေ ဒီအရွယ်မှာ သားသားမီးမီးလေးတွေရဲ့ ခြေထောက်နုနုလေးတွေကို ကာကွယ်ထားဖို့ လိုပါတယ်။ ဒါကြောင့် ကလေးရဲ့ ခြေထောက် အလွယ်တကူ လှုပ်ရှားလို့ရပြီး နူးညံ့တဲ့ ဖိနပ်ကိုသာ ရွေးရပါမယ်။ သားသားမီးမီးလေး အသက် (၁၁)လလောက် အရွယ်မှာ အသက်ရှူအောင့်တာတွေ လုပ်တတ်ပါတယ်။ အရမ်းစိုးရိမ်စရာ မရှိပေမယ့်လည်း မေမေတို့ ဂရုစိုက်ဖို့တော့ လိုပါတယ်။

  • မေမေတို့ရဲ့ ကလေးကို အိပ်ရေးဝဝ အိပ်ခိုင်းပါ။
  • ကလေး အရမ်းစိတ်ညစ်စေနိုင်တဲ့ စိတ်ကျဉ်းကြပ်မှုတွေ မပေးပါနဲ့။
  • မေမေ့ကလေးလေး ငိုတဲ့အခါ အရုပ်၊ သီချင်းတွေနဲ့ ချော့မြှူပါ။
  • ကလေးကဒီလိုအသက်ရှူရပ်၊ အသက်ရှူအောင့်လိုက်တာနဲ့ အလျှော့ပေးလိုက်တာမျိုးလည်း မလုပ်ပါနဲ့။ ကလေးက ဒီလိုလုပ်တဲ့အခါ သူလိုချင်တာ ရတယ်ဆိုရင် နောက်ပိုင်းခဏခဏ လုပ်နေပါလိမ့်မယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေ အသက်(၃) လလောက်ကနေစပြီး သူတို့လေးတွေရဲ့ အပြုအမှုကို ခန့်မှန်းလို့ ရပါပြီ။ ဒီလိုအပြုအမူတွေက သားသားမီးမီးလေး အသက်(၁၁)လမှာ ပိုပြီးသိသာလာပါတယ်။ ဒါတွေကို ကြည့်ပြီးတော့ သားသားမီးမီးလေးတွေကို ထိန်းကျောင်းပေးရမှာ ဖြစ်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles