သားသားမီးမီးလေးတွေ အသက်တစ်လခွဲလောက်ဆိုရင်

by: Phyo Pyae Thu
 0 comments  18 love

ချက်ကြိုးနေရာ ရောဂါပိုး ဝင်တာကတော့ ဖြစ်ခဲပါတယ်။ ချက်နေရာကို ဂရုတစိုက်ထားပြီး ခြောက်သွေ့နေမယ်ဆိုရင်တော့ ရောဂါပိုး မဝင်နိုင်ပါဘူး။

သားသားမီးမီးလေး (၆) ပတ်အရွယ်မှာ ချက်ကြိုးကို ဂရုစိုက်ဖို့ လိုပါသေးတယ် (Photo: Joyful Messes)

မေမေတို့ရေ သားသားမီးမီးလေး ဝမ်းထဲက ကျွတ်ပြီး လူ့လောကအပြင်နဲ့ ထိတွေ့တာ (၆) ပတ် ဒါမှမဟုတ် (၁) လခွဲရှိပြီဆိုရင်  သားသားမီးမီးလေးက ခေါင်းလောင်းမြည်သံလိုမျိုး အသံလေးတွေကို စိုက်ကြည့်နေတာ၊ ငိုတာ ဒါမှမဟုတ် တိတ်ပြီးငြိမ်သွားတာမျိုး နည်းလမ်းတစ်မျိုးမျိုးနဲ့ ပြန်တုံ့ပြန်တတ်လာပါပြီ။ မေမေတို့ တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးပျော်ရွှင်ရမှာပါ။ ဒီလို ပျော်ရွှင်မှုတွေ ရေရှည်ခိုင်မြဲဖို့အတွက် သားသားမီးမီးလေးရဲ့ ကျန်းမာရေးကိုတော့ ဂရုစိုက်ဖို့တော့ လိုတယ်နော်။ ဘာတွေကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ ပြောပြမယ်နော်။ ဒါမှ ဖွံ့ဖြိုးတိုးတက်မှု မှန်ကန်မှာနော်။

မေမေတို့ရဲ့ နို့ချို မတိုက်နိုင်ရင်လည်း စိတ်မကောင်း မဖြစ်နဲ့နော်။ နို့ဗူးလေး တိုက်ဖို့ ကြိုးစားကြည့်ပါ။ နို့ဗူးတိုက်တာကလည်း နည်းစနစ်မှန်မယ်ဆိုရင်တော့  ကျန်းမာပျော်ရွှင်စေပြီး လုံလောက်တဲ့ကိုယ်အလေးချိန်ရစေပါတယ်။ အချိုးအဆများများဖျော်မိရင်တော့ အရမ်းဝလာစေပြီး တခြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အန်ထုတ်မယ်၊ ဗိုက်နာမယ်၊ အရမ်းအလေးချိန်တက်လာမယ်ဆိုရင်တော့ အချိုးများနေပါပြီ။  တစ်ကြိမ်တိုက်ရင် ဘယ်လောက်တိုက်ရမယ် ၊ ဘယ်လိုဖျော်ရမယ်ဆိုတာ ဆရာဝန်ကညွှန်ပြပြောပြပါလိမ့်မယ်။

သားသားမီးမီးလေး အိပ်ချိန်ကိုလည်း စောင့်ကြည့်ဖို့တော့ လိုပါတယ် (Photo: Joyful Messes)

မွေးကင်းစကလေးငယ်တွေရဲ့ ပုံမှန်အသက်ရှူနှုန်းဟာ နိုးနေချိန်မှာ တစ်မိနစ်ကို အကြိမ်လေးဆယ်လောက်ရှိပါတယ်။ အိပ်ချိန်မှာနှေးသွားတတ်ပြီး အကြိမ်နှစ်ဆယ်လောက်ထိလျော့သွားနိုင်တယ်။  ကလေးက (၁၅) စက္ကန့်၊ စက္ကန့် (၂၀) လောက် မြန်မြန်သွက်သွက် အသက်ရှူကာ (၁၀)စက္ကန့် ၀န်းကျင်လောက်ရပ်သွားပြီး ပြီးမှ တဖန် ဆက်ရှူတာမျိုးရှိပါတယ်၊ ဒါကပုံမှန်ပါ။ ဒါဟာ ကလေးငယ်တွေရဲ့ ဦးနှောက်က အသက်ရှူစနစ်ကိုထိန်းချုပ်တဲ့နေရာမှာ ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ပါနော်။

မေမေတို့ရေ သားသားမီးမီးလေး အိပ်ချိန်ကိုလည်း စောင့်ကြည့်ဖို့တော့ လိုပါတယ်။ မေ့မေ့လက်ပေါ်မှာလည်း အိပ်သွားတာတွေ ရှိနိုင်ပါတယ်။ လက်ပေါ်ကနေ ချချင်တယ်ဆိုရင်တော့ သားသားမီးမီးလေးကို အိပ်ရာပေါ်တင်လိုက်ပါ။ ပထမလတွေမှာတော့  သွင်းရထုတ်ရလွယ်တဲ့ ပုခက်မျိုးအသုံးပြုပါ၊ အခန်းအလင်းရောင်ကိုလျှော့လိုက်ပါ။ သားသားမီးမီးလေးကို ချော့သိပ်တဲ့နေရာနဲ့ သူအိပ်မယ့် နေရာလေး နီးနေအောင် ထားပါ။ ဘာလို့လဲဆိုတော့ မေမေ ချော့တဲ့နေရာနဲ့ သိပ်မယ့်နေရာ ဝေးရင် ချီပြီးရွှေ့တဲ့အခါ လမ်းမှာ နိုးမှာစိုးတာကြောင့်ပါ။

သားသားမီးမီးလေး တစ်လခွဲအရွယ်မှာ ချက်ကြိုးကို ဂရုစိုက်ဖို့ လိုပါသေးတယ်။ ချက်ကြိုးနေရာ ရောဂါပိုး ဝင်တာကတော့ ဖြစ်ခဲပါတယ်။ ချက်နေရာကို ဂရုတစိုက်ထားပြီး ခြောက်သွေ့နေမယ်ဆိုရင်တော့ ရောဂါပိုး မဝင်နိုင်ပါဘူး။ အကယ်လို့များ ချကကြိုးနေရာ အရေပြားမှာ  နီရဲနေမယ်၊ အနံ့ထွက်နေမယ်ဆိုရင်တော့ ဆရာဝန်ဆီအမြန်သွားပြပါ။

မေမေတို့ရေ အပေါ်မှာ ပြောပြခဲ့တဲ့ အချက်တွေကို ဂရုစိုက်မယ်ဆိုရင် ကလေးက ကျန်းမာရေးကောင်းပြီး ဖွံ့ဖြိုးတိုးတက်မှု နှေးနေမှာ မဟုတ်ဘူးနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles