မေမေတို့ အိမ်မှာနေရင်း ဘယ်လိုအလုပ်တွေ လုပ်လို့ရမလဲ

by: Phyo Pyae Thu
 0 comments  0 love

ကလေးတစ်ဖက်နဲ့ အိမ်အပြင်ထွက်ပြီး အလုပ်လုပ်၊ ရုံးတက်တွေ မလုပ်နိုင်လို့ ဝင်ငွေမရဖြစ်ပြီး စိတ်ညစ်နေလား။အိမ်မှာတင် လုပ်လို့ရတဲ့ အလုပ်လေးတွေ လုပ်ကြည့်သင့်ပါတယ်။

အိမ်မှာတင် လုပ်လို့ရတဲ့ အလုပ်လေးတွေ လုပ်ကြည့်သင့်ပါတယ်(Photo: Sheknows)

မေမေတို့ရေ ကလေးတစ်ဖက်နဲ့ အိမ်အပြင်ထွက်ပြီး အလုပ်လုပ်၊ ရုံးတက်တွေ မလုပ်နိုင်လို့ ဝင်ငွေမရဖြစ်ပြီး စိတ်ညစ်နေလား။ ဒီလိုဆိုရင်တော့ အိမ်မှာတင် လုပ်လို့ရတဲ့ အလုပ်လေးတွေ လုပ်ကြည့်သင့်ပါတယ်။ မေမေတို့ အိမ်မှာနေရင်း ဘာအလုပ်တွေ လုပ်နိုင်မလဲဆိုတာ မျှဝေပေးလိုက်မယ်နော်။အိမ်မှာနေရင်းနဲ့ပဲ ကိုယ့်ရဲ့ အချိန်ဇယားကို သတ်မှတ်ပြီး လုပ်လို့ရတဲ့ အလုပ်လေးတွေပါ။ အင်တာနက်ကနေပဲ လုပ်လို့ရတဲ့ အလုပ်တွေကလည်း ပိုပိုပြီး များလာတာမို့ မေမေတို့အတွက် အခွင့်အရေးတွေ ပိုများပါတယ်။

ခုခေတ်က အွန်လိုင်းမှာ စာရေးတာတွေ အရမ်းတွင်ကျယ်လာတာမို့

မေမေတို့ အနေနဲ့ စာရေးတာ ဝါသနာပါတယ်ဆိုရင် Content Writer လျှောက်လို့ ရပါတယ်။ ဆောင်းပါးတွေ၊ ကြော်ငြာစာ၊ ပုံပြင်၊ မိန့်ခွန်းစာတွေ ရေးပေးတာမျိုး လုပ်နိုင်ပါတယ်။ ဒါတွေက လစာကောင်းသလို မေမေတို့ ဗဟုသုတလည်း ရတဲ့အပြင် အိုးမကွာ၊ အိမ်မကွာတောင်လုပ်လို့ရတာပါ။ မေမေတို့ ဘာသာပြန်တဲ့ အလုပ်ကလည်း အရမ်းကို အဆင်ပြေတယ်နော်။

ဝါသနာပါတယ်ဆိုရင် Content Writer လျှောက်လို့ ရပါတယ်(Photo: Sprauce)

အင်္ဂလိပ်စာ၊ ဂျပန်စာ၊ တရုတ်စာ ဘာသာတစ်မျိုးမျိုး ရတယ်ဆိုရင်

ဘာသာပြန်အိမ်မှာတင် လုပ်လို့ ရတာမို့ မေမေတို့ ဝင်ငွေတိုးမှာပါ။ ဒီအလုပ်တွေ လျှောက်တဲ့အခါမှာလည်း အွန်လိုင်းကနေပဲ အလုပ်လျှောက်လွှာတင်လို့ ရတာမို့ မခက်ခဲပါဘူး။ ဒီဇိုင်းအလုပ်တွေကလည်း မရှိမဖြစ် ကုမ္ပဏီတွေက လိုအပ်လာတဲ့ အလုပ်ပါပဲ။ အန်နီမေးရှင်း၊ ကာတွန်း၊ web ဒီဇိုင်း၊ logos တွေ ဆွဲတာကလည်း အိမ်မှာလုပ်လို့ရတာမို့ မေမေတို့ အချိန်ပိုင်းအနေနဲ့ အဆင်ပြေပါတယ်။ မေမေတို့ Online shopလည်းလုပ်လို့ရသလို stock ကောက်တာတွေလည်း ရှိပါတယ်။

မေမေတို့ရဲ့ သားသားမီးမီးလေးတွေက နို့ဗူးတိုက်တာ ဒါမှမဟုတ် နာရီပိုင်းလောက် ခွဲလို့ရတယ်ဆိုရင်တော့ မနက်ခင်းတပိုင်းပဲ ရုံးတက်၊ ရုံးဆင်းလို့ရတဲ့ အလုပ်တွေလည်း ရှိတာမို့ မေမေတို့ ကြိုးစားကြည့်သင့်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x