ကလေးမွေးပြီး မေမေတို့ ဘယ်အချိန် အလုပ်ခွင်ပြန်ဝင်မလဲ

by: Phyo Pyae Thu
 0 comments  1 love

ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို ကိုယ်ကိုယ်တိုင်ပဲ စောင့်ရှောက်ချင်ကြမှာပါ။ ဒါပေမယ့်လည်း အလုပ်ခွင် ဝင်ရင်တော့ ထားခဲ့ရမယ့် အကြောင်းတရားက ရှိလာမှာပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေအနားပဲ နေချင်ကြတယ်မလား။ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို ကိုယ်ကိုယ်တိုင်ပဲ စောင့်ရှောက်ချင်ကြမှာပါ။ ဒါပေမယ့်လည်း အလုပ်ခွင် ဝင်ရင်တော့ ထားခဲ့ရမယ့် အကြောင်းတရားက ရှိလာမှာပါ။ အလုပ်ကြောင့် သားသားမီးမီးလေးတွေကို ဂရုမစိုက်မိတာလည်း မဖြစ်ရအောင်၊ ကိုယ်လည်း အလုပ်ခွင် ပြန်ဝင်တဲ့အခါ စိတ်ချလက်ချ ဖြစ်ရလေအောင် အလုပ်ခွင်ဆီ ဘယ်အချိန် ပြန်သွားမလဲ ဘာတွေ ကြိုလုပ်မလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

Image result for mom work

မေမေတို့ရေ သားသားမီးမီးလေးတွေအနားပဲ နေချင်ကြတယ်မလား (Photo by Stewardship)

 

ဘယ်အရွယ်မှာ လုပ်ငန်းခွင် ပြန်ဝင်သင့်လဲ

မေမေတို့ရေ သားသားမီးမီးလေးတွေ နည်းနည်းလေး အရွယ်ရောက်မှ အလုပ်ခွင် ပြန်ဝင်တာကတော့ အကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ (၆) လအထိက မေမေ့နို့ချိုတိုက်ကျွေးသင့်တာကြောင့်ပါ။ မေမေတို့ အလုပ်ခွင် မဝင်ခင်မှာ သားသားမီးမီးလေးတွေကို ဘယ်သူထိန်းမလဲဆိုတာ အရင်ဆုံး ကြိုတင်ပြင်ဆင်ပါ။ ဒါမှ စိတ်အေးလက်အေးနဲ့ အလုပ်ခွင် ဝင်လို့ရမှာပါ။

ခွင့်ယူဖို့ အဆင်ပြေ၊ မပြေ

အလုပ်ကိုလည်း တတ်နိုင်သမျှ ခွင့်ရက် များများ ယူလို့ရနိုင်ဖို့ ပြောကြည့်ပါ။ နောက်တစ်ခုက ကိုယ့်ရဲ့ ရင်သွေးလေး ကျန်းမာရေးလောက် ဘယ်အရာကမှ အရေးမကြီးဘူးဆိုတာ သတိရပါ။ မေမေတို့ သားသားမီးမီးလေး (၂) လလောက် ရောက်ခါမှ အလုပ်ခွင် ပြန်ဝင်ပါ။ ကိုယ်က လအတန်ကြာလောက် အလုပ်ကနေ အနားယူထားတယ်ဆိုရင်တော့ အလုပ်ခွင်က ကိစ္စတွေကို  ပြန်ဝင်ခါနီးမှာ နည်းနည်းလေး ပြန်တွေးပါ။ ဆိုလိုတာက ကလေးအနားပဲ နေပြီး အလုပ်ခွင်ကို လုံးဝ မေ့လိုက်တာမျိုးတော့ မဖြစ်အောင်ပါ။ ကိုယ့်ဘက်က အလုပ်လမ်းကြောင်းပေါ် အာရုံ ပြန်စိုက်တာ အရှိန်ရလာပြီဆိုရင်တော့ အလုပ်ခွင်ဆီ ပြန်သွားပါ။ တက်တက်ကြွကြွ ဖြစ်နေမှာပါ။

Image result for mom work

လနည်းနည်းပဲ အနားယူပြီး အလုပ်ခွင်ဝင်မယ်တွေးထားရင် ကလေးထိန်းပေးမယ့် သူကို သေသေချာချာ သင်ပြပေးပါ (Photo by Working Mother)

စိတ်ချရတဲ့အချိန်

နောက်တစ်ခုကတော့ ကိုယ့်ကလေးကို ထိန်းပေးမယ့်သူက ကိုယ့်စိတ်တိုင်းကျ ဖြစ်တဲ့ အချိန်ပါ။ လနည်းနည်းပဲ အနားယူပြီး အလုပ်ခွင်ဝင်မယ်တွေးထားရင် ကလေးထိန်းပေးမယ့် သူကို သေသေချာချာ သင်ပြပေးပါ။ ထိန်းပေးမယ့်သူက ကိုယ့်လောက်နီးနီး သားသားမီးမီးအပေါ်ကို ပြုစုစောင့်ရှောက်တတ်ပြီဆိုမှ အလုပ်ခွင် ပြန်ဝင်ပါ။ ဒါမှစိတ်အေး လက်အေး အလုပ်ဝင်နိုင်မှာ ဖြစ်သလို ကလေးအတွက်လည်း အဆင်ပြေမှာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x