အပြင်မှာထွက်ပြီး အလုပ်လုပ်ရတဲ့ ဖေဖေတွေမှ ပင်ပန်းတာ မဟုတ်ပါဘူးနော်။ အိမ်မှာနေရင်းနဲ့ လုပ်ရတဲ့ အိမ်မှုကိစ္စကလည်း အပြင်မှာ အလုပ်ထွက်လုပ်သလောက်နီးနီးတော့ ပင်ပန်းပါတယ်။ အိမ်တစ်အိမ်လုံးရဲ့ ဝေယျာဝစ္စ ကိစ္စက များတယ်မလားနော်။ အိမ်မှာလည်း အိမ်မှုကိစ္စတွေ လုပ်ရင်း ဝင်ငွေ ကောင်းအောင်၊ ပိုစုမိအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။
မေမေတို့ရေ အိမ်မှာ တခြားကလေးတွေကို Guide ပုံစံ စာပြပေးတာလည်း လုပ်လို့ ရပါတယ်နော်။ ဒီအလုပ်က မေမေတို့ တတ်ထားတဲ့ ပညာတွေကို ပြန်လည်ဖြန့်ဝေရာလည်း ဖြစ်သလို၊ ဝင်ငွေလည်းရ မေမေတို့ရဲ့ အတတ်ပညာတွေလည်း တိုးပွားသထက် တိုးပွားလာတာတွေ ဖြစ်နေမှာပါ။

ဝင်ငွေ ကောင်းအောင်၊ ပိုစုမိအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ် (Photo: Google)
အချုပ်အလုပ်ပညာကလည်း မေမေတို့ တတ်ထားသင့်ထားပဲမလား။ မေမေတို့ မိသားစုတွေရဲ့ အဝတ်အစားတွေတင် မဟုတ်ဘဲ တခြားသူရဲ့ အင်္ကျီတွေကိုပါ လက်ခံချုပ်ပေးမယ်ဆိုရင် အိုးမကွာ၊ အိမ်မကွာ ဝင်ငွေတိုးပြီနော်။
မေမေတို့ရေ ပိုက်ဆံလေးတွေလည်း စုကြဖို့ လိုတယ်နော်။ စုထားတဲ့ ပိုက်ဆံကိုပဲ ပြန်ရင်းနိုင်တဲ့ အလုပ်လေးတွေ ကြိုတင်စဉ်းစားထားပါ။ စပ်တူ အလုပ်လုပ်တာ၊ ရှယ်ယာလေးတွေ ဝင်တာတွေကလည်း မေမေတို့အတွက် အဆင်ပြေစေမှာပါ။
ခုက online shopတွေလည်း ခေတ်စားတာမို့ မေမေတို့ အိမ်မှာနေရင်း လုပ်လို့ရတယ်နော်။ ဒါကလည်း Deliver အပ်လိုက်ရုံနဲ့ မေမေတို့ အပြင်ထွက်စရာမလို ဝင်ငွေ တိုးနိုင်ပါပြီ။

Photo: Google
မေမေတို့ရေ Laudary အလုပ်လေးလည်း စိတ်ဝင်စားတယ်ဆိုရင် လုပ်လို့ရသေးတယ်နော်။ ဒီအလုပ်ကတော့ မေမေတို့ နည်းနည်းတော့ ပင်ပန်းတယ်ဆိုပေမယ့် အိမ်မှာနေရင်းနဲ့တင် ဝင်ငွေ ရနိုင်ပါတယ်။
မေမေတို့အတွက် အိမ်မှာနေရင်း ဝင်ငွေရနိုင်တဲ့ အလုပ်လေးတွေကို ပြောပြပြီးဖြစ်တာမို့ အလုပ်အကိုင်လေးတွေ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဖေဖေတို့ရဲ့ ဝင်ငွေတွေလည်း ပိုစုမိအောင်လည်း အသုံးစရိတ်လေးတွေ လျှော့ပြီး ကြိုးစားကြည့်ပါနော်။
Comments