ကလေးရဲ့ အသက်ဘယ်နှစ်နှစ်မှာ မေမေတို့ အလုပ်ပြန်လုပ်သင့်လဲ

by: Nang Htwe
 0 comments  1 love


အိမ်ထောင်တစ်ခုမှာ မိသားစုဝင်ငွေက မေမေဖေဖေရောရှာဖွေမှ လုံလောက်တယ်ဆိုရင် ဘယ်အချိန်မှာ မေမေတို့ အလုပ်ပြန်ဝင်သင့်လဲ။ အလုပ်ပြန်ဝင်မယ့် မေမေတွေအတွက် ရည်ရွယ်ပါတယ်နော်။ သားသားမီးမီးလေးတွေကိုပဲ စိတ်ရောကိုယ်ပါ စောင့်ရှောက်တော့မယ်ဆိုရင်တော့ အလုပ်ပြန်လုပ်ဖို့ စဉ်းစားစရာမလိုပါဘူး။ သားသားမီးမီးလေးတွေ ကြီးလာတဲ့အခါမှာ အိမ်မှာ ကိုယ်တတ်နိုင်သလို အလုပ်လုပ်လို့ရပါတယ်။

ဖေဖေတို့ရှာဖွေတာ မလောက်မငှဖြစ်နေတယ်ဆိုရင်တော့ မေမေတို့ကိုယ်တိုင် အလုပ်ထွက်လုပ်ဖို့ လိုအပ်နေပါပြီ (Photo by Working Mother)

ကလေးမွေးပြီးနောက် အလုပ်ခွင် ပြန်ဝင်ဖို့ စဉ်းစားနေသလား

ကလေးမွေးပြီးနောက်ပိုင်းမှာ အလုပ်ခွင် ပြန်ဝင်မယ် မဝင်ဘူးဆိုတာကလည်း အတော်လေးတော့ စဉ်းစားရကျပ်တဲ့ ကိစ္စပါပဲ။ အိမ်မှာ ကလေးကို စောင့်ရှောက်ပေးမယ့်သူ ရှိတဲ့ မေမေတွေအတွက်တော့ အလုပ်ခွင် ပြန်ဝင်ရတာ နောက်ဆံ မတင်းရပေမယ့် လူခွဲ မရှိတဲ့ မေမေတွေအတွက်တော့ အလုပ်ခွင် ပြန်ဝင်ဖို့ဆိုတာ တော်တော်လေး မလွယ်တဲ့ ကိစ္စတစ်ရပ်ပါပဲ။ဒီတော့ ပထမဆုံး အနေနဲ့ ကိုယ်ရဲ့ အိမ်ထောင်ဘက်နဲ့ ဝင်ငွေ၊ ထွက်ငွေကိစ္စ တိုင်ပင်ပါ။ မဖြစ်မနေ မေမေ အလုပ်က ဝင်ငွေရမှ ဖြစ်မှာလားဆိုတဲ့ မေးခွန်းတွေ မေးရင် စဉ်းစားပါ။ အကယ်လို့များ အိမ်ထောင်ဘက် ဝင်ငွေတစ်ခုတည်းနဲ့ ခြိုးခြံချွေတာလို့ ရတယ် ဆိုရင်တော့ အလုပ် ပြန်မဝင်တာ အကောင်းဆုံးပါ။ ကိုယ့်ရင်သွေးလေးနား ကိုယ်ပဲ နေချင်မှာပါ။ ဘယ်အချိန်လောက်ဆိုရင် အလုပ်ပြန်ဝင်နိုင်မလဲ တွေးပါ။ ဥပမာ သားသားမီးမီးလေး တစ်နှစ်၊ ဒါမှမဟုတ် နို့ပြတ်တဲ့အချိန် အစရှိသလို အချိန်လေး သတ်မှတ်လိုက်ပါ။ မဟုတ်ရင်တော့ မေမေတို့ အလုပ်ခွင် ပြန်ဝင်ဖို့ မသေချာဘဲ ဖြစ်နေမှာပါ။ ဒါကြောင့် အလုပ်လုပ်ချင်စိတ်ကိုတော့ အမြဲမွေးပါ။ အလုပ်လုပ်ဖို့ လိုတယ်လို့လည်း တွေးထားပါ။

အစိတ်အပိုင်း

အလုပ်လုပ်ခြင်းဆိုတာကလည်း မေမေတို့ ဘဝကို ပြည့်စုံစေခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အလုပ်ခွင် ပြန်ဝင်မယ့် မေမေတိုင်းကတော့ လူခွဲတစ်ယောက်တော့ ထားခဲ့ရမှာပါပဲ။ သူတို့လေးတွေ မူကြိုမတက်မချင်းပေါ့။  ဆွေမျိုးသားချင်းတွေကို အကူအညီတောင်းကြည့်ပါ။ အလုပ္ကို စွန့်လွှတ်လိုက်ရတာထက်စာရင်တော့ ကလေးထိန်းရှာတဲ့ ကိစ္စကို နည်းနည်းလေး အင်ပန်းခံပြီးတော့ ကြိုးစားကြည့်ပါ။

မေမေတို့ ရုံးအချိန်ပြည့် ပြန်မတက်ခင်မှာ အချိန်ပိုင်းအလုပ်တွေလည်း ကြိုးစားကြည့်ပါ။ လုပ်ပါ။ ကလေးထိန်း ရှာတဲ့အခါမှာလည်း ကုန်ကျစရိတ်ပေါ် အရမ်း မချွေတာဖို့ အကြုံပြုပါရစနော်။ ခင်ပွန်းသည်ရဲ့ ဝင်ငွေ၊ ကလေးငယ်အတွက် ကုန်ကျစရိတ်နဲ့ ပညာရေးအပေါ်မူတည်ပြီး မေမေတို့ အလုပ်ထွက်လုပ်သင့်၊ မလုပ်သင့်ကို သေသေချာချာ စဉ်းစားဖို့ တိုက်တွန်းလိုက်ပါတယ်။

ကလေးရဲ့ အသက်ဘယ်နှစ်နှစ်မှာ မေမေတို့ အလုပ်ပြန်လုပ်သင့်လဲ

ဒါပေမယ့်လည်း မိသားစုဝင်ငွေက မေမေတို့အပေါ်မှာရော တာဝန်ရှိနေတယ်ဆိုရင် ဒါမှမဟုတ် ဖေဖေတို့ရှာဖွေတာ မလောက်မငှ ဖြစ်နေတယ်ဆိုရင်တော့ မေမေတို့ကိုယ်တိုင် အလုပ်ထွက်လုပ်ဖို့ လိုအပ်နေပါပြီ။ မိသားစုရှေ့ရေး၊ ကလေးငယ်ရှေ့ရေးနဲ့ ရည်မှန်းချက်ပန်းတိုင်တွေအတွက် အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

အခက်အခဲများ

ကလေးငယ်ကို ထိန်းပေးမယ့် ဆွေးမျိုး (ဘိုးဘိုး၊ ဘွားဘွား၊ တီတီ၊ ဒေါ်ဒေါ်) တို့မရှိဘူးဆိုရင် မေမေတို့ အလုပ်ထွက်လုပ်ဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။ မိသားစုဝင်ငွေကလည်း လိုအပ်၊ ကလေးကိုလည်း ပစ်ထားလို့မရ စတဲ့ အခက်အခဲတွေ ရှိလာပါတယ်။ ယနေ့ခေတ်မှာတော့ နေ့ပိုင်းကလေးထိန်းကျောင်း(Day Care Center) တွေ ပေါ်ပေါက်လာပါပြီ။ အသက်(၆)လကနေ စတင်ထားလို့ရပါတယ်။ မိသားစုဝင်ငွေက တအားကြီးအခက်အခဲ မရှိဘူးဆိုရင်တော့ သားသားမီးမီးလေးတွေရဲ့ အသက်(၂)နှစ်မှ လုပ်ငန်းခွင်ပြန်ဝင်ဖို့ တိုက်တွန်းချင်ပါတယ်။ မွေးကင်းစကနေ အသက်(၂)နှစ်အထိက ကလေးငယ်အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားကောင်းဆုံးအချိန်ဖြစ်တာကြောင့် ဒီ(၂)နှစ်ကာလအတွင်းမှာ မေမေတို့ ကလေးငယ်ရဲ့ ဘေး အမြဲရှိနေဖို့ လိုအပ်ပါတယ်။ ဒီ(၂၄)လအတွင်းမှာ လစ်ဟာသွားတာနဲ့ အထိအခိုက်တွေ ဖြစ်သွားမယ်ဆိုရင် ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အခက်အခဲတွေ ဖြစ်သွားနိုင်လို့ပါ။

အသက်(၂)နှစ်ပြည့်သွားတဲ့အခါ ကလေးငယ်က စကား(၁၀)ခွန်းကျော်ကျော်ပြောနိုင်တဲ့အပြင် လမ်းလျှောက်တာလည်း ကျွမ်းကျင်လာပါပြီ (Photo by Shutterstock)

အသက်(၂)နှစ်အရွယ်

အသက်(၂)နှစ်ပြည့်သွားတဲ့အခါ ကလေးငယ်က စကား(၁၀)ခွန်းကျော်ကျော်ပြောနိုင်တဲ့အပြင် လမ်းလျှောက်တာလည်း ကျွမ်းကျင်လာပါပြီ။ အစားအသောက်တွေကိုလည်း ကောင်းကောင်းမွန်မွန်စားတတ်နေပါပြီ။ ကလေးထိန်းစင်တာတွေနဲ့ မူကြိုထားတဲ့အခါမှာလည်း ပြဿနာတွေနည်းသွားပါပြီ။ ဘိုးဘိုးဘွားဘွားတွေနဲ့ ထားခဲ့မယ်ဆိုရင်တောင်မှ မေမေတို့ စိတ်ချလက်ချ အလုပ်လုပ်နိုင်ပါတယ်။ မေမေတော်တော်များများက အသက်(၂)နှစ်ထိ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးကြပါတယ်။ ဖြည့်စွက်စာအတွက်လည်း တကူးတက ချက်စရာသိပ်မလိုတော့ပါဘူး။ အသက်(၁)နှစ်အတွင်းမှာဆိုရင် ဖြည့်စွက်စာနဲ့ ပတ်သက်ပြီး ဂရုစိုက်ရပါတယ်။ အမာ၊ အပျော့၊ ဓါတ်တည့်မှု ရှိမရှိ စတာတွေ သတိထားရပါတယ်။ အသက်(၂)နှစ်ကျော်သွားပြီဆိုရင်တော့ ပြဿနာ နည်းသွားပါပြီ။ ဒီအချက်ကလည်း မေမေတို့ လုပ်ငန်းခွင်မှာ စိတ်ပူစရာ မလိုတဲ့ အချက်တစ်ချက်ပါ။

လုပ်ငန်းခွင် ပြန်ဝင်တဲ့အခါ မေမေတို့မှာ ကလေးနဲ့ ပတ်သက်ပြီး စိတ်ပူတာ နည်းသွားပေမယ့်လည်း လုပ်ငန်းနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိလာနိုင်ပါတယ် (Photo by Public Radio Internationa)

လုပ်ငန်းခွင်စဝင်တဲ့အခါ

လုပ်ငန်းခွင် ပြန်ဝင်တဲ့အခါ မေမေတို့မှာ ကလေးနဲ့ ပတ်သက်ပြီး စိတ်ပူတာ နည်းသွားပေမယ့်လည်း လုပ်ငန်းနဲ့ ပတ်သက်ပြီး (၂)နှစ်နားလိုက်ရတာကြောင့် လိုက်မမီတာ၊ နောက်ကျတာနဲ့ ဘယ်ကစရမှန်းမသိတာတွေ ကြုံတွေ့နိုင်ပါတယ်။ ဒီလိုလုပ်ငန်းခွင် အခက်အခဲတွေ နည်းသွားအောင် ဒီ(၂)နှစ်အတွင်းမှာ လေ့လာမှုတွေ ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုလေ့လာမှုတွေ အားကောင်းထားမယ်ဆိုရင်တော့ လုပ်ငန်းခွင်ရောက်တဲ့အခါ အခက်အခဲနည်းသွားနိုင်ပါတယ်။

မိသားစုဝင်ငွေက ကျပ်ကျပ်တည်းတည်း မဟုတ်ဘူးဆိုရင်တော့ သားသားမီးမီးလေးတွေ အသက်(၂)နှစ်ပြည့်မှ လုပ်ငန်းခွင်ပြန်ဝင်ဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Time-outswork


Comments

0 comments
Latest video
Refer to more useful articles