မေမေအသစ်တွေ မဖြစ်မနေ ဝယ်ထားသင့်တဲ့ ပစ္စည်း (၄)မျိုး

by: Khin Nyein Lwin
 0 comments  0 love

ဒီပစ္စည်းလေးတွေက မေမေအသစ်တွေအတွက် အလွန်အဆင်ပြေပါတယ်။ မဝယ်ရင်လည်း ပြဿနာမရှိသလို ဝယ်မယ်ဆိုရင်လည်း အသုံးတည့်တဲ့ ပစ္စည်းပါ။

မိခင်အသစ်တစ်ယောက်ဖြစ်လာပြီဆိုတော့ အရင်ကမကြုံဖူးခဲ့တဲ့ အတွေ့အကြုံအသစ်တွေ လက်တွေ့ရင်ဆိုင်ရတော့မှာပါ။ ပျော်ရွှင်စရာတွေလည်းကြုံနိုင်သလို စိတ်လှုပ်ရှားစရာတွေလည်းများမယ်။ ကလေးလေး ကိုယ့်မျက်စိရှေ့မှာ တဖြည်းဖြည်းကြီးလာတာ မေမေတို့အတွက် အံ့သြစရာပါ။

မိခင်နို့ ပစ္စည်း ကလေး မေမေ

ကလေးနို့တိုက်အမေတွေအတွက် အဝတ်အစားပါ (Photo by FirstCry Parenting)

ကလေးပစ္စည်းတွေဝယ်ရတာ မေမေတို့အတွက် အပျော်ဆုံးပါ။ မေမေတို့က ကလေးနို့တိုက်တဲ့အခါ လိုအပ်တဲ့ပစ္စည်းလေးတွေကိုလည်း တခါတည်း ဝယ်လေ့ရှိတယ်။ အခု kalay ‌နေ မေမေအသစ်တွေ ဝယ်ထားသင့်တဲ့ ပစ္စည်းတွေအကြောင်း ပြောပြပေးမယ်။

Nipple Shield

သူက စီလီကွန် နို့သီးခေါင်းအမျိုးအစားပါ။ သူကမေမေအသစ်တွေအတွက် ကောင်းတယ်။ ဘာလို့လဲဆိုတော့ မေမေအသစ်တွေက ကလေးနို့တိုက်တာ မကျွမ်းကျင်သေးလို့ပဲ။ Nipple Shield သုံးခြင်းက နို့တိုက်မကျွမ်းကျင်တဲ့ မေမေတွေ အတွက် အကူအညီရသလို ကလေးလည်း နို့ဝတယ်။ တစ်ခုသတိထားရမှာက ဒီ Nipple Shield ကို ခဏပဲသုံးပါ။ နေ့တိုင်းမသုံးရဘူး။ စတိုက်တဲ့ နေ့တွေလောက်ပဲသုံးနော်။ ကလေးနို့တိုက်တာ အဆင်ပြေသွားပြီဆိုရင် Nipple Shield ကို မသုံးတော့နဲ့။

Nursing Pads/Nursing Bras

နို့တိုက် ဘရာနဲ့ နို့ကပ်ဖော့ကိုလည်း မေမေအသစ်တွေ ဝယ်ထားသင့်တယ်။ မဝယ်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် မိခင်နို့ရည် လျှံထွက်တဲ့အခါ မေမေတို့ သက်တောင့်သက်သာ မရှိဘူးလို့ ခံရစားနိုင်လို့ပါ။ နို့တိုက်ဘရာကျတော့ ကလေးကို နို့လှန်တိုက်တဲ့အခါ အဆင်ပြေစေလို့ပါ။

နို့တိုက်အမေ ကလေး မေမေ

မိခင်အသစ်တစ်ယောက်ဖြစ်လာပြီဆိုတော့ အရင်ကမကြုံဖူးခဲ့တဲ့ အတွေ့အကြုံအသစ်တွေ လက်တွေ့ရင်ဆိုင်ရတော့မှာပါ (Photo by BellyBelly)

Nursing Gowns

ကလေးနို့တိုက်အမေတွေအတွက် အဝတ်အစားပါ။ မဝယ်ရင်လည်း ရပါတယ်။ ဒါပေမယ့် မေမေအသစ်တွေအတွက် အလွန်အဆင်ပြေတယ်။  နို့တိုက်တဲ့အခါ အဆင်ပြေစေတယ်။

Breast Pump

နို့ညှစ်စက်ပါ။ နို့ရည်တွေပြည့်ပြီး တင်းလာတာမျိုး မဖြစ်အောင် ဒီလို Breast Pump ကို ဆောင်ထားသင့်ပါတယ်။ Breast Pump မဝယ်ချင်ရင်လည်း လက်နဲ့ညှစ်လို့ရပါတယ်။

ဒီပစ္စည်းလေးတွေက မေမေအသစ်တွေအတွက် အလွန်အဆင်ပြေပါတယ်။ မဝယ်ရင်လည်း ပြဿနာမရှိသလို ဝယ်မယ်ဆိုရင်လည်း အသုံးတည့်တဲ့ ပစ္စည်းပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles