မေမေတို့အိမ်ရှင်မတွေ ပိုက်ဆံစုတာနဲ့ပတ်သက်ပြီး ဒွိဟဖြစ်လေ့ဖြစ်ထရှိတာက အိမ်မှာပဲ ပိုက်ဆံစုရမလား၊ ဘဏ်မှာထားရမလားဆိုတာပါ။ အိမ်မှာပဲစုစု ဘယ်မှာပဲစုစု အားသာချက်ကိုယ်စီရှိပါတယ်။

ဘယ်မှာပဲ ပိုက်ဆံစုစု အားသာချက်၊ အားနည်ချက်တွေ ရှိပါတယ် (Photo by Which)
ဘဏ်မှာ ပိုက်ဆံစုခြင်းရဲ့ အကျိုးကျေးဇူးများ
ATM
ပိုက်ဆံသုံးဖို့ လိုအပ်တဲ့အခါမှာ အိမ်မှာစုထားသလိုပဲ အလွယ်တကူ ထုတ်ယူနိုင်ပါပြီ။ (၂၄)နာရီ အလုပ်လုပ်တဲ့ ATM စက်တွေ နေရာမရွေးရှိလို့ ဘယ်အချိန်မဆို ထုတ်ယူနိုင်ပါတယ်။ Mobile Banking၊ Online Banking၊ Pay အကောင့်တွေ ဖွင့်ထားရင် အွန်လိုင်းကနေ အလွယ်တကူ ဈေးဝယ်လို့ရပါပြီ။
အကာအကွယ်
ဘဏ်စာအုပ်၊ ATM ကတ်၊ Banking တွေက လုံခြုံစိတ်ချရပါတယ်။ အကာအကွယ်တွေ လုံခြုံရေးတွေရှိလို့ ပြဿနာဖြစ်မှာ စိုးရိမ်စရာ မလိုပါဘူး။
အတိုး
ဘဏ်မှာစုထားရင်တော့ လကုန်တိုင်း အတိုးရပါမယ်။ မေမေတို့စုနိုင်သလောက် အကျိုးရှိပါတယ်။ ရေရှည်ပိုက်ဆံစုချင်ရင်တော့ ဘဏ်မှာစုဖို့ တိုက်တွန်းပါတယ်။
ငွေလွဲ၊ ပေးချေ
အခုနောက်ပိုင်း ပိုက်ဆံလွဲတာ၊ မီတာခချေတာ၊ အခွန်ဆောင်တာ စတဲ့ ကိစ္စတွေအကုန်လုံး ဘဏ်ကနေ လုပ်လာကြပါတယ်။ အကျိုးကျေးဇူးကတော့ အချိန်ကုန်သာနည်းသွားပြီး သက်သာတာပါ။ မေမေတို့က ဘဏ်ထဲမှာ ပိုက်ဆံစုထားရင် မီတာခတွေ၊ အင်တာနက်ဖိုးတွေ တိုက်ရိုက်သွင်းနိုင်ပါတယ်။ ကိုယ့်ရဲ့ဖုန်းထဲမှာ Banking အကောင့်တွေဖွင့်ထားရင် အိမ်ကနေပဲ ပိုက်ဆံလှမ်းသွင်းနိုင်ပါတယ်။
အလွယ်တကူ
အခုနောက်ပိုင်း ဈေးဝယ်တဲ့အခါမှာ ငွေသားထက် ကတ်တွေနဲ့ ပိုက်ဆံချေလာကြပါတယ်။ တချို့ဆိုင်တွေဆိုရင် ဖုန်းထဲက Banking အကောင့် ဒါမှမဟုတ် Pay အကောင့်နဲ့ ပိုက်ဆံရှင်းနိုင်လို့ ပိုက်ဆံအိတ်ယူသွားစရာ မလိုတော့ပါဘူး။

(၂၄)နာရီ အလုပ်လုပ်တဲ့ ATM စက်တွေ နေရာမရွေးရှိလို့ ဘယ်အချိန်မဆို ထုတ်ယူနိုင်ပါတယ် (Photo by AARP)
အိမ်မှာပိုက်ဆံစုထားခြင်း အကျိုးကျေးဇူးများ
အရေးပေါ်
ကိစ္စတစ်ခုခု အရေးပေါ် ပေါ်လာရင် ဘဏ်သွားဖို့အချိန်၊ ပိုက်ဆံသွားထုတ်ဖို့အချိန် တကူးတက ပေးစရာမလိုတော့ပါဘူး။
Service
အွန်လိုင်းကနေ ဈေးဝယ်မယ်ဆိုရင် ဘဏ်ကို ဝန်ဆောင်မှုအဖိုးခ (Service ကြေး) ပေးရပါတယ်။ ရာခိုင်နှုန်းအနည်းငယ်သာ ပေးရပေမယ့်လည်း ခဏခဏဝယ်ယူနေရတယ်ဆိုရင် ထိလာနိုင်ပါတယ်။
လုံခြုံမှု
ကိုယ့်ရဲ့ပိုက်ဆံက ကိုယ်ဆီမှာရှိနေလို့ မေမေတို့ စိတ်ချရပါတယ်။
စီမံခန့်ခွဲခြင်း
ကိုယ့်ပိုက်ဆံက ကိုယ့်လက်ထဲအမြဲရှိနေလို့ မေမေတို့ စိတ်ကြိုက်ခြယ်လှယ်လို့ရပါတယ်။ ရွှေဝယ်ခြင်တာပဲဖြစ်ဖြစ်၊ စိန်ဝယ်ခြင်တာပဲဖြစ်ဖြစ် စိတ်ကူးပေါ်ချိန် ထဝယ်လို့ရပါတယ်။
သတင်းများ
ဘဏ်နဲ့ပတ်သက်တဲ့ သတင်းတွေ တက်လာရင် မေမေတို့ စိတ်ပူစရာ မလိုပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ပူတဲ့ကိစ္စ မကြုံရတော့ပါဘူး။
Comments