
မေမေတို့ရေ သားသားမီးမီးလေးတွေကို အဝတ်ဝယ်ပေးတဲ့အခါ စီမံကိန်းလေးနဲ့ ဝယ်ပေးပါ။
မေမေတို့ရေ ငွေကြေးစုဆောင်းမိဖို့ဆိုတာ ချွေတာမိခြင်းရဲ့ အစပါ။ သားသားမီးမီးလေးတွေရဲ့ ပစ္စည်းသေးသေးလေးတွေဟာ ဈေးအရမ်းမကြီးပေမယ့် နည်းနည်းကနေ များများ ဖြစ်လာပြီဆိုရင်တော့ ကုန်ကျစရိတ်က များလာပါပြီ။ တစ်ခါတလေမှာ အရမ်းလိုအပ်လို့ ဝယ်တာမျိုး မဟုတ်ဘဲ တစ်ခါလောက်ပဲ သုံးပြီး ဆက်မသုံးဖြစ်တော့တာတွေ ရှိပါတယ်။ ဒါဆိုရင်တော့ မေမေ့တို့မှာ မလိုအပ်ဘဲ ကုန်ရတာမျိုးတွေ ရှိလာပြီ။ ဒါမျိုးတွေ မဖြစ်ရလေအောင် Kalay မှ နည်းလမ်းကောင်းလေးတွေ ပေးမယ်နော်။

မေမေတို့ရေ သားသားမီးမီးလေးတွေကို မေမေ့နို့ ဝအောင် တိုက်ပါ။
အဝတ်ဝယ်ပေးတဲ့အခါ စီမံကိန်းလေးနဲ့ ဝယ်ပေးပါ
နည်းနည်းကြီးတာလေးဆိုရင် အသက်လေး နည်းနည်းကြီးလာတဲ့အထိ တော်နိုင်တာကြောင့်ပါ။ သားသားမီးမီးလေးတွေ အရမ်းငယ်သေးတဲ့အချိန်မှာ အပြင်ပွဲကို ဝတ်တဲ့ အဝတ်အစားတွေက သိပ်တော့ အရေးမကြီးသေးပါဘူး။ တစ်ထည်၊ နှစ်ထည်လောက်ဆို အဆင်ပြေပါတယ်။
မေမေ့နို့ ဝအောင် တိုက်ပါ
နို့မှုန့်တွေ ကူတာက မေမေ့တို့ ကုန်ကျစရိတ်များနိုင်ပါတယ်။ ဒါဆိုရင် သားသားမီးမီးလေးတွေ အားပြည့်စေရုံသာမက ကျန်းမာရေးလည်း ကောင်းစေတာမို့ စိတ်ညစ်ရမှာ မဟုတ်ပါဘူး။ မေမေတို့အနေနဲ့ သားသားမီးမီးလေးတွေကို လက်ဆောင်အဖြစ် လာပေးတဲ့ ကလေးအသုံးအဆောင် ပစ္စည်းတွေကို သင့်တော်တယ်ဆိုရင် သုံးလို့ ရနိုင်ပါတယ်။ ဒါကလည်း မေမေတို့ ချွေတာရာ ကျမှာပါ။
ဖြည့်စွက်စာ ကျွေးမယ်ဆိုရင်လည်း ကိုယ်တိုင်ချက်ပြုတ်ပြီး ကျွေးမွေးပါ
အသင့်လုပ်ပြီးသား အထုပ်တွေက ဈေးကြီးတာကြောင့် ကုန်ကျစရိတ်သက်သာစေမှာပါ။ ဒါ့အပြင် အာဟာရ ပြည့်ဝပြီးသား ဖြစ်တာမို့ ကလေးကျန်းမာရေး ကောင်းမှာပါ။
နို့ညှစ်ကိရိယာတွေနဲ့ တခြားအသုံးအဆောင် ပစ္စည်းလေးတွေ
စီနီယာ မေမေက ပေးရင်လည်း ယူပြီး သုံးပါ။ ကလေးကလည်း ကြီးလာမှာဆိုတော့ အပိုင်မဝယ်လည်း ဖြစ်တယ်ဆိုရင် သုံးပါ။
ကလေးငယ်အတွက်လည်း လစ်ဟင်းတာတွေမဖြစ်အောင် ထောင့်စေ့စေ့နဲ့ ပိုက်ဆံချွေတာက သူတို့လေးတွေရဲ့ နောင်ရေး အထူးသဖြင့် ပညာရေးအတွက် စုဆောင်းထားနိုင်တယ်ဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments