မေမေတို့ လုပ်ငန်းခွင်ဆိုင်ရာ စိတ်ချမ်းသာမှု ရှိစေဖို့ လုပ်ဆောင်ရမှာများ

by: Phyo Pyae Thu
 0 comments  0 love

ရုံးမှာ မေမေတို့အနေနဲ့ ကော်ဖီဖျော်တဲ့အခါ မိတ်ဆွေတွေအတွက်ပါ ဖျော်ပေးပါ။ အသေးအမွှားလေးတွေကို ကူညီလိုက်ခြင်းက လုပ်ငန်းခွင်မှာ တက်ကြွမှုတွေ ရရှိစေပါတယ်။

မေမေတို့ရေ အိမ်မှုကိစ္စတွေလည်းလုပ်ရ အလုပ်လည်း လုပ်ရဆိုရင်တော့ မေမေတို့မှာ စိတ်ဖိစီးမှု အတော်များမှာပါ။ မေမေတို့ရေ အလုပ်ခွင်ထဲမှာလည်း အဆင်ပြေတာ၊ မပြေတာတွေ ရှိမှာပါပဲ။ အလုပ်မှာ အဆင်မပြေတာက လူမှုပေါင်းသင်းဆက်ဆံရေးဆိုရင် ပိုလို့တောင် ပင်ပန်းရမှာပါနော်။ အလုပ်ခွင်ဆိုတာကလည်း စိန်ခေါ်မှုတွေ ပြည့်နေတဲ့ နေရာပဲမလား။ နေ့စဉ်နဲ့အမျှ ပညာတွေ ရမယ်၊ ကိုယ့်အတွက် အခွင့်အလမ်းတွေ ဖြစ်လာမယ် ဒါတွေ တပုံကြီး ရှိနေတဲ့နေရာပါ။ ဒီတော့ စိတ်ဖိစီးမှုက ရှိကိုရှိမှာပါ။ စိတ်ဖိစီးမှု ရှိပေမယ့်လည်း အလုပ်ခွင်ထဲ မပျော်မရွှင်ဖြစ်နေရရင် မကောင်းပါဘူး။ ပျော်ရွှင်နိုင်မယ့် နည်းလမ်းတချို့ ရှာကြည့်ရအောင်နော်။

အိပ်ရေးဝဝအိပ်ပါ

မေမေတို့ အလုပ်ခွင်ထဲမှာ ပျော်ဖို့ဆိုရင်တော့ ညဘက်တွေမှာ အိပ်ရေးဝဝလင်လင် အိပ်ပါ။ ဒါမှ မနက်မှာ အလုပ်ထဲ စိတ်ကြည်လင်ပြီး အလုပ်ကောင်းကောင်း လုပ်နိုင်မှာဖြစ်တဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေမှာပါနော်။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်က အိပ်ရေးမဝလို့ စိတ်မကြည်ရင် အလုပ်တွေပိလာတဲ့အခါ ဘေးလူကို စိတ်တိုတာမျိုး ဖြစ်လာပြီး အလုပ်ခွင်မှာ ပျော်ရွှင်မှု နည်းပါလိမ့်မယ်။

 

စီမံခန့်ခွဲမှု လုပ်ပါ (Photo by iStock)

 မပျော်နိုင်တဲ့အကြောင်းအရင်း

မေမေတို့ရေ အလုပ်တွေပိနေရင် အချိန်ကြာလာရင် အလုပ်ခွင်ထဲမှာ မပျော်နိုင်တော့ပါဘူး။ အချိန်ကို သေချာလေး စီမံခန့်ခွဲမှု လုပ်ပါ။ အလုပ်တွေကို ထပ်ခါထပ်ခါ စစ်တာမျိုး မလုပ်ရလေအောင် စနစ်တကျ လုပ်ဆောင်ပါ။ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ပြီးမြောက်အောင် အချိန်ကို စီမံတာတွေ လုပ်ပါ။ အလုပ်ခွင်ထဲမှာ တချို့တလေက လျစ်လျစ်ရှူရတာတွေလည်း ရှိပါတယ်။ ကိုယ့်ဘက်က လိုက်ညှိပေမယ့် ကိုယ်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်ဆိုတာလည်း ရှိနေမှာပါ။ အတိုက်အခံလုပ်နေတာမျိုး မဟုတ်ဘဲ အတတ်နိုင်ဆုံး မသိချင်ယောင်နေပါ။ မေမေတို့ အလုပ်ခွင်ထဲ စိတ်ပျော်ဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပြေရှိနေဖို့က အရေးကြီးပါတယ်နော်။ ရုံးမှာ မေမေတို့အနေနဲ့ ကော်ဖီဖျော်တဲ့အခါ မိတ်ဆွေတွေအတွက်ပါ ဖျော်ပေးပါ။ ဒီလိုအသေးအမွှားလေးတွေကို ကူညီလိုက်ခြင်းက မေမေတို့ကို လုပ်ငန်းခွင်မှာ တက်ကြွမှုတွေ ရရှိစေပါတယ်။ မေမေတို့အိမ်ကပါလာတဲ့ ထမင်းဟင်း သို့မဟုတ် မုန့်တို့ကိုလည်း လုပ်ငန်းခွင်က မိတ်ဆွေများနဲ့ အညီအမျှခွဲဝေပေးပါ။ လုပ်ငန်းခွင်မှာ ပျော်ရွင်လာပြီး တက်ကြွမှုတွေ ပြန်လည်ရရှိလာပါလိမ့်မယ်။

အာရုံစူးစိုက်မှု

မေမေတို့ရေ ခန္ဓာကိုယ်က တက်ကြွနေမှ အာရုံစူးစိုက်မှုလည်း ကောင်းမှာပါနော်။ ဒီတော့ ခန္ဓာကိုယ်ကို အရင်ဆုံး ကောင်းအောင် ထားရပါမယ်။ ဗိုက်ဆာတာနဲ့ ဗိုက်တင်းနေတာက အလုပ်ခွင်မှာ အနှောင့်အယှက်ဖြစ်တဲ့အပြင် စိတ်အာရုံကိုလည်း ထွေပြားစေပါတယ်။ ဒါကြောင့် ဗိုက်ကို မဆာ တဆာလေး အနေအထား ဖြစ်အောင် စားပါ။ မနက်စာတော့ ပုံမှန်စားနော်။ ဒီလို မဟုတ်ရင် နွမ်းနယ်မှုကို အရမ်းခံစားနေရမှာပါ။မေမေတို့ရဲ့ အလုပ်ခွင်မှာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း စိတ်ဖိစီးစရာတွေ ဖြစ်နေမှာပါ။ ကလေးတစ်ဖက်နဲ့ မေမေတို့ကို ရုံးချိန် ခပ်စောစော လာခိုင်းတာ စတာတွေက စိတ်ညစ်ညူးစရာပါ။ ဒါကြောင့် အလုပ်ခွင်ထဲမှာ စည်းကမ်းတင်းကျပ်မှုတွေကို ခဏလောက် မေ့ထားပါ။ အကယ်လို့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားအပိုတွေ မပြောရဘူးဆိုရင် ကိုယ့်ဘာသာကိုယ် တစ်ကိုယ်တည်းပြောပါ။ ရီပါ။ ပြုံးပါ။ တင်းကျပ်တဲ့ စည်းကမ်းတွေကြားမှာ ပျော်စရာ ရှာပါ။

အစားအသောက်

စွမ်းအားတွေ ပြည့်မှ အလုပ်ကောင်းကောင်း လုပ်နိုင်မှာနော်။ မေမေတို့ အလုပ်ခွင်မှာ မုန့်ပဲ သရေစာစားဖို့ဆိုတာလည်း အမြဲ မရနိုင်ပါဘူး။ ဒါကြောင့် စွမ်းအားပြည့်စေဖို့ ရေများများ သောက်ပါ။ ကုန်ဆုံးသွားတဲ့ အားအင်တွေ ပြန်လည် ပြည့်ဝလာမှာပါနော်။ မေမေတို့ရေ တကူးတကကြီး လေ့ကျင့်ခန်းလုပ်၊ GYM ဆော့၊ ယောဂကျင့်ဆိုတာကလည်း အမြဲတော့ မလွယ်ပါဘူးလေ။ ကိုယ်က ကလေးတစ်ဖက်နဲ့ဆိုရင် ပိုတောင်မလွယ်ဘူးနော်။ ဒါပေမယ့် ခန္ဓာကိုယ် လှုပ်လှုပ်ရှားရှားနေပါ။ အနည်းဆုံးတော့ လမ်းလျှောက်ပါ။ မေမေတို့ရေ စိတ်ပြေလက်ပျောက် ဓါတ်ပုံရိုက်ပါ။ ရုံးက ရိုက်ခွင့်မရရင်တော့ Toilet ထဲမှာ Selfie တော့ ဆွဲပါ။

ရုံးတက်ရတဲ့အချိန်တွေမှာ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်တာကတော့ အကောင်းဆုံးပါ (Photo by International Journal of Research (IJR))

အစည်းအဝေး

လုပ်ငန်းခွင်မှာ ကျင်းပတဲ့ အစည်းအဝေးပွဲတွေမှာ ထိုင်ပေါ်မထိုင်ဘဲ မတ်တပ်ရပ်ပြီးနားထောင်တာက တက်ကြွမှုကို ပိုရစေပါတယ်။ ဒီလိုမတ်တပ်ရပ်နားထောင်ပေးတာက အိပ်ငိုက်တာတွေနဲ့ စိတ်မဝင်စားတာတွေကို ပျောက်ကင်းစေပြီး တက်ကြွမှုကို ရရှိစေပါတယ်။ အချိန်ကြာတဲ့ အစည်းအဝေးပွဲတွေမှာဆိုရင်တော့ ထိုင်ပေးတာက ပိုအဆင်ပြေစေပါတယ်။ အချိန်ခဏသာကြာတဲ့ အစည်းအဝေးပွဲတွေမှာဆိုရင်တော့ မတ်တပ်ရပ်ပေးတာက ပိုပြီးတက်ကြွစေမှာပါ။

လုပ်ရမယ့်အလုပ်တွေ၊ မဖြစ်မနေ သွားရမယ့် လူမှုရေးများ၊ အစီအစဉ်တွေအားလုံးကို ချမှတ်ပါ

ဒါဆိုရင် မေမေတို့ အချိန်တွေ အစီအစဉ်တကျ ဖြစ်နေအောင် စီစဉ်လို့ ရမှာဖြစ်ပြီး အချိန်တွေ အလဟသ မဖြစ်နိုင်အောင် ကာကွယ်ပြီးသားပါပဲ။ မေမေတို့ အလုပ်လုပ်ရတာကြောင့် သားသားမီးမီး၊ ကိုယ့်ရဲ့ ချစ်ခင်ရသူတွေကို အချိန်မပေးတာမျိုး မဖြစ်ပါစေနဲ့။ အချိန် မပေးမိလေခြင်းလို့ တွေးမိနေတာ ပိုပြီး စိတ်ရှုပ် ပင်ပန်းစေမိမှာပါ။ အလုပ်မသွားခင်၊ အလုပ်မစခင်မှာ မိသားစုနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြောဆိုလိုက်ပါ။ မေမေတို့ အလုပ်အရမ်းရှုပ်နေတယ်ဆိုရင်တောင် မိသားစုနဲ့ အချိန်နည်းနည်းတော့ဖယ်ထားပေးပါ။ အင်တာနက်ပေါ်မှာ အချိန်ကုန်နေမယ့်အစား သူငယ်ချင်းတွေနဲ့တွေ့တာ၊ ကလေးတွေကို အချိန်ပေးတာမျိုး ပိုလုပ်ပေးပါ။ အကယ်လို့ မေမေတို့ အချိန်ပိုင်း အလုပ်လုပ်တယ်ဆိုရင်လည်း ကလေးလေးတွေ အိပ်တဲ့အချိန်မှ လုပ်တာမျိုးက ပိုကောင်းပါတယ်။

မေမေတို့ရေ အလုပ်တွေ များရတဲ့ကြားထဲမှာ

စားစရာတွေ ပြင်ဆင်ရတာကလည်း စိတ်ညစ်စရာနော်။ လွယ်ကူရိုးရှင်းစွာပြင်ဆင်ရတဲ့ အစားအသောက်တွေကို ချက်ပြုတ်ပါ။ ချက်ပြုတ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို လှီးဖြတ်ပြီး အိုးထဲထည့်ပါ။ ဒါဆိုရင် ပြန်လာတဲ့အခါ အဆင့်သင့် ဖြစ်နေမှာပါ။ အသေးစိတ် အစအဆုံး လုပ်စရာမလိုသော အစားအသောက်တွေကို ရွေးချယ်ပါ။ ရယ်ဒီမိတ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆော့တွေဟာလည်း အလုပ်ရှုပ် သက်သာစေပါတယ်

ဒါဆိုရင် အလုပ်တွေပိနေလို့ အလုပ်မသွားချင်တာမျိုး နည်းသွားမှာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles