ကလေးမွေးပြီး မေမေတို့ အလုပ်လည်းလုပ်ချင် နားလည်းနားချင်ဆိုရင်

by: Phyo Pyae Thu
 0 comments  4 love

အလုပ်ခွင် ပြန်ဝင်ရတဲ့ မေမေတွေ အများကြီးပါ။ မေမေတို့မှာ အလုပ်တွေလုပ်ရ၊ ကလေးလည်းထိန်းရဆိုရင် အနားရဖို့က သိပ်တော့ မလွယ်လှပါဘူး။

အလုပ်လုပ်ရင်း လုပ်ဆောင်လို့ ရတယ်နော်။

ကလေးမွေးပြီးနောက်ပိုင်းမှာ အလုပ်ခွင် ပြန်ဝင်ရတဲ့ မေမေတွေ အများကြီးပါ။ မေမေတို့မှာ အလုပ်တွေလုပ်ရ၊ ကလေးလည်းထိန်းရဆိုရင် အနားရဖို့က သိပ်တော့ မလွယ်လှပါဘူး။ အချိန်သက်သက်ကြီး ယူပြီး အနားယူဖို့ဆိုတာက ပိုလို့တောင် ခက်မှာပါ။ ဒီတော့ အလုပ်လည်း လုပ်ရင်း အနားလည်း ရအောင် နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။ အားပြန်ဖြည့် တင်းဖို့လိုအပ်နေချိန်မှာ ၅ မိနစ် ၁၀ မိနစ်လောက်ထိုင်ချလိုက်ပါ။ အအေးနဲ့ အဆာပြေ မုန့် တစ်ခုခုစားတာပဲဖြစ်ဖြစ် သစ်သီးပဲဖြစ်ဖြစ် စားသုံးပေးပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ အသက်ဝဝရှုလိုက်ပါ။ အလုပ်လုပ်ရင်း လုပ်ဆောင်လို့ ရတယ်နော်။

အလုပ်နဲ့အနားယူတာ နှစ်ရပ်စလုံးအတွက် အဆင်ပြေစေဖို့

လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာ အရည်အချင်း တွေတိုးတက်စေမယ့် နည်းလမ်းတွေကို ရှာဖွေရပါမယ်။ အနားယူတဲ့အခါမှာလည်း ပင်ပန်းတာတွေ မလုပ်မိဖို့ လိုပါတယ်။ တစ်နေကုန် ဂိမ်းဆော့တာ၊ တီဗွီ ထိုင်ကြည့်နေတာတွေက အပန်းပြေတယ် ထင်ရပေမယ့် တစ်ကယ်တော့ ပင်ပန်းစေနိုင်တဲ့ အရာတွေပါ။ အချိန်တွေကို အမှန်တကယ် စိတ်ဝင်စားတဲ့အရာတွေကိုလုပ်ပြီးကုန်ဆုံးစေတာက အရေးပါသလို အလုပ်ဝန်ပိတာတွေအကြား မှာပဲ စိတ်သက်သာရာရရှိစေမှာဖြစ်ပါတယ်။

စိတ်ဝင်စားတဲ့အရာတွေကိုလုပ်ပြီးကုန်ဆုံးစေတာက အရေးပါသလို အလုပ်ဝန်ပိတာတွေအကြား မှာပဲ စိတ်သက်သာရာရရှိစေမှာဖြစ်ပါတယ်။

အလုပ်ပေါ်မှာပဲ အချိန်ပြည့်အာရုံစိုက်နေတာက ပိုပင်ပန်းစေပါတယ်

အလုပ်ချိန်နဲ့အနားယူချိန်ကို ခွဲခြားထားပါ။ မေမေတို့ အလုပ်ပေါ်မှာ တအားစိတ်အားထက်သန်နေတတ်ကြပြီး အချိန်တိုင်း အလုပ်ပေါ်မှာအာရုံစိုက်ရင်း အနားယူဖို့ မေ့နေတတ်တာကြောင့် ပင်ပန်းမှုတွေဖြစ်ပေါ်ခံစား လာရပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ အလုပ်လုပ်တဲ့အချိန်အတိုင်းအတာနဲ့ အနားယူပေးဖို့ အစီအစဉ်ဆွဲထားဖို့လိုပါတယ်။ လုပ်ငန်းလုပ်ဆောင်မှုကို မထိခိုက်စေနိုင်တဲ့ အတိုင်းအတာအထိအလုပ်ချိန်ကို လျှော့ချနိုင်ဖို့ လိုပါတယ်။ အလုပ်နဲ့အနားယူမှုကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးမှုက မေမေတို့နဲ့ မိသားစုကို ပိုနီးကပ်စေမှာပါ။

အမှန်တကယ်တော့ အလုပ်ကပိုက်ဆံပိုဝင်လေလေ အားလပ်ချိန်နည်းပါးလာလေလေပဲဖြစ်ပါတယ်။ ဒါပေမယ့်လက်ရှိသင်ပိုင်ဆိုင်ထားတဲ့ အချိန်ကာလတွေကို ပျော်ပျော်ရွှင်ရွှင်သုံးစွဲဖို့ လည်း လိုအပ်ပါတယ်။ မေမေတို့ အလုပ်လည်းလုပ်ရင်း မိသားစုကိုလည်း အချိန်ပေးကာ အနားယူနိုင်ကြပါစေနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles