မိသားစုနေထိုင်မှုပုံစံပြောင်းလဲလိုက်တာက မေမေတို့ကို ပိုက်ဆံပိုစုမိစေလား

by: Nang Htwe
 0 comments  0 love

မေမေတို့ထင်ထားတာ မိသားစုဝင်ငွေတိုးလာရင် ပိုက်ဆံစုမိလိမ့်မယ်ဆိုတဲ့ အတွေးတွေပါ

မေမေတို့ရဲ့ စိတ်ဖိစီးမှုတွေထဲမှာ ငွေကြေးကြောင့်လည်း ပါနေပါလိမ့်မယ်။ မိသားစုအသုံးစရိတ်ကြောင့်  ငွေကြေးမစုမိတာတွေက မေမေတို့ကို ထိပ်လန့်စေပါတယ်။ မိသားစု သုံးစွဲမှုတွေမှာ ယိုပေါက်တွေရှိနေတယ်ဆိုရင် ပိုက်ဆံစုမိဖို့ ခက်ခဲပါလိမ့်မယ်။

မိသားစု သုံးစွဲမှုတွေမှာ ယိုပေါက်တွေရှိနေတယ်ဆိုရင် ပိုက်ဆံစုမိဖို့ ခက်ခဲပါလိမ့်မယ် (Photo by realconsult.ru)

ပိုက်ဆံစုထားခြင်းရဲ့ ရည်ရွယ်ချက်များ

မေမေတို့ထင်ထားတာ မိသားစုဝင်ငွေတိုးလာရင် ပိုက်ဆံစုမိလိမ့်မယ်ဆိုတဲ့ အတွေးတွေပါ။ မိသားစု ဝင်ငွေတိုးလာတာ မေမေတို့ကို ပိုပြေလည်စေပေမယ့်လည်း ပိုက်ဆံစုမိဖို့တော့ ဖြစ်နိုင်ချေနည်းပါတယ်။ မိသားစု အသုံးစရိတ်ကြီးနေတဲ့ ကာလပတ်လုံး ပိုက်ဆံစုဖို့ ခက်ခဲနေဦးမှာပါ။ မိသားစုအတွက် ငွေကြေးစုဆောင်းတော့မယ်ဆိုရင် ပထမဆုံး ခိုင်မာတဲ့ ရည်မှန်းချက်ရှိဖို့လိုအပ်ပါတယ်။ ဘာကြောင့် ပိုက်ဆံစုရတယ်ဆိုတာ အရင်သိထားသင့်ပါတယ်။ ကလေးငယ်တွေရဲ့ တက္ကသိုလ်စရိတ်၊ ဖေဖေတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်း၊ အိုဇာတာ စတဲ့ တခြားရည်မှန်းချက်တွေ ချမှတ်ပြီး ပိုက်ဆံစုရပါမယ်။

ခိုင်မာတဲ့ ရည်မှန်းချက်များ

ဒီလိုပိုက်ဆံစုဖို့ ရည်မှန်းချက် ခိုင်မာသွားပြီဆိုရင် ပထမဆုံး မိသားစုအသုံးစရိတ်ကို အရင်ချုံ့ရပါမယ်။ ကလေးငယ်အတွက် မလိုအပ်တဲ့ အရုပ်တွေ၊ အဝတ်အစားတွေ ခဏခဏ ဝယ်ပေးမိနေတာမျိုး၊ မနက်စာကို အပြင်ထွက်စားတာမျိုး၊ အိမ်အတွက် သိပ်မလိုအပ်တဲ့ ပစ္စည်းတွေ ခဏခဏ ဝယ်မိနေတာမျိုး တွေကို ချုံ့ပါ။ နောက်ပြီး ရေခ၊ မီးတာခ တွေကိုလည်း ချုံ့နိုင်သလောက် ချုံ့ရပါမယ်။ မီတာခ မများအောင် နေ့ခင်းဖက်တွေမှာ မလိုအပ်ဘဲ မီးဖွင့်ထားတာ၊ အဲယားကွန်းဖွင့်တာမျိုးနဲ့ မီတာအရမ်းသုံးတဲ့ လျှပ်စစ်ပစ္စည်းတွေကို မီးအားချွေတာတဲ ပစ္စည်းတွေ ပြောင်းလဲသုံးတာမျိုး ပြုလုပ်ပေးပါ။ ရေခ သက်သာအောင် မလိုအပ်ဘဲ ရေဖွင့်ခဲ့တာမျိုး၊ ရေလျှံတာတွေ မဖြစ်အောင် သတိထားတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

မေမေတို့ထင်ထားတာ မိသားစုဝင်ငွေတိုးလာရင် ပိုက်ဆံစုမိလိမ့်မယ်ဆိုတဲ့ အတွေးတွေပါ (Photo by Business First Family)

ချွေတာရေးနည်းလမ်းများ

နီးနီးနားနားသွားတဲ့အခါ ကားစီးတာထက် အများသုံးယာဉ် (ဘတ်စကား)စီးတာ၊ လမ်းလျှောက်သွားနဲ့ စက်ဘီးစီးတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။ မေမေဖေဖေတို့အနေနဲ့ ဖုန်းဘေကိုလည်း ချွေတာသင့်ပါတယ်။ အင်တာနက် အသုံးပြုတဲ့အခါ မိုဘိုင်းအင်တာနက်တွေထက် unlimited wifi ကတ်တွေကို ဝယ်သုံးသင့်ပါတယ်။ အိမ်မှုကိစ္စတွေဖြစ်တဲ့ အိမ်သန့်ရှင်းရေးနဲ့ အဝတ်လျှော်တာတွေကို မိသားစုစုံညီတဲ့ ပိတ်ရက်မျိုးမှာ အတူတူခွဲဝေလုပ်ကိုင်တာက  အိမ်အကူငှားရမ်းခ သက်သာသွားစေပါတယ်။

ပိုက်ဆံစုထားတာက မေမေတို့ရဲ့ နောင်ရေး၊ ကလေးငယ်ရဲ့ အနာဂတ်ကို အများကြီး အထောက်အကူပြုတာကြောင့် အခုချိန်ကစပြီး ပိုက်ဆံစုဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: moneythe family


Comments

0 comments
Latest video
Refer to more useful articles