ညဘက် အလုပ်လုပ်တဲ့မေမေတွေ ဒါတွေကို သတိထားပါ

by: Phyo Pyae Thu
 0 comments  0 love

ညဘက်အလုပ်လုပ်ရင်း အစားတွေ စားမိတဲ့အခါမှာ ကယ်လိုရီတွေလည်း တက်လာနိုင်ပါသေးတယ်။ အိပ်ရေးပျက်တယ်ဆိုပြီး အစားမစားချင်စိတ်တွေလည်း ဖြစ်နိုင်ပါသေးတယ်။

မေမေတို့ နေ့ခင်းဘက်မှာ အကြောင်း အမျိုးမျိုးကြောင့် အလုပ်မလုပ်ဖြစ်ဘဲ ညဘက်မှ အလုပ်လုပ်ရတာတွေလည်း ရှိနိုင်ပါတယ်။ ခရီးထွက်ရလို့ ညဘက်မှ အလုပ်တွေ စုလုပ်တာ ဒါမှမဟုတ် အပိုဝင်ငွေ ရရှိဖို့အတွက် ညဆိုင်းအလုပ်တွေ လုပ်တဟာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိနေဆဲပါပဲ။

ညဖက်အလုပ်လုပ်

မေမေတို့ အနေနဲ့ ညဘက်အလုပ်လုပ်ရင်း အစားတွေ စားမိတဲ့အခါမှာ ကယ်လိုရီတွေလည်း တက်လာနိုင်ပါသေးတယ် (Photo by Everett Office Furniture)

အစားအသောက် သတိပြု

မေမေတို့ အနေနဲ့ ညဘက်အလုပ်လုပ်ရင်း အစားတွေ စားမိတဲ့အခါမှာ ကယ်လိုရီတွေလည်း တက်လာနိုင်ပါသေးတယ်။ ဒါကို သတိထားမိမှာပါ။ အိပ်ရေးပျက်တယ်ဆိုပြီး အစားမစားချင်စိတ်တွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဒီလိုဆိုရင်လည်း ကျန်းမာရေးအတွက် စိုးရိမ်ရပါသေးတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ညဘက်ဆက်တိုက် အလုပ်လုပ်ခြင်းကိုတော့ ရှောင်သင့်ပါတယ်။

ညဘက် အလုပ်လုပ်ခြင်းရဲ့ ကောင်းကျိုးများ

ညဘက် အလုပ်လုပ်တာဟာ မေမေတို့အတွက် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ညဘက်အလုပ်လုပ်တဲ့အခါ အိပ်ရေးပျက်တာတွေ ကြုံရမှာပါ။ အိပ်ရေးပျက်တဲ့အခါ ခေါင်းမကြည်မလင် ဖြစ်ခြင်း၊ စိတ်ရှုပ်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ နို့တိုက်တဲ့ မေမေတွေဆိုရင် ပိုလို့တောင် ဆိုးနိုင်ပါတယ်။ ဒါကြောင့် မေမေတို့ ညဆိုင်းအလုပ်လုပ်ပေမယ့် အရမ်းကြီး နောက်ကျပြီးမှ မအိပ်ဖို့နဲ့ နေ့စဉ်ရက်ဆက် အိပ်ချိန်နောက်ကျတာမျိုး မလုပ်သင့်ကြောင်း အကြံပြုပါရစေနော်။

ညဖက် အလုပ်လုပ်

ညဘက်မှာ အချိန်ပြည့်အလုပ်လုပ်ရသူတွေဟာ အိပ်စက်မှု နှောင့်ယှက်ခံရခြင်းကို ပိုမိုဖြစ်စေနိုင် (Photo by marketing.hse)

အိပ်ရေးပျက်ခြင်း

ညဘက်မှာ အချိန်ပြည့်အလုပ်လုပ်ရသူတွေဟာ အိပ်စက်မှု နှောင့်ယှက်ခံရခြင်းကို ပိုမိုဖြစ်စေနိုင်ပြီး အိပ်ရေးပျက်ခြင်းနဲ့ စိတ်ကျရောဂါတို့ ပိုမိုဖြစ်ပွားခြင်းအပြင် မိသားစု၊ သူငယ်ချင်းတွေနဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ခြင်း မရှိတော့ပါဘူး။ အထီးကျန်မှုကိုဖြစ်စေပြီး အလွယ်စာတွေကို ပိုမိုတောင့်တ လာတတ်ကြပါတယ်။ လေ့ကျင့်ခန်း လုပ်ချင်စိတ်တွေကိုလည်း လျှော့ချလိုက်ပါတယ်။ ဒီအချက်တွေကို မေမေတို့လည်း သိထားသင့်ပါတယ်။ ညဘက်အလုပ်တွေ စုလုပ်တာဟာ မေမေတို့အတွက် ပင်ပန်းမှုကို ဖြစ်စေတာမို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို မေ့နေတတ်ပါတယ်။

အကယ်လို့ ညဘက်အလုပ်လုပ်မှ ဖြစ်မယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့ Kalay ကနေ အကြံပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles