အကုန်အကျ အလွန်များတဲ့ ကလေးအသုံးစရိတ်ကို ဘယ်လိုချွေတာမလဲ

by: Nang Htwe
 0 comments  3 love

ကစားစရာ ပစ္စည်းတွေဟာ ကလေးငယ်တွေအတွက် မရှိမဖြစ်ပါ။ ဒါကြောင့် မေမေတို့က မကြာခဏ ဝယ်ပေးတတ်ကြပါတယ်။ မလိုတာတွေနဲ့ ခဏလေးသုံးမယ်အရာတွေ မဝယ်တာ အကောင်းဆုံးပါ။

ကိန်းဂဏန်းတွေ မေမေတို့ကို အမြဲအံ့သြစေတဲ့ အရာပါ။ ဘယ်တော့မှလည်း ရိုးမသွားပါဘူး။ အထူးသဖြင့် ငွေကြေးနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေက မေမေတို့ကို စိတ်ဖိစီးမှုတွေတောင် ပေးပါတယ်။ မေမေတို့ ပြောနေကျ စကားတွေထဲက အသုံးမခံတာ၊ ကုန်ဈေးနှုန်းမြင့်မားတာ တွေက မေမေတို့ရဲ့ ပိုက်ဆံတွေ ပိုထွက်စေပါတယ်။

အထူးသဖြင့် သားသားမီးမီးလေးတွေရှိတဲ့ မေမေတွေက တခြားသူတွေထက် ကုန်ကျစရိတ် ပိုများပါတယ် (Photo by ベリーベスト法律事務所 金沢オフィス)

မေမေတို့ရဲ့ ကုန်ကျစရိတ်များ

အထူးသဖြင့် သားသားမီးမီးလေးတွေရှိတဲ့ မေမေတွေက တခြားသူတွေထက် ကုန်ကျစရိတ် ပိုများပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကတည်းကနေ အခု ကလေးငယ် ကျောင်းတက်နေတဲ့ အချိန်ထိ ကုန်ကျစရိတ်တွေက မရေမတွက်နိုင်အောင်ပါပဲနော်။ ကလေးငယ် တက္ကသိုလ်တက်ဖို့၊ စီးပွားရေးလုပ်ဖို့၊ အိုဇာတာ၊ အိပ်မက်နဲ့ ရည်မှန်းချက်တွေအတွက် ငွေကြေးအခြေခံရှိထားဖို့ လိုပါတယ်။ ဒါကြောင့် မေမေတို့ ပိုက်ဆံချွေတာဖို့ လိုလာပါပြီ။ အထူးသဖြင့် အလေအလွင့်မရှိအောင် စီမံဖို့ပါ။

မေမေတို့ စီစစ်ရမယ့် ကလေးအသုံးစရိတ်များ

မေမေတို့ စီစစ်ရမယ့်အရာတွေထဲမှာ ကလေးနဲ့ ပတ်သက်တဲ့ အသုံးစရိတ်လည်းပါပါတယ်။ ခေတ်ကာလ ပြောင်းလဲတာနဲ့အမျှ ကလေးအသုံးစရိတ်ကလည်း တဖြည်းဖြည်း မြင့်မားလာပါတယ်။ ကလေးပညာရေး၊ ကျန်းမာရေး၊ ကစားစရာ၊ အဝတ်အစားနဲ့ အသုံးအဆောင်တွေမှာ ငွေကြေးအမြောက်အများ သုံးရပါတယ်။ ဘယ်လိုနေရာမျိုးမှာ ချွေတာပဲ။ ကလေးအသုံးစရိတ် ချွေတာတဲ့အခါ သတိကြီးကြီး ထားရပါတယ်။ မတော်တဆ ကလေးငယ်ကို ထိခိုက်သွားစေနိုင်လို့ပါ။

ပညာရေးအသုံးစရိတ်

ကလေးအသုံးစရိတ်တွေထဲက ပညာရေးစရိတ်ကို အရင်စီစစ်ကြည့်မယ်။ အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း (ကိုယ်ပိုင်ကျောင်း)၊ နိုင်ငံခြားကျောင်း အစရှိတဲ့ ကျောင်းတွေထဲကမှ မေမေတို့ရဲ့ လစဉ်ဝင်ငွေကို တွက်ချက်ပြီး ထားဖို့ စဉ်းစားပါ။ နောက်ပြီး ကလေးတဖြည်းဖြည်းနဲ့ ကြီးလာလေ ပညာရေးအသုံးစရိတ်က မြင့်မားလာလေပါ။ ဒါကြောင့် ကိုယ့်ရဲ့ ဝင်ငွေနဲ့ ရေရှည်ထောက်ပံ့နိုင်မှုအပေါ်မှာ အခြေခံပြီးစဉ်းစားပါ။ ကျူရှင်၊ ဂိုက်တွေ၊ ဝိုင်းတွေ ထပ်ခေါ်ဖို့ မလိုအောင် အရည်အသွေးကောင်းတဲ့ ကျောင်းမျိုးမှာ ထားပေးပါ။

ကလေးငယ်တွေရဲ့ ကြီးထွားတာက တစ်လနဲ့ တစ်လ မတူညီပါဘူး (Photo by Allstate )

ကျန်းမာရေး

ကျန်းမာရေးဟာ အလွန်အရေးကြီးတာမို့ ချွေတာဖို့ ခက်ပါတယ်။ ကလေးဆေးခန်းပြတဲ့အခါမျိုးမှာ အစိုးရဆေးရုံမှာပြမလား ဒါမှမဟုတ် အပြင်ပုဂ္ဂလိက ဆေးရုံမှာ ပြမလားဆိုတာ မေမေတို့ရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်။

ကစားစရာ

ကစားစရာ ပစ္စည်းတွေဟာ ကလေးငယ်တွေအတွက် မရှိမဖြစ်ပါ။ ဒါကြောင့် မေမေတို့က မကြာခဏ ဝယ်ပေးတတ်ကြပါတယ်။ ကလေးငယ်ကို စည်းကမ်းရှိရှိ ကစားခိုင်းတာ၊ ခဏခဏ ဝယ်ပေးတာမျိုး မလုပ်ဘဲ တစ်ခုပျက်မှ တစ်ခု ဝယ်ပေးတာမျိုးက မေမေတို့ ပိုက်ဆံချွေတာရာ ရောက်ပါတယ်။

အဝတ်အစားနဲ့ အသုံးအဆောင်

ကလေးငယ်တွေရဲ့ ကြီးထွားတာက တစ်လနဲ့ တစ်လ မတူညီပါဘူး။ ဒါကြောင့် အဝတ်အစားတွေ အများကြီး ဝယ်မပေးသေးတာ အကောင်းဆုံးပါ။ ကလေးအသုံးအဆောင်ပစ္စည်းနဲ့ ပတ်သက်ရင်လည်း မေမေတို့က မလိုတာတွေနဲ့ ခဏလေးသုံးမယ်အရာတွေ မဝယ်တာ အကောင်းဆုံးပါ။

ကလေးအသုံးစရိတ် ချွေတာတဲ့အခါ သူတို့လေးတွေကို မထိခိုက်အောင် သတိထားပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles