ကလေးမွေးပြီးသွားရင် အလုပ်ခွင်ကို ဘယ်လို စီမံခန့်ခွဲမလဲ

by: Swe Mar
 0 comments  7 love

သြစတေးလျက အမျိုးသမီးလွှတ်တော်အမတ်တောင် လွှတ်တော်ထဲနို့တိုက်သေးတာပဲ။ မေမေတို့လည်း အလုပ်ခွင်မှာ မိခင်နို့်တိုက်ဖို့က ဖြစ်အောင်လုပ်ရင် ဖြစ်တာပါပဲ။

ကလေးမွေးပြီးသွားပြီဆိုရင်တော့ မေမေတို့က အလုပ်ခွင်ဝင်ရေးအတွက် စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ရမှာပါ။ အဲဒီထဲမှာတော့ အချိန်၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေအပြင် ကလေးကို မိခင်နို့တိုက်ကျွေးဖို့အတွက်ပါထည့်ပြီး စဉ်းစားရတော့မှာပါ။

နေ့လယ်စာစားရင်းအလုပ်လုပ်ခြင်း

အချိန်နဲ့ လုပ်ငန်းကိစ္စတွေကို ချိန်ညှိပါ

လုပ်ငန်းခွင်မှာ အချိန်ပြည့် အာရုံစိုက်ပြီး လုပ်ဆောင်မယ်ဆိုရင် လုပ်ငန်းခွင်ပြင်ပမှာ မိသားစုကို အချိန်ပေးနိုင်မှာဖြစ်ပါတယ်။ အဓိကကတော့ အလုပ်ကိစ္စတွေ အိမ်ပြန်ပါမနေဖို့ပါပဲ။ ဒါမှသာ အိမ်ပြန်ရောက်ချိန်နဲ့ ပိတ်ရက်တွေမှာ မိသားစုနဲ့ပက်သက်တဲ့ စီမံခန့်ခွဲမှုတွေကို အသေအချာလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ လုပ်ငန်းက အွန်လိုင်းကုမ္ပဏီတစ်ခုမှာ စာရေးသားသူဆိုပါတော့။ တစ်နေ့စာ လုပ်ကိုင်ဆောင်ရွက်ရမှာတွေကို အကြွေးမထားပဲ ပြီးအောင်ရေးသားပါ။ အလုပ်ကိစ္စအိမ်ပြန်မပါဖို့ နေ့ခင်းထမင်းစားချိန်တွေမှာတောင် မြန်မြန်စားပြီး အလုပ်လုပ်ရမှာပါ။ ကော်ဖီသောက်ချိန်တွေမှာ စကားဝိုင်းဖွဲ့နေတာတွေကို ရှောင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိနစ်(၂၀)ဆိုတာကလည်း အလုပ်ခွင်ဝင်တဲ့ မေမေတို့အတွက်တော့ အရေးကြီးတာပါပဲ။ သန်းခေါင်သန်းလွဲထပြီး နို့တိုက်ရတဲ့ မေမေတို့အတွက် မိနစ်(၂၀)ဆိုတဲ့ အချိန်ဟာ အနည်းငယ်အိပ်ရေးဝချိန်လည်းဖြစ်သလို၊ မိနစ်(၂၀)မှာ ကလေးအနှီးလျှော်တာ၊ ကလေးစားဖို့ စီမံခန့်ခွဲပေးတာ စတာတွေကို လုပ်ဆောင်လို့ရတဲ့ အချိန်ဆိုတာ သိပြီးသားပါနော်။ အခု သေချာသိထားရမှာက လက်ရှိအလုပ်ခွင်မှာ တာဝန်ကျေနေရင် ကလေးနေမကောင်းဖြစ်လို့ခွင့်ယူတာ၊ တာဝန်ပျက်ကွက်တာတွေမှာ ကာမိတယ်ဆိုတာပါပဲ။ မိခင်ဆိုတဲ့ဘဝဟာသားသမီးရဲ့ ပေါ်မှာ မူတည်ပြီး ပြောင်းလဲရမှာဖြစ်တာကြောင့် လက်ရှိအချိန်ရနေတုန်းမှာပဲ အလုပ်ပေါ် တာဝန်ကျေဖို့ ကြိုးစားတာ အကောင်းဆုံးဖြစ်ပါတယ်။

သြစတေးလျ လွှတ်တော်အမတ်က လွှတ်တော်တက်ရင်းကလေးနို့တိုက်နေပုံ

အလုပ်လုပ်ရင်း တတ်နိုင်သမျှ မိခင်နို့တိုက်ကျွေးပါ

မေမေတို့ရေ မိခင်နို့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကများလွန်းလို့ ကလေးအတွက်အရေးကြီးတယ်ဆိုတာ ပြောဖို့တောင်မလိုတော့ပါဘူးနော်။ အလုပ်လုပ်ရင်းမိခင်နို့ကို ရအောင်ဘယ်လိုတိုက်ရမလဲဆိုတာ Kalay က အကြံပေးပြီးလည်း ဖြစ်ပါတယ်။ သြစတေးလျက အမျိုးသမီးလွှတ်တော်အမတ်တောင် လွှတ်တော်ထဲနို့တိုက်သေးတာပဲ။ မေမေတို့လည်း အလုပ်ခွင်မှာ မိခင်နို့်တိုက်ဖို့က ဖြစ်အောင်လုပ်ရင် ဖြစ်တာပါပဲ။ ဒါ့ကြောင့် ကလေးကျန်းမာရေးအတွက် ကလေးအသက်တစ်နှစ်မပြည့်သေးခင် မိခင်နို့ကို ဖြတ်လို့မဖြစ်ပါဘူးနော်။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles