COVID-19 ဖြစ်ပွားချိန် မေမေတို့ရင်ဆိုင်ရတဲ့ စိုးရိမ်စိတ်ပူစရာကိစ္စများ

by: Nang Htwe
 0 comments  2 love

အလုပ်တွေ ရုံးတွေ ခဏနားထားရတာကြောင့် ဝင်ငွေထိခိုက်မှာ၊ ကုန်ဈေးနှုန်းတွေ တက်သွားမှာ၊ စားသောက်စရာ မလုံလောက်မှာ စတဲ့ စိန်ခေါ်မှုတွေလည်း မေမေတို့ ရင်ဆိုင်ရပါတယ်။

မေမေတို့ရေ ကလေးတွေက လူကြီးတွေလောက် ကိုယ်ခံအားမပြည့်စုံသေးပါဘူး။ အခုလို virus ပြန့်ပွားနေချိန်မှာ ကလေးတွေအတွက် အလုံခြုံဆုံးနေရာက အိမ်ပဲဖြစ်ပါတယ်။ အခုချိန်မှာ ကလေးကို အပြင်လုံးဝခေါ်မသွားသင့်ပါဘူး။ ကလေးသဘာဝ အငြိမ်မနေတာကြောင့် သူတို့လေးတွေကို ထိန်းဖို့ မေမေတို့ အထောက်အကူပြု ပစ္စည်းတွေလိုပါတယ်။ အထူးသဖြင့် ဖုန်းနဲ့ တီဗီ ကလေးတွေ အချိန်အကြာကြီးကြည့်မှာ မေမေတို့ စိုးရိမ်ကြပါတယ်။ အိမ်ထဲမှာပဲ ကစားခိုင်းတာ၊ ဆော့စရာတွေ ဝယ်ပေးထားတာ၊ စာဖတ်ခိုင်းတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

အိမ်ထဲမှာပဲ ကစားခိုင်းတာ၊ ဆော့စရာတွေ ဝယ်ပေးထားတာ၊ စာဖတ်ခိုင်းတာမျိုး ပြုလုပ်ပေးနိုင်ပါတယ် (Photo by OneSky)

မေမေတို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုများ

မေမေတို့စိုးရိမ်တာက ကလေးတွေရဲ့ ကျန်းမာရေးဖြစ်ပါတယ်။ COVID-19 ကူးစက်ပျံ့ပွားနေချိန်မှာ ပိုလို့တောင် ဂရုစိုက်ရပါမယ်။ မေမေတို့မှာလည်း ကလေးအတွက် စိုးရိမ်ပူပန်မှုတွေအပြင် တခြားကိစ္စတွေလည်းရှိပါတယ်။ အဲဒါကတော့ အလုပ်တွေ ရုံးတွေ ခဏနားထားရတာကြောင့် ဝင်ငွေထိခိုက်မှာ၊ ကုန်ဈေးနှုန်းတွေ တက်သွားမှာ၊ စားသောက်စရာ မလုံလောက်မှာ စတဲ့ စိန်ခေါ်မှုတွေလည်း မေမေတို့ ရင်ဆိုင်ရပါတယ်။ ဘာတွေပဲ ရင်ဆိုင်နေရပါစေ ကိုယ့်ကလေးကျန်းမာရေးနဲ့ လုံခြုံရေးက မေမေတို့အတွက် နံပါတ်(၁)ပါ။

အိမ်မှာနေနေရစဉ် ပိုက်ဆံချွေတာမယ့်နည်းလမ်းတွေကို စဉ်းစားပါ (Photo by Freepik)

မေမေတို့အနေနဲ့ အခုချိန် စိုးရိမ်တာတွေ နည်းသွားအောင်

  1.  အိမ်မှာနေနေရစဉ် ပိုက်ဆံချွေတာမယ့်နည်းလမ်းတွေကို စဉ်းစားပါ။
  2.  အတတ်နိုင်ဆုံး ပျော်အောင်နေပါ။ အကောင်းဖက်ကတွေးရင် အခုလို မိသားစုစုံစုံညီညီ အိမ်မှာ အကြာကြီးရှိဖို့ဆိုတာ အခွင့်အရေးနည်းပါတယ်။ အခုလိုမျိုး အခြေအနေကို အခွင့်အရေးလို့ သဘောထားပါ။
  3. ပူပူနွေးနွေး ထမင်းဟင်းကို မေမေတို့ကိုယ်တိုင် အိမ်မှာပဲ ချက်ကျွေးပါ။
  4.  လက်ကို ဆပ်ပြာနဲ့ မကြာခဏ ‌ဆေးပါ။

မေမေတို့ရေ အခုချန်မှာတော့ ကလေးကို အိမ်မှာထဲထားတာ အလုံခြုံဆုံးနဲ့ စိတ်ချရဆုံးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: COVID-19


Comments

0 comments
Latest video
Refer to more useful articles