အိမ်နီးနားချင်းတွေနဲ့ အဆင်ပြေအောင် နေထိုင်ဖို့ မေမေတို့ အခက်အခဲဖြစ်နေလား

by: Nang Htwe
 0 comments  0 love

ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်လေးရလာဖို့ မေမေတို့ဖက်က အခုပဲ ပြောင်းလဲလိုက်ပါ။

အလုပ်တာဝန်တွေများတဲ့ မေမေတို့အတွက်တော့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေထိုင်ရတာ အခက်အခဲတွေရှိနေပါတယ်။ တဖြည်းဖြည်းနဲ့ ဖိစီးမှုတွေများလာတဲ့အခါ အကောင်းမြင်စိတ်နည်းလာပါတယ်။ အကောင်းမြင်စိတ်နဲ့ ပျော်ရွှင်မှုက ဆက်စပ်နေပါတယ်။ ပျော်ရွှင်မှုနည်းလာတဲ့အခါ ရောဂါတွေဝင်ရောက်လာနိုင်ပါတယ်။  မကြာခဏ နေမကောင်းတာမျိုးနဲ့ စိတ်ရောဂါဖြစ်လာနိုင်ပါတယ်။ နေထိုင်ရတာ ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့

မိတ်ဆွေနဲ့ အိမ်နီးနားချင်းတွေက ဖိတ်ကြားတဲ့ ပွဲတွေကိုလည်း ပါဝင်ဆင်နွှဲပါ (Photo by Shutterstock)

(၁) အကူအညီ

အိမ်နီးနားချင်းတွေနဲ့ မိတ်ဆွေတွေအပေါ် လိုအပ်နေတဲ့ အကူအညီတွေကို မေမေတို့ဖက်က ကူညီပေးလိုက်ပါ။ ဖိအားမထားဘဲ ကိုယ်တတ်နိုင်သလောက် အကူအညီပေးပါ။ ပြန်ရမယ့် တုန့်ပြန်မှုကို မမျှော်လင့်ဘဲ အဆင်ပြေပါစေဆိုတဲ့ စေတနာလေးနဲ့ပဲ ကူညီပေးလိုက်ပါ။

(၂) အကောင်းမြင်စိတ်

အိမ်နီးနားချင်းနဲ့ မိတ်ဆွေတွေအပေါ် အကောင်းမြင်စိတ်ထားနိုင်အောင် ကြိုးစားလိုက်ပါ။ သူတို့တွေအပေါ် မေမေတို့က အကောင်းမြင်စိတ်တွေထားနိုင်လာပြီဆိုရင်တော့ ပတ်ဝန်းကျင်မှာ နေထိုင်ရတာ ပျော်စရာကောင်းလာပါပြီ။

(၃) စိုးရိမ်စိတ်

အိမ်နီးနားချင်းနဲ့ မိတ်ဆွေတွေအပေါ် စိုးရိမ်စိတ်တွေ၊ မသင်္ကာတဲ့စိတ်တွေ လျှော့ထားလိုက်ပါ။ ဒါဆို သူတို့တွေနဲ့ ခင်မင်ရတာ အဆင်ပြေလာပါလိမ့်မယ်။

မုန့်နဲ့ အစားအသောက်တွေကို ပိုလုပ်ပြီး တခါတလေ အိမ်နီးနားချင်းတွေကို မျှဝေပေးလိုက်ပါ (Photo by Hero Images)

(၄) ချစ်ခြင်း

အိမ်နီးနားခြင်းတွေနဲ့ မိတ်ဆွေတွေအပေါ် ချစ်တတ်ဖို့ ကြိုးစားလိုက်ပါ။ မကြာခင်မှာ မေမေတို့နေထိုင်ရတာ ပျော်လာပါလိမ့်မယ်။

(၅) နားထောင်ပါ

အိမ်နီးနားချင်းတွေနဲ့ မိတ်ဆွေတွေရဲ့ စကားသံကို နားထောင်ပေးပါ။ ဒါဆို သူတို့ရဲ့ ခံစားချက်နဲ့ အခက်အခဲတွေကို မေမေတို့ သိလာပါလိမ့်မယ်။ နားလည်မှုတွေ ပိုတိုးလာစေပါတယ်။

(၆) သတိရပေးပါ

တခါတရံ ပိုလျှံတဲ့ပစ္စည်းတွေရှိနေတယ်ဆိုရင် အိမ်နီးနားချင်းတွေကို ခွဲဝေပေးလိုက်ပါ။ မွေးနေ့နဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ မိတ်ဆွေကို ဖိတ်ကြားပေးပါ။ မုန့်နဲ့ အစားအသောက်တွေကို ပိုလုပ်ပြီး တခါတလေ အိမ်နီးနားချင်းတွေကို မျှဝေပေးလိုက်ပါ။ မိတ်ဆွေနဲ့ အိမ်နီးနားချင်းတွေက ဖိတ်ကြားတဲ့ ပွဲတွေကိုလည်း ပါဝင်ဆင်နွှဲပါ။

ပျော်စရာကောင်းတဲ့ ပတ်ဝန်းကျင်လေးရလာဖို့ မေမေတို့ဖက်က အခုပဲ ပြောင်းလဲလိုက်ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles