စိတ်ဖိစီးမှုတွေများတာကြောင့် မေမေတို့ အလုပ်ထွက်ချင်နေပြီလား

by: Nang Htwe
 0 comments  0 love

စိတ်ဖိစီးမှုတွေဖြစ်လာပြီး ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်နော်။

တစ်ခါတစ်လေမှာ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေများတာကြောင့် မေမေတို့မှာအလုပ်ထွက်ချင်စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ် (Photo by 肌育と肌活)

မေမေတို့ရဲ့ နေ့စဉ်ဘဝမှာ များပြားလှတဲ့ တာဝန်တွေက စိတ်ဖိစီးမှုတွေ ဖြစ်နေတတ်ပါတယ်။ မေမေတို့အတွက် တစ်နေ့အချိန်(၂၄)နာရီတောင် မလောက်ချင်ပါဘူး။ တစ်ခါတစ်လေမှာ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေများတာကြောင့် မေမေတို့မှာ အလုပ်ထွက်ချင်စိတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် မေမေတို့အတွက် လုပ်ငန်းခွင်မှာကြုံနေရတဲ့ စိတ်ဖိစီးမှုတွေကို သက်သာလျော့ပါးအောင်ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို Kalay ကနေ ဝေမျှပေးလိုက်ပါတယ်နော်။

အချိန်ဖြုန်းပါ

မေမေတို့အနေနဲ့ မနက်ခင်းအလုပ်မသွားခင်အချိန်လေးမှာ ကော်ဖီပူပူလေးသောက်ပြီး (၁၀) မိနစ်သို့မဟုတ် (၁၅) မိနစ်လောက် အေးအေးဆေးဆေးအနားယူပေးပါ။

အကြံဥာဏ်ကောင်း

လုပ်ငန်းခွင်အတွက် အကြံဥာဏ်ကောင်းတွေ ထွက်ပေါ်လာဖို့  မနက်ခင်းအချိန်တိုင်း မိနစ်အနည်းငယ်ပေးပြီး စဉ်းစားပေးပါ။

အစားအစာ

မေမေတို့ရေ မနက်စာကို ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် မစားဘဲမနေပါနဲ့နော်။ အာဟာရပြည့်ဝတဲ့ မနက်စာကို နေ့တိုင်းစားပေးပါ။ ဆာလောင်နေတဲ့အခါမှာ စိတ်ဖိစီးမှုတွေ ပိုမိုဝင်ရောက်လာနိုင်လို့ပါ။

သီချင်းနားထောင်တာက စိတ်ဖိစီးမှုတွေကို သက်သာစေတယ်နော် (Photo by Allianz Blog)

အသက်ရှူ

မေမေတို့အနေနဲ့ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုတွေ ဝင်ရောက်လာတာကို ကာကွယ်ဖို့အတွက် မနက်ခင်းတိုင်း အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပေးပါ။ တိတ်ဆိတ်တဲ့နေရာလေးမှာ အသက်ဝဝရှူပြီး လေတွေကိုပြန်ထုတ်ပေးပါ။

ရေ

မေမေတို့ရေ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တာတွေကလည်း စိတ်ဖိစီးမှုတွေကို အလွယ်တကူ ဝင်ရောက်စေတယ်နော်။ ဒါကြောင့်မေမေတို့ ရေများများသောက်ပေးဖို့လိုတယ်နော်။

ခြေဆန့်လက်ဆန့်

အထိုင်ကြာလာတဲ့အခါမှာ ညောင်းညာတာကို မေမေတို့ခံစားရမှာပါ။ ဒီလိုညောင်းညာလာတယ်ဆိုရင်တော့ အပြင်ကိုထွက်ပြီး လေကောင်းလေသန့်လေး ရှုလိုက်ပါ။ ပြီးတော့ ခြေဆန့်လက်ဆန့်လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးပါနော်။ ခါး နဲ့ လည်ပင်း ညောင်းညာတာတွေကိုလည်း သက်သာစေတယ်နော်။

သီချင်း

မေမေတို့အနေနဲ့ တာဝန်တွေများတာကြောင့် သီချင်းနားထောင်ဖို့ အချိန်မရကြပါဘူး။ သီချင်းနားထောင်တာက စိတ်ဖိစီးမှုတွေကို သက်သာစေတယ်နော်။ မေမေတို့အနေနဲ့ ကားမောင်းတဲ့အခါ ဒါမှမဟုတ် ကားစီးတဲ့အခါမှာ သီချင်းနားထောင်ပေးပါ။

စောစောအိပ်

မေမေတို့အနေနဲ့ အိပ်ရေးဝဝ အိပ်တာက စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေနဲ့အတူ စောစောအိပ်ရာဝင်တာက ကျန်းမာရေးအတွက်ကော စိတ်ဖိစီးမှုတွေပါ သက်သာလျော့ပါးစေနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: reducestresswork

Comments

0 comments
Latest video
Refer to more useful articles
x