ကလေးယူမယ်လို့ စဉ်းစားပြီဆိုရင် သင့်တော်မယ့်အလုပ်အတွက် ကြိုတင်ပြင်ဆင်ဖို့လို

by: Swe Mar
 0 comments  26 love

အလုပ်လုပ်တဲ့အခါ ကိုယ်ပိုင်ဝင်ငွေရှိလာတာမို့ မေမေတို့လည်း စိတ်ချမ်းသာရတယ်လေ။

ကလေးယူတော့မယ်လို့ တွေးလိုက်ပြီဆိုကတည်းက မေမေဖြစ်တော့မယ့် ဘဝအတွက် ကိုက်ညီမယ့်အလုပ်ကို ရှာဖွေထားသင့်ပါတယ်။ မေမေဖြစ်တဲ့အခါ ရှိပြီးသားအလုပ်ကို ဆက်လက် လုပ်ကိုင်လိုသူတွေရှိသလို အိုးမကွာ အိမ်မကွာနဲ့ လုပ်လိုသူတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ ပြောပြရတာပါ။ ကလေးကိုပြုစုစောင့်ရှောက်ရင်း အလုပ်လုပ်ချင်သူတွေအတွက် စိန်ခေါ်မှုက ခပ်များများဆိုပေမယ့် ရေရှည်ဘဝအတွက်ဆိုရင်တော့ အလုပ်က မလုပ်မဖြစ်လုပ်ရမှာပါပဲ။ နောက်ပြီး အလုပ်လုပ်တဲ့အခါ ကိုယ်ပိုင်ဝင်ငွေရှိလာတာမို့ မေမေတို့လည်း စိတ်ချမ်းသာရတယ်လေ။

ဥပမာ မေမေလောင်းတို့က အရောင်းဝန်ထမ်းလုပ်တယ်ဆိုပါတော့။ ကလေးမွေးပြီးတဲ့ အချိန်မှာ ဒီလို အလုပ်ကို အချိန်ပြည့်လုပ်နိုင် မလုပ်နိုင် စပြီး စဉ်းစားပါ။ အကယ်၍ မလုပ်နိုင်ဘူးဆိုရင်တော့ ကုမ္ပဏီတစ်ခုရဲ့ အရောင်းဝန်ထမ်းအလုပ်ကနေ အွန်လိုင်းက ဈေးရောင်းတဲ့ အလုပ်ကို ပြောင်းလဲလုပ်ဆောင်ဖို့ စကြိုးစားကြည့်ပေါ့။ ဒါကတော့ အိုးမကွာ အိမ်မကွာ အလုပ်လုပ်တဲ့ နည်းလမ်းလေးကို ဥပမာပေးတာပါ။

နောက်တစ်ခုက အိမ်မှာနေချင်တဲ့ မေမေတို့နဲ့ ကိုက်ညီတာက အကျီ င်္နဲ့ ဝတ်စုံတွေချုပ်ဖို့ပါ။ ဖက်ရှင်အမြင်ရှိတဲ့ မေမေတို့အတွက်တော့ အဆင်ပြေလှပါတယ်။ အလုပ်ခွင်က အိမ်မှာရှိတဲ့အတွက် အချိန်မရွေးထပြီး လုပ်ဆောင်ချင်လို့ ရတာကြောင့် ကလေးလည်းထိန်းရင်း အပိုဝင်ငွေလည်း ရတာပေါ့။

နောက်တစ်ခုကတော့ အကြံပေးလုပ်ငန်းတွေလုပ်ဆောင်တာဖြစ်ပါတယ်။ ဥပဒေပညာကို သင်ယူတတ်မြောက်ထားသူတွေအနေနဲ့ ကလေးမရခင်က တရားလွှတ်တော်ရှေ့နေလုပ်ဆောင်ခဲ့မယ်ဆိုရင် ကလေးရတဲ့အခါ ကုမ္ပဏီတွေအတွက် ဥပဒေအကြံပေးလုပ်ဆောင်လို့ရပါတယ်။ ဒါက အွန်လိုင်းကနေ လုပ်ဆောင်လို့ရသလို၊ အလုပ်နဲ့သက်ဆိုင်ရာနေရာတွေကို ခဏလောက်ပဲ သွားဖို့လိုတာကြောင့် ဒီလိုအလုပ်တွေက ကလေးနဲ့ အချိန်များများနေလို့ရပါတယ်။

အိုးမကွာ အိမ်မကွာမို့ အလုပ်အတွက် အချိန်ပေးရတာနည်းတယ်ဆိုပေမယ့် မေမေတို့ရဲ့ လုပ်ငန်းတွေမှာ ပရော်ဖက်ရှင်နယ်ပိုမို ပီသလာဖို့ဆိုရင်တော့ လုပ်ငန်း ကိစ္စတွေမှာ ပိုမိုကျွမ်းကျင်ဖို့ အတွက် လေ့လာမှုတွေ လုပ်ဖို့တော့ လိုအပ်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicegood tipsparentingwork


Comments

0 comments
Latest video
Refer to more useful articles