ကလေးတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ အဆင်မပြေမဖြစ်ရလေအောင်

by: Khin Nyein Lwin
 0 comments  2 love

မေမေတို့မှာ ကလေးတစ်ဖက်၊ အလုပ်ကိစ္စတွေ တစ်ဖက်နဲ့မို့ အပြင်တွေလည်း မသွားရ၊ လူမှုရေးတွေလည်း ပျက်ရ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေ မဖြစ်ရအောင် အကြံဉာဏ်တွေ ပေးမယ်နော်။

သားသားမီးမီးလေးတွေ ဖျားနာတဲ့အခါ နှစ်ဆ စိတ်ညစ်ရမှာပါ (Photo by kaddin)

မေမေတို့ရေ သားသားမီးမီးလေးေတွလည်း ဂရုစိုက်ရ၊ အလုပ်လည်း လုပ်ရ ဖြစ်နေလို့ အဆင်မပြေဖြစ်နေပြီလား။ မေမေတို့မှာ ကလေးတစ်ဖက်၊ အလုပ်ကိစ္စတွေ တစ်ဖက်နဲ့မို့ အပြင်တွေလည်း မသွားရ၊ လူမှုရေးတွေလည်း ပျက်ရ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေ မဖြစ်ရအောင် အကြံဉာဏ်ကောင်းလေးတွေ ပေးမယ်နော်။

အိမ်မှုကိစ္စတွေ လုပ်ရတယ်ဆိုရင်တစ်နေ့စာတွေကို ကြိုတင်ပြင်ဆင်ပါ

ဟင်းချက်တယ်ဆိုရင် ဟင်းတွေကို တတ်နိုင်သမျှ ဈေးသွားချိန်မှာ များများဝယ်ယူပြီး ရေခဲသေတ္တာထဲ ထည့်ထားတာမျိုး လုပ်နိုင်ပါတယ်။ ဒါဆိုရင် မေမေတို့ဈေးခဏခဏ သွားရတဲ့ အချိန် ပိုထွက်လာမှာပါ။

အိမ်မှုကိစ္စတွေ လုပ်ရတယ်ဆိုရင် တစ်နေ့စာတွေကို ကြိုတင်ပြင်ဆင်ပါ (Photo by kaddin)မေမေတို့မှာ အလုပ်လည်းလုပ်ရဆိုရင်တော့ သားသားမီးမီးလေးတွေ ဖျားနာတဲ့အခါ နှစ်ဆ စိတ်ညစ်ရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့လေးတွေ နေမကောင်းဘူးဆိုရင် မေမေက အချိန်ပြည့်အနားနေရမှာမို့ပါ။ ဒီတော့ သားသားမီးမီးလေးတွေကို နေ့တိုင်း ရေချိုးချိန်ကစလို့ အစားအစာ ကျန်းမာရေးကအစ ဂရုစိုက်ပေးပါ။ သားသားမီးမီးလေးတွေ ကျန်းမာရေး ကောင်းမွန်နေတာက မေမေ့အတွက် အပျော်ရွှင်ရဆုံး ဖြစ်မှာပါ။

အချိန်တွေကို စီမံခန့်ခွဲတာတွေ အကောင်းဆုံးဖြစ်အောင် လုပ်ပါ

မနက်ခင်းမှာ သားသားမီးမီးလေးတွေရဲ့ ကိစ္စက ပိုလုပ်ပေးရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတော့ မေမေတို့ ညတည်းက မနက်ရုံးတက်ရမယ့် အဝတ်အစားတွေကို ကြိုထုတ်ထားတာမျိုး ပြင်ဆင်ပါ။ မေမေတို့ ကလေးကိစ္စ ပြီးတာနဲ့ ကိုယ်ရုံးသွားဖို့ပြင်တဲ့အခါ မြန်အောင် ကြိုတင်လုပ်လို့ရတာမျိုးရှိရင် လုပ်ထားပါ။

အလုပ်မှာ စိတ်ချလက်ချ ဖြစ်ဖို့အတွက်ဆိုရင်တော့

အိမ်မှာ ကျန်ခဲ့တဲ့ သားသားမီးမီးလေးတွေအတွက် စိတ်အေးဖို့ လိုပါတယ်။ ဒါမှ အလုပ်တဖက်၊ ကလေးတစ်ဖက်ကြားမှာ အဆင်ပြေမှာပါ။ အိမ်မှာ သားသားမီးမီးလေးတွေကို စောင့်ကြည့်ပေးမယ့်သူ၊ စောင့်ရှောက်ပေးမယ့်သူ ကြိုတင်ရှာပါ။ ဒုတိယမေမေလိုမျိုးဖြစ်တဲ့သူဆိုရင် ပိုကောင်းပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles