အလုပ်ရှုပ်တဲ့ မေမေတွေ အဆင်ပြေစေမယ့် နည်းလမ်းများ

by: Phyo Pyae Thu
 0 comments  0 love

အသေးစိတ် အစအဆုံး လုပ်စရာမလိုတဲ့ အစားအသောက်တွေကို ရွေးချယ်ပါ။ 

မေမေတို့ရေ အလုပ်တွေအရမ်းများလို့ အိမ်မှုကိစ္စတွေလည်း မနိုင်မနင်းတွေဖြစ်၊ သားသားမီးမီးလေးတွေကိုလည်း အချိန်မပေးနိုင် ဖြစ်နေရင်တော့ အဆင်ပြေမယ့် နည်းလမ်းကောင်းလေးတွေ လိုလာပါပြီ။

လွယ်ကူရိုးရှင်းစွာပြင်ဆင်ရတဲ့ အစားအသောက်တွေကို ချက်ပြုတ်ပါ။ အသီးအရွက်တွေဆိုရင် တခါတည်း လှီးဖြတ်ပြီး အိုးထဲထည့်ခဲ့ပါ။ အလုပ်ပြန်တာနဲ့ အဆင်သင့်ချက်ရုံပဲဆိုရင် မေမေတို့ အဆင်ပြေမှာပါ။ အသေးစိတ် အစအဆုံး လုပ်စရာမလိုတဲ့ အစားအသောက်တွေကို ရွေးချယ်ပါ။

လုပ်ရမယ့် အလုပ်တွေ၊ အလုပ်ပြင်ပ လှုပ်ရှားမှုတွေ၊ မိသားစု အစီအစဉ်တွေကို ပြက္ခဒိန် ထဲမှာ မှတ်ပါ။ ဒါဟာ ဘာလုပ်ရမလဲဆိုတာ မေ့မနေအောင် ကာကွယ်ပေးမှာပါ။ အရေးအကြီးဆုံးကတော့ လုပ်စရာတွေ တဖြည်းဖြည်းချင်း လုပ်ဆောင်နိုင်ဖို့ပါပဲ။မေမေတို့ရေ ဘယ်လောက်ပဲ အလုပ်များများ ကိုယ့်ဘဝမှာ ဘယ်အရာ အရေးကြီးဆုံးလဲဆိုတာ သတိရပါ။ ချစ်တဲ့သူတွေနဲ့ အချိန်ဖြုန်းပါ။ ကလေးတွေကို ကြည့်ကာ သူတို့ပျော်ရွှင်မှုတွေကို အနီးကပ်ခံစားပါ။

ကလေးတွေကို ကြည့်ကာ သူတို့ပျော်ရွှင်မှုတွေကို အနီးကပ်ခံစားပါ။ 

ကလေးတွေအတွက် အချိန်ဖယ်ထားပါ။ တီဗွီ ကြည့်မယ့်အစား၊ သူငယ်ချင်းတွေနဲ့တွေ့မယ့်အစား သူတို့ပြောတာနားထောင်ပါ။ ကလေးအိပ်တဲ့အချိန်ကျမှ လုပ်စရာရှိတာကို ဆက်လုပ်ပါ။အိမ်မှာနေပြီး ဆော့ကစားခြင်း (သို့) အဝတ်အစားလဲပြီး ပန်းခြံအတွင်းမှာ ကစားခြင်း၊ အပင်အောက်မှာ စာအုပ်ဖတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဆော့ကစားခြင်းဟာ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ရင်းနှီးမှုကိုလည်း တိုးတက်စေပါတယ်။

မမျှော်လင့်ထားတာတွေကို ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် စိတ်ချလက်ချနေနိုင်မှာပါ။ အရေးပေါ်ကုသဆေးတွေနဲ့ အရေးကြီးပစ္စည်းတွေပါတဲ့ အရေးပေါ်အိတ်ဟာ မေမေတို့ရဲ့ အိမ်မှာ ရှိသင့်ပါတယ်။ မေမေတွေဟာ မိသားစုအတွက် အရာရာကို လုပ်ပေးနေရတဲ့ သူတွေပါပဲ။ ဒါပေမယ့် ဘဝဆိုတာ အလုပ်တွေချည်းလုပ်ရမှာ မဟုတ်ပါဘူး။ အရေးကြီးပြီး လုပ်သင့်တဲ့ အရာတွေလုပ်ခြင်းဟာလည်း တူညီစွာ အရေးပါပါတယ်။ မေမေတို့အားလုံးပဲ ကိုယ့်ရဲ့ အချိန်တွေကို စနစ်တကျ စီမံခန့်ခွဲတတ်ခြင်းဖြင့် အဆင်ပြေနိုင်ကြပါစေ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles