ကလေးမွေးပြီးနောက် လုပ်ငန်းခွင်ဆီကို တက်တက်ကြွကြွ ပြန်ဝင်ဖို့

by: Phyo Pyae Thu
 0 comments  0 love

ခွင့်ရက်မယူခင်တည်းက အရမ်းကို ပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့ အလုပ်ဆိုရင် အဆင်ပြေပေမယ့် ကိုယ်နဲ့ မပြေလည်တဲ့သူရှိနေရင်တော့ တက်ကြွဖို့အတွက် အားယူရမှာပါ။

မေမေတို့ ကလေးမွေးပြီး အလုပ်ခွင် ပြန်ဝင်တဲ့အခါ တက်တက်ကြွကြွ ဖြစ်ဖို့က နည်းနည်းတော့ အားစိုက်ရမှာပါ။ ကလေးမွေးလို့ ခွင့်ရက်မယူခင်တည်းက အရမ်းကို ပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့ အလုပ်ဆိုရင် အဆင်ပြေပေမယ့် အလုပ်ခွင်မှာ ကိုယ်နဲ့ မပြေလည်တဲ့သူရှိနေရင်တော့ တက်ကြွဖို့အတွက် အားယူရမှာပါ။ ဒီအချိန်မှာ လအနည်းငယ်လောက် ခွဲခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ရမှာမို့ ပျော်တဲ့စိတ်ရယ်၊ အိမ်က ကလေးကို စိတ်ပူစိတ်၊ သတိရစိတ်တွေနဲ့ လွန်ဆွဲနေတဲ့ အချိန်လည်း ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် အလုပ်ခွင်မှာ တက်ကြွနေဖို့တော့ လိုပါတယ်။

တက်ကြွပါ (Photo by CLEO Singapore)

အိပ်ရေးဝဝ အိပ်ပါ

အလုပ်ခွင်ထဲမှာ မေမေတို့  တက်ကြွဖို့အတွက် ညတည်းက အိပ်ယာစောစော ဝင်ပါ။ ဒါမှ မနက်ခင်း ရုံးကို စိတ်ကြည်ကြည်လင်လင် သွားနိုင်မှာ ဖြစ်သလို အလုပ်ခွင်ထဲ အိပ်ငိုက်နေပြီး ငြီးစိစိ ဖြစ်နေတာတွေလည်း ကင်းမှာပါ။ အကယ်လို့ အလုပ်ခွင်မှာ အိပ်ချင်လာတယ်၊ နည်းနည်း ပင်ပန်းလာတယ်ဆိုရင် စိတ်ဓါတ်တက်ကြွဖို့အတွက် လုပ်လို့ ရတာလေးတွေ ဖော်ပြလိုက်ပါတယ်နော်။

ခေါင်းတွေပူထူပြီး အလုပ်မှာ သိပ်အာရုံမစိုက်နိုင်တော့ဘူးဆိုရင် ဦးနှောက်ကို နောက်အလုပ်တစ်ခုမှာ ထားလိုက်ပါ (Photo by The Active Times)

လမ်းလျှောက်ပါ

မေမေတို့ အလုပ်တွေနဲ့ (၁၀) မိနစ်လောက် ခွာလိုက်ပြီး လမ်းလျှောက်ပါ။ စိတ်ငြီးစီစီ ဖြစ်တာ ပျောက်ဖို့အတွက် (၁၀) မိနစ်လောက် အလုပ်နဲ့ခွာပြီး လမ်းလျှောက်တာ၊ ခေါင်းဘီးတာတို့ လုပ်လိုက်ပါ။ အလုပ်မလုပ်ဘဲ ပျင်းနေတာထက်စာရင် (၁၀) မိနစ်လောက် အလုပ်နဲ့ ခွာလိုက်တာက ပိုကောင်းပါတယ်။

အာရုံစုစည်းမှုရစေဖို့

ခေါင်းတွေပူထူပြီး အလုပ်မှာ သိပ်အာရုံမစိုက်နိုင်တော့ဘူးဆိုရင် ဦးနှောက်ကို နောက်အလုပ်တစ်ခုမှာ ထားလိုက်ပါ။ နောက်တစ်ခုကတော့ ပေါ့ပါးပြီး လွယ်ကူတာ ဖြစ်ပါစေ။ မေမေတို့ရေ အစားစားတာကလည်း ပျော်ရွှင်စေပါတယ်။ မုန့်ပဲသရေစာလေးစားပါ။ အဆီအဆိမ့် မဖြစ်ဖို့ သတိပြုနော်။ အချဉ်ထုတ်လေး စားပါ။

လေ့ကျင့်ခန်းလုပ်ပါ

အလုပ်ချိန်က များတာမို့ လက်ချောင်းတွေ၊ ကျောရိုး အရိုးအဆစ်တွေ ညောင်းညာနိုင်ပါတယ်။ ဒါဆိုရင် ပျင်းရိလာမှာ အသေအချာပါပဲ။ လျော့တိလျော့ရဲ မထိုင်ဘဲ စနစ်တကျ ထိုင်ပါ။ ကြွက်သားများ ပြေလျော့စေဖို့ ထိုင်ခုံမှာတင် လေ့ကျင့်ခန်း လုပ်ပါ။ တည့်မတ်တဲ့ ကိုယ်နေဟန်ထားအတိုင်း နေပါ။ ဒါဆိုရင် အမြဲတက်ကြွနေမှာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles