မွေးဖွားချိန်နဲ့ မွေးပြီးချိန် သူနာပြုငှားခြင်းရဲ့ အကျိုးကျေးဇူးများ

by: Nang Htwe
 0 comments  0 love

သူနာပြုငှားတာက မေမေတို့အတွက်ကော ကလေးအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရှိစေပါတယ်

မွေးဖွားချိန်နဲ့ မွေးပြီးချိန်တွေမှာ မီးနေသည်ကို သူနာပြုက မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဂရုစိုက်ပေးပါတယ်။ သူနာပြုရဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ဂရုစိုက်တာတွေလည်း ကွာခြားပါတယ်။

သန္ဓေသားကြီးထွားမှု၊ ပုံစံအနေအထားနဲ့ ကျန်းမာရေးကို စစ်ဆေးပေးပါတယ် (Photo by iStock)

ကိုယ်ဝန်ဆောင်ချိန်မှာ သူနာပြုတွေက ဘာတွေကို ဂရုစိုက်ပေးလဲ

  • သန္ဓေသားကြီးထွားမှု၊ ပုံစံအနေအထားနဲ့ ကျန်းမာရေးကို စစ်ဆေးပေးပါတယ်။
  • ထောက်ပံ့မှုတွေနဲ့ အကြံဥာဏ်တွေ ပေးပါတယ်။
  • ဆေးရုံ၊ ဆေးခန်းသွားပြတဲ့အခါမှာလည်း ဆရာဝန်ပြောတာတွေကို မှတ်သားပေးတာ၊ ပုံမှန်စစ်ဆေးပေးတာနဲ့ စမ်းသပ်မှုတွေကို ပြုလုပ်ပေးပါတယ်။
  • မွေးဖွားဖို့ ပြင်ဆင်ပေးပါတယ်။

မွေးဖွားချိန်နဲ့ မွေးပြီးချိန်မှာ ဘာတွေကူညီပေးလဲ

မွေးဖွားချိန်

  • မှန်ကန်တဲ့ နည်းလမ်းတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အားပေးမှုတွေကို ပြုလုပ်ပေးပါတယ်။
  • ဘယ်အချိန်မွေးမယ်ဆိုတာ ကြည့်ပေးပါတယ်။
  • မွေးဖွားချိန် လွယ်ကူအဆင်ပြေစေမယ့် နည်းလမ်းတွေ ဝေမျှပေးပါတယ်။
  • စီစဉ်ပေးပါတယ်။

မွေးဖွားပြီး

  • မိခင်နို့စနစ်တကျ တိုက်နည်းတွေ ကူညီလမ်းညွှန်ပေးပါတယ်။
  • နာကျင်တာတွေ သက်သာအောင် အကူအညီပေးပါတယ်။
  • ဒိုက်ပါလဲနည်း၊ ကလေးသန့်ရှင်းရေး ပြုလုပ်နည်းတွေကို သင်ပေးပါတယ်။
  • ကလေးငယ်ရဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ အကုန်လုံးကိုလည်း စီစဉ်ပေးပါတယ်။

သူနာပြုငှားတာက မေမေတို့အတွက်ကော ကလေးအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရှိစေပါတယ် (Photo by Pregnancy & Newborn Magazine)

သူနာပြုငှားခြင်းရဲ့ အကျိုးကျေးဇူးများ

  • ခွဲမွေးတဲ့မေမေတွေ သက်တောင့်သက်သာဖြစ်ခြင်း
  • မွေးဖွားချိန် နောက်ကျတာနဲ့ ကျော်လွန်တဲ့ပြဿနာတွေ နည်းသွားခြင်း
  • ကိုယ်ဝန်ဆောင်နဲ့ မိခင်ကျန်းမာရေး အကူအညီတွေ ရရှိခြင်း
  • အန္တရာယ်တွေ နည်းသွားခြင်း
  • မွေးကင်းစ ကလေးသေဆုံးမှု နည်းသွားခြင်း
  • နာကျင်တဲ့ ဝေဒနာတွေ အမြန်သက်သာခြင်း
  • မိခင်နို့ကောင်းကောင်းတိုက်နိုင်ခြင်းနဲ့
  • စိတ်ချမ်းသာမှု ရရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

ကုန်ကျစရိတ်

သူနာပြုရဲ့ အတွေ့အကြုံနဲ့ လုပ်သက်ပေါ်မူတည်ပြီး ကုန်ကျစရိတ် ကွဲပြားသွားပါမယ်။

သူနာပြုကို ဘယ်လိုရှာမလဲ

မွေးဖွားချိန်နဲ့ မွေးပြီးချိန်မှာတော့  ဗိုက်ဗိုက်တို့ တက်တဲ့ ဆေးရုံကနေ ငှားနိုင်ပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့

  • ဆေးရုံကနေ တခါတည်း ချိတ်ပေးလိုက်တာမျိုးလည်း ရှိပါတယ်။ ကိုယ်တက်တဲ့ ဆေးရုံကို မေးပါ။
  • အွန်လိုင်းကနေ ကျွမ်းကျင်သူနာပြု ဝန်ဆောင်မှုပေးတဲ့ ကုမ္မဏီတွေကနေလည်း ဆက်သွယ်နိုင်ပါတယ်။
  • သူနာပြု အဖွဲ့အစည်းတွေကနေလည်း ဆက်သွယ်နိုင်ပါတယ်။
  • ဆိုရှယ်မီဒီယာတွေကလည်း ချိတ်နိုင်ပါတယ်။

သူနာပြုငှားတောက မေမေတို့အတွက်ကော ကလေးအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရှိစေပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: midwife


Comments

0 comments
Latest video
Refer to more useful articles
x