ကိုယ်ဝန်ပထမသုံးလ အလွန်အမင်းအန်နေချိန် ဘာတွေကိုခဏရှောင်ရမလဲ

by: Nang Htwe
 1 comments  0 love

အစားအသောက်နည်းနည်းလေး စားလိုက်ရုံနဲ့ အန်လာတာမျိုး မကြာခဏ ကြုံရတဲ့အခါ ဒီဝေဒနာကို မေမေလောင်းတို့ မနှစ်သက်ကြပါဘူး

ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ လက္ခဏာတွေထဲမှာ ပျို့အန်တာလည်း ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်သဘာဝပါပဲ။ ပျို့အန်တာတဲ့ ပြဿနာကို ကိုယ်ဝန်ဆောင်အများစု ရင်ဆိုင်ရပြီး တချို့ဗိုက်ဗိုက်လေးတွေဆိုရင် ဒီလိုအော့အန်တာကို ပြင်းပြင်းထန်ထန် ခံစားရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ လက္ခဏာတွေထဲမှာ ပျို့အန်တာလည်း ပါဝင်ပါတယ် (Photo by momlovesbest.com)

အစားအသောက်နည်းနည်းလေး စားလိုက်ရုံနဲ့ အန်လာတာမျိုး မကြာခဏ ကြုံရတဲ့အခါ ဒီဝေဒနာကို မေမေလောင်းတို့ မနှစ်သက်ကြပါဘူး။ ကိုယ်ဝန်(၃)လနောက်ပိုင်းမှာတော့ ပြန်ပြီးကောင်းမွန်သွားပါတယ်။ ဘာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာကို ရင်ဆိုင်ရတာလဲ။

ဟော်မုန်းပြောင်းလဲခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် အပြုအမူပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲလာပါတယ်။ အရင်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ အစားအသောက်တွေကို အခုချိန်မှာ မစားချင်တာမျိုး နောက်ပြီး မကြိုက်ခဲ့တဲ့ အစားအသောက်တွေကို စားချင်နေတာမျိုး အပြောင်းအလဲတွေ ကြုံရပါတယ်။ အနံ့ပြင်းတဲ့ အစားအစာတွေကို မခံနိုင်တာမျိုးလည်း ဒီအချိန်မှာ ကြုံရပါတယ်။

Morning sickness

အနံ့အသက်ပြင်းတဲ့ အစားအသောက်တွေ၊ ကိုယ်မကြိုက်တဲ့ အစားအသောက်တွေကို စားရတဲ့အခါမှာလည်း ပျို့အန်တာ ဖြစ်နိုင်ပါတယ်။ အနံ့အသက်မပြင်းထန်တဲ့ အစားအသောက်တွေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကို ရွေးချယ်စားပေးပါ။

ပြင်းထန်တဲ့ အစားအသောက်များ

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ အစားအသောက်အနည်းငယ်ကလွဲပြီး ကျန်တဲ့ အစားအစာတွေအကုန်လုံး စားနိုင်ပါတယ်။ ပျို့အန်နေချိန်မှာ ကော်ဖီ၊ လက်ဖက်ရည် သောက်သုံးတာကို ခဏရပ်ထားသင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တွေက ပျို့အန်တာကို ပိုဆိုးစေပါတယ်။

ခဏခဏ အန်တဲ့အချိန်မှာ ကော်ဖီ၊ လက်ဖက်ရည် သောက်တာကို ရပ်တန့်ထားသင့်ပါတယ် (Photo by Parents)

မိခင်နဲ့ သန္ဓေသားကို ကာကွယ်စောင့်ရှောက်ပေးခြင်း

တချို့တွေကလည်း ဒီလိုအန်တာက အစားအသောက်တွေထဲကပါတဲ့ အဆိပ်အတောက်တွေ မိခင်နဲ့ သန္ဓေသားအပေါ် မသက်ရောက်အောင် ကာကွယ်ပေးတာလို့လည်း ပြောကြပါတယ်။

ပြင်းပြင်းထန်ထန် အန်တဲ့အချိန်မှာ ဘာတွေကို ခဏရပ်ထားရမှာလဲ

  • ပူတဲ့ အစားအစာတွေနဲ့ စပ်တဲ့ အစားအစာတွေကို အခုလို အန်နေချိန်မှာ ရပ်ထားသင့်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းဓါတ်ပါတဲ့ ကော်ဖီတွေ၊ လက်ဖက်ရည်တွေကို ပမာဏ နည်းနည်းသာသောက်သင့်ပါတယ်။ အခုလို ခဏခဏ အန်တဲ့အချိန်မှာ ကော်ဖီ၊ လက်ဖက်ရည် သောက်တာကို ရပ်တန့်ထားသင့်ပါတယ်။
  • ပင်လယ်စာတွေ၊ အသားငါးတွေနဲ့ ဥတွေကို နည်းနည်ချင်းစီစားပါ။
  • အပြင်းအထန်အန်နေချိန်မှာ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အကင်တွေနဲ့ ဆီကြော်တွေကို လျှော့စားပေးပါ။
  • ကိုယ်ဝန်ပထမသုံးလက သန္ဓေသားအတွက် အလွန်အရေးကြီးတဲ့အချိန်ဖြစ်တာကြောင့် ဒီလိုပျို့အန်တာကြောင့် ဘာမှမစားတာမျိုး မလုပ်သင့်ပါဘူး။
  • နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ။ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို စားပါ။ ကိုယ်တိုင်ချက်စားပါ။

အလွန်အမင်းအန်နေချိန်မှာ အစားအသောက်တွေကို အများကြီးစားတာမျိုးမလုပ်ဘဲ နည်းနည်းချင်းစီကို ခဏခဏ စားပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x