ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန်တက်လာက မေမေခန္ဓာကိုယ်နဲ့ ဗိုက်ထဲမှာ ကလေးကြီးထွားလာနေတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ပုံမှန်တိုးလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယကိုယ်ဝန်မှာ ကိုယ်အလေးချိန်တိုးလာတာကတော့ ပထမအကြိမ်နဲ့ မတူတာကို သတိပြုမိပါလိမ့်မယ်။ ပိုမိုလေးလာသလိုခံစားရပြီး ဗိုက်ထဲကလေးလေးကိုလဲ ပထမကိုယ်ဝန်ရှိစဉ်ကထက် စောပြီး သတိထားမိနိုင်ပါတယ်။ ဒါကြောင့် ပထမကိုယ်ဝန်နဲ့ ဒုတိယကိုယ်ဝန်ကာလအတွင်း ကိုယ်အလေးချိန်တိုးရခြင်း အကြောင်းရင်းများကို Kalay မှ မျှဝေရှင်းပြပေးချင်ပါတယ်နော်။
ဒုတိယကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တိုးခြင်း- ပထမအကြိမ်နဲ့ ဘယ်လိုကွာခြားတာလဲ
တကယ်လို မေမေမှာ ဒုတိယကိုယ်ဝန်ဆောင်ထားတယ်ဆိုရင်တော့ ပထမကိုယ်ဝန်ထက် ကွဲပြားတဲ့ အရာများစွာရှိတာကို သဘောပေါက်လာပါလိမ့်မယ်။ ဒုတိယကိုယ်ဝန်တစ်လျှောက်မှာ တက်လာတဲ့တဲ့ ကိုယ်အလေးချိန်ပမာဏဟာ ပထမအကြိမ်နဲ့ အတော်လေးကွာခြားပါလိမ့်မယ်။ ကိုယ်အလေးချိန် တက်တာလဲ ပိုမြန်စေတဲ့အပြင် ဗိုက်ကလဲ အမြန်နဲ့ကို ပိုထွက်လာတတ်ပါတယ်။
ဒုတိယကိုယ်ဝန်ဆောင်ချိန်တွင် ပထမကိုယ်ဝန်ဆောင်ချိန်ထပ် ပိုပြီး အနည်းငယ်ဝနေနိုင်ပါတယ်။ ဒါ့အပြင် ကလေးမွေးပြီးတာနဲ့ ဝိတ်ချက်ချင်း ပြန်ကျဖို့လဲ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်မဆောင်ခင် ကိုယ်အလေးချိန်ကို ပြန်ရဖို့ မေမေ့ခန္ဓာကိုယ်က အချိန်ပိုကြာပါတယ်။ တကယ်လို့ မေမေက ပထမကလေး မွေးဖွားပြီး နောက်ထပ် အချိန်တိုအတွင်း ကိုယ်ဝန်ထပ်ရလာတဲ့အခါ ခန္ဓာကိုယ်က ပထမကိုယ်ဝန်ဆောင်စဉ်မှာ ရရှိလာတဲ့ တက်ထားတဲ့ ကိုယ်အလေးချိန်ကို ပြန်ချဖို့ အချိန်အလုံအလောက် ရှိနိုင်တော့မှာ မဟုတ်ပါဘူး။
ကိုယ်ဝန်ဆောင်ခြင်းမှာ အကြီးမားဆုံးပြောင်းလဲမှုတစ်ခုကတော့ ဟော်မုန်းများဖြစ်ပါတယ်။ ဟော်မုန်းများနဲ့ ဇီဝဖြစ်ပျက်မှုများက ကိုယ်ဝန်ဆောင်တဲ့အခါ အပြောင်းအလဲများစွာ ဖြစ်ပေါ်တတ်ပါတယ်။
ကိုယ်ဝန်အနေအထားမှာ ကလေးက အောက်ပိုင်းကို နိမ့်ကျနေနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ခြင်းက ဝမ်းဗိုက်ကြွက်သားများကို ဆန့်တန်းစေပြီး အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် မေမေဝမ်းဗိုက်အနေနဲ့ ကလေးကို ဒုတိယကိုယ်ဝန်ဆောင်တဲ့အခါ ကောင်းကောင်း မထောက်ပံ့နိုင်တော့တာကြောင့် သန္ဓေသားကို ဝမ်းဗိုက်အတွင်းသို့ နိမ့်ဆင်းသွားစေပါတယ်။ ဒါဟာ ပထမကိုယ်ဝန်ဆောင်နဲ့ ယှဥ◌်ရင်တော့ အသက်ရှုရတာပိုမို လွယ်ကူလာစေပါတယ်။ အသက်ရှူရ ကျပ်တာတွေ နည်းသွားတာကို မေမေခံစားရမှာပါ။
ဒါပေမယ့် ကလေးရဲ့ ဝမ်းဗိုက်ကို နိမ့်ဆင်းသွားတဲ့အတွက် ကြုံတွေ့ရနိုင်တဲ့ ပြဿနာကတော့ ပြီးခဲ့တဲ့ အကြိမ်ထက် မကြာခဏ ဆီးသွားချင်ခြင်း ဖြစ်ပါတယ်။ တင်ပါးဆုံတွင်း ဧရိယာနှင့် ဆီးအိမ်အပေါ် ဖိအားများ ပိုမိုခံစားရပြီး တင်ပါးဆုံတွင်း မသက်မသာဖြစ်စေနိုင်သည် ။ သကလေးကို ဝမ်းဗိုက်အောက်ပိုင်းကို ရောက်ရှိနေခြင်းကြောင့် နောက်ကျောကို ပိုမိုတင်းမာလာစေနိုင်ပြီး ခါးနာခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒုတိယကိုယ်ဝန်ဆောင်ချိန်မှာ ပိုမိုဂရုစိုက်ပေးဖို့ လိုပါတယ်
- ကျန်းမာရေးနှင့် မညီညွတ်တဲ့ အစားအစာကို မစားပါနဲ့။
- ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပြီး တတ်နိုင်သမျှ အိမ်မှာစားပါ။
- ဆရာဝန်က ညွန်ကြားထားတဲ့ လေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်ပါ။
- မောပန်းနွမ်းနယ်နေပါက အမြန်လမ်းလျှောက်ပါ။
- လေးလံတဲ့ ဘယ်အရာကို မမပါနဲ့။ ဖြတ်ခနဲ ကုန်းမကောက်ပါနဲ့။
- တကယ်လို့ ကုန်းပြီး တခုခုကောက်ရမယ်ဆိုရင် ဒူးကိုအရင်ဆုံး ကွေးပြီးမှ ကောက်ပါနော်။
ပြောပြခဲ့တဲ့ အချက်လေးတွေကတော့ ဒုတိယကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ လိုက်နာသင့်တဲ့ အချက်လေးတွေ ဖြစ်တာမို့ မေမေတို့အနေနဲ့ ဂရုစိုက်ပြီး နေထိုင်ပေးပါလို့ ပြောချင်ပါတယ်နော်။
Comments